မိန်းကလေးတွေအတွက် ညပိုင်းအသားရေထိန်းသိမ်းနည်

မိန်းကလေးတွေအတွက် ညပိုင်းအသားရေထိန်းသိမ်းနည်း

အသားရေထိန်းသိမ်းရတာကြိုက်တဲ့သူတွေအနေနဲ့ ညပိုင်းမှာ အသားရေထိန်းသိမ်းပေးရင် ပိုကောင်းပါတယ်။

ကျွန်မတို့ရဲ့အရေပြားဆဲလ်တွေက ညနေပိုင်းမှာ ပြန်လည်ပေါက်ဖွားလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ညပိုင်းမှာ အသားရေထိန်းသိမ်းမှုမလုပ်ဘူးဆိုရင် ဝက်ခြံပေါက်လွယ်တဲ့အသားရေဖြစ်လာတာအပြင်

အရွယ်မတိုင်ခင် အရေးအကြောင်းတွေပေါ်လာပြီး အိုမင်းရင့်ရော်မှုတွေလည်းဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ညပိုင်းမှာ အသားရေ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို အနည်းငယ်ပြောပြပေးချင်ပါတယ်။

မျက်နှာသန့်စင်ပေးပါ

ညတိုင်း အသားရေထိန်းသိမ်းဖို့အတွက် ပထမဆုံးလုပ်ပေးရမယ့်အဆင့်ကတော့ မျက်နှာသန့်စင်ပေးဖို့ပါပဲ။

ဒီအဆင့်ကတော့ မဖြစ်မနေလုပ်ရမယ့်အရာပါ။

ဝက်ခြံဘတ်တီးရီးယားပိုးမွှားပျံ့နှံ့မှုကို လျော့ချပေးတဲ့အပြင် အခြားအသားရေထိန်းသိမ်းတဲ့ပစ္စည်းတွေကို

လိမ်းတဲ့အခါမှာလည်း သင့်မျက်နှာကို သန့်စင်နေစေမှာဖြစ်ပါတယ်။

ညနေခင်းမှာလည်း မျက်နှာသန့်စင်ပါ

ညဘက်မှာ မျက်နှာမသန့်စင်ချင်ဘူးဆိုရင်တော့ ညနေပိုင်းမှာ စောစောမျက်နှာသန့်စင်ပေးလို့ရပါတယ်။

ညပိုင်းအသားရေထိန်းသိမ်းမယ့်ထုတ်ကုန်တွေနဲ့အတူ သေချာလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

Moisturiser လိမ်းဖို့ ဘယ်တော့မှ မမေ့ပါနဲ့

မျက်နှာသစ်ပြီးတဲ့အခါ အသားရေထိန်းသိမ်းတဲ့ထုတ်ကုန်တွေ မလိမ်းဘူးဆိုရင် အသားရေခြောက်သွေ့တာတွေဖြစ်လာနိုင်ပါတယ်။

အသားရေမွဲခြောက်ခြောက်ဖြစ်နိုင်တာကြောင့် ညပိုင်းမျက်နှာသစ်ပြီးရင် Moisturiser ကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။

အသားရေအတွက်ကောင်းတဲ့ပါဝင်ပစ္စည်းနဲ့ ထုတ်ကုန်တွေကို အသုံးပြုပါ

ညပိုင်းမှာ သင့်အသားရေက ပြန်လည်အားဖြည့်နေတာဖြစ်တဲ့အတွက် အသားရေကို ထိန်းသိမ်းပေးနိုင်စွမ်းရှိတဲ့ ထုတ်ကုန်တွေကို အသုံးပြုပေးသင့်ပါတယ်။

ခေါင်းအုံးစွပ်ကို ပုံမှန်လဲပေးပါ

ဘတ်တီးရီးယားနဲ့အဆီတွေက သင် အိပ်စက်တဲ့အခါ အသားရေမှာ လာထိတွေ့နိုင်ပါတယ်။

ဒါကြောင့် ညပိုင်းအိပ်စက်တဲ့အခါ ခေါင်းအုံးစွပ်သန့်စင်နေဖို့ အရေးကြီးပါတယ်။

သန့်ရှင်းတဲ့ခေါင်းအုံးစွပ်ဖြစ်နေဖို့ ပုံမှန်လဲပေးသင့်ပါတယ်။

ကလေးသုံးမျက်နှာသုတ်ပုဝါကို အသုံးပြုပါ

အသားရေနူးညံ့တဲ့သူတွေက ကလေးသုံးမျက်နှာသုတ်ပုဝါကို အသုံးပြုသင့်ပါတယ်။

သင့်အသားရေက အလွယ်တကူမထိခိုက်နိုင်ရင်တောင် အသားရေကို ကြမ်းကြမ်းတမ်းတမ်းမလုပ်သင့်ပါဘူး။

နူးညံ့တဲ့မျက်နှာသုတ်ပုဝါနဲ့ မျက်နှာကို ဖြည်းဖြည်းသာသာလေး သုတ်ပေးတာအကောင်းဆုံးပါပဲ။

အိပ်ရေဝဝအိပ်စက်ပါ

အသားရေကြည်လင်စိုပြေစေဖို့ဆိုရင် တစ်နေ့ကို (၈) နာရီအပြည့် အိပ်စက်ပေးပါ။

အိပ်ရေပျက်မယ်ဆိုရင် သင့်အသားရေကို မွဲခြောက်ခြောက်ဖြစ်လာစေပြီး ကြည်လင်စိုပြေမှုမရှိဖြစ်လာစေမှာပါ။

Ref: Nighttime skin care tips

Credit – WL (ရိုးရာလေး)

Zawgyi ဖြင့်ဖတ်ပါ

Leave a Comment