“ပထမဦးဆုံး ႐ိုက္ခြင့္ရတဲ့ ႐ုပ္ရွင္ကားကို သြား႐ိုက္ဖို႔ လမ္းစားရိတ္မရွိခဲ့တဲ့ ေက်ာ္ဟိန္းအတြက္ ကယ္တင္ရွင္ျဖစ္ခဲ့သူ”
Unicode
ရုပ်ရှင်မင်းသား(ဦး)ကျော်ဟိန်းငယ်ငယ်ကနေခဲ့တဲ့စမ်းချောင်းကသူ့မိဘအိမ်ရောက်ဖူးတယ်။ရှာကြံကြွားတာမဟုတ်ဘူး။ထူးဆန်းတာတခုမြင်ခဲ့ရလို့ပါ။
ကျွန်တော့်ကြီးတော်ကရုပ်ရှင်ကန်ထရိုက်တာလုပ်ခဲ့တယ်။၁၉၇၈ ခုနှစ်ရုံတင်ခဲ့တဲ့ကျော်ဟိန်းနာမည်ကြီးအကယ်ဒမီရုပ်ရှင် ” တဦးကစေတနာတဦးကမေတ္တာ ” ရုပ်ရှင်ကားကိုရန်ကုန်မြို့ပတ်ရုံတွေမှာပြသဖို့ကန်ထရိုက်ဆွဲခဲ့တုံးပါ။
” တဦးကစေတနာတဦးကမေတ္တာ “ဒါရိုက်တာဦးသုခပါ။ရုပ်ရှင်ဒါရိုက်တာကြီးဦးသုခဇနီးနဲ့ကျွန်တော့်ကြီးတော်ရင်းနှီးပြီးရုပ်ရှင်ကားကန်ထရိုက်တာလုပ်ငန်းခဏလုပ်ခဲ့သေးတယ်။
ရုပ်ရှင်ကားကိစ္စနဲ့မင်းသားကျော်ဟိန်းညီမ (ဒေါ်ဘေဘီ) နဲ့လူကြီးတွေကျော်ဟိန်းမိဘအိမ်စမ်းချောင်းမှာသွားတွေ့တာရောယောင်ပါသွားခဲ့တယ်။
စမ်းချောင်းရှေးခေတ်ပျဉ်ထောင်အိမ်ပုလေး၊ရေနံချေးသုတ်ထားတဲ့ပျဉ်ပြားနံရံမှာထူးထူးခြားခြားအသုဘရှု့ယပ်တောင်တခုကပ်ထားပြီးအောက်မှာစာရေးထားတယ်။
ဒေါ်…….. နေ့……ကွယ်လွန်သည်။
မာမီ………… သတိရတယ်။
ယပ်တောင်အောက်မှာသားသမီးနာမည်တန်းစီရေးပြီးမိခင်သေဆုံးတဲ့နေ့စွဲရေးထားတယ်။ ကျော်ဟိန်းတို့မောင်နှမတွေသူတို့မိခင်ဒေါ်ချိုချိုနာရေးယပ်တောင်ကိုဧည့်ခန်းထဲကပ်ထားတာထူးထူးခြားခြားမြင်ခဲ့ရတာမှတ်မိနေတယ်။
ရုပ်ရှင်မင်းသားကျော်ဟိန်းနာမည်ကျော်ကြားမှုနဲ့အတူနူတ်ခမ်းမွေးကားကားကြီးနဲ့သူ့ညီဇော်ဇော်ကိုကားကောင်းကြီးတစီးနဲ့ရန်ကင်းမှာမကြာခဏတွေ့ခဲ့တယ်။
ကျွန်တော်တို့ခေတ်ဆူပါစတားရုပ်ရှင်မင်းသားပြောပါဆိုရင် “ ကျော်ဟိန်း ” ထိပ်ဆုံးပါ။ရုပ်ရှင်မင်းသားကြီးကျော်ဟိန်းအကြောင်းရေးဖွဲ့ထားတဲ့များပြားလှတဲ့
မဂ္ဂဇင်းဂျာနယ်ထဲမှာဖတ်မိသမျှထဲကဒီနေ့အထိမမေ့နိုင်တဲ့ဆောင်းပါးတပုဒ်ရှိခဲ့တယ်။မှတ်မိသလိုပြန်ရေးပြပါ့မယ်။
မန္တလေးရိုက်ကွင်းကိုဘယ်နေ့အရောက်ကိုယ့်စားရိတ်နဲ့ကိုယ်လိုက်ချင်လိုက်ခဲ့မင်းသားပေါက်စကျော်ဟိန်းကိုရှုတင်မန်နေဂျာမှာထားတယ်။
မန္တလေးသွားဖို့ခရီးစားရိတ်မရှိတဲ့မင်းသားရူးကျော်ဟိန်းဟာမန္တလေးရိုက်ကွင်းကိုသတ်မှတ်ချိန်အမှီရောက်နိုင်ဖို့ရန်ကုန်ဘူတာကြီးမှာညရထားထွက်ခါနီးယောင်ပေပေလုပ်နေတယ်။
လက်မှတ်ရုံမှာရထားလက်မှတ်လက်ကျန်ဆက်ရောင်းပေးနေပါတယ်။ဒါပေမယ့်သူ့မှာရထားလက်မှတ်ဝယ်စရာပိုက်ဆံမရှိပါဘူး။သူ့အကောင်းဆုံး
အဝတ်အစားကိုခရီးဆောင်အိပ်ထဲထည့်လွယ်ထားပြီးကျော်ဟိန်းဟာ ရန်ကုန်ဘူတာမှာတဝဲလည်လည်ဖြစ်နေခဲ့တယ်။
ညနေ ၆ နာရီထွက်မယ့် ဒဂုံ – မန်း
အမြန်ရထားတွဲထိုးထားတာသံဇကာအပြင်ကလှမ်းမြင်နေရပြီ။ပိုက်ဆံချေးမယ့်သူရှိရင်ရထားလက်မှတ်ပြေးဝယ်ပြီးရထားပေါ်ကျော်ဟိန်းချက်ခြင်းပြေးတက်မလို့ပါ။
ရထားဥဩတချက်ဆွဲပါပြီ။မင်းသားပေါက်စကျော်ဟိန်းချွေးပြန်နေပါပြီ။မန္တလေးညအမြန်ရထားလွတ်သွားရင်မန္တလေးမနက်ရှုတင်ကိုမမှီနိုင်တော့ဘူး။ဒါဆိုရုပ်ရှင်ရိုက်ရမယ့်အခွင့်အရေးဆုံးရှုံးမှာရုပ်ရှင်ရူးကျော်ဟိန်း စိတ်ပူနေတယ်။
ကံကြမ္မာကမင်းသားကျော်ဟိန်းကိုဖေးကူခဲ့ပါတယ်။ဒဂုံ-မန်း ညအမြန်ရထားအထက်တန်းတွဲထဲထိုင်နေတဲ့မင်းသမီးစံရှားတင်က။
“ ဟဲ့…ဟိုဟာ…ဖိုးကျော်မဟုတ်လား………ရထားထွက်တော့မယ်….သွားခေါ်လိုက်လေ…… ”
ကျော်ဟိန်းရထားတွဲနားရောက်လာပြီး။
“ ဟုတ်တယ်…မစံ ….ကျွန်တော့်ရထားလက်မှတ်ဖိုးမရှိလို့မနက်မန္တလေးရှုတင်အချိန်မှီမသွားနိုင်တော့ဘူး၊ဇတ်ရံလုပ်ရမယ့်အခွင့်အရေးမရတော့ပါဘူးဗျာ…။
ခရီးဆောင်စလွယ်သိုင်းထားပြီး မျက်နာကချွေးကိုလက်မောင်းနဲ့သုတ်ရင်းကျော်ဟိန်းစိတ်ပျက်တဲ့အသံနဲ့ရထားပြုတင်းပေါက်နားထိုင်နေတဲ့မင်းသမီးစံရှားတင်ကိုရထားတွဲဘေးကတလုံးခြင်းပီပီသသပြောလိုက်တယ်။
ဖိုးကျော်ရဲ့ကံကြမ္မာကနိုင်ငံကျော်မင်းသားကြီးကျော်ဟိန်းဖြစ်စေခဲ့ပါတယ်။မင်းသမီးဒေါ်စံရှားတင်ကဖိုးကျော် (ကျော်ဟိန်း)ကိုစားရိတ်ခံပြီးမန္တလေးကိုညရထားနဲ့ခေါ်သွားခဲ့ပါတယ်။
ဒါကြောင့်မန္တလေးမနက်ရိုက်ကွင်းရှုတင်ကိုဇတ်ရံမင်းသားပေါက်စ ကျော်ဟိန်းအချိန်မှီရောက်ရှိနိုင်ခဲ့လို့ ” ကျော်ဟိန်း ” ဖြစ်စေခဲ့တယ်။
မြတ်စွာဘုရားဟောကြားထားတဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော်အတိုင်းအကြောင်းရှိလို့အကျိုးဖြစ်လာတာပါ။အကျိုးရှိလို့အကြောင်းဖြစ်လာတာပါ။
လွင်ဦး(ရန်ကင်း)
Zawgyi
႐ုပ္ရွင္မင္းသား(ဦး)ေက်ာ္ဟိန္းငယ္ငယ္ကေနခဲ့တဲ့စမ္းေခ်ာင္းကသူ႔မိဘအိမ္ေရာက္ဖူးတယ္။ရွာႀကံႂကြားတာမဟုတ္ဘူး။ထူးဆန္းတာတခုျမင္ခဲ့ရလို႔ပါ။
ကြၽန္ေတာ့္ႀကီးေတာ္က႐ုပ္ရွင္ကန္ထ႐ိုက္တာလုပ္ခဲ့တယ္။၁၉၇၈ ခုႏွစ္႐ုံတင္ခဲ့တဲ့ေက်ာ္ဟိန္းနာမည္ႀကီးအကယ္ဒမီ႐ုပ္ရွင္ ” တဦးကေစတနာတဦးကေမတၱာ ” ႐ုပ္ရွင္ကားကိုရန္ကုန္ၿမိဳ႕ပတ္႐ုံေတြမွာျပသဖို႔ကန္ထ႐ိုက္ဆြဲခဲ့တုံးပါ။
” တဦးကေစတနာတဦးကေမတၱာ “ဒါ႐ိုက္တာဦးသုခပါ။႐ုပ္ရွင္ဒါ႐ိုက္တာႀကီးဦးသုခဇနီးနဲ႔ကြၽန္ေတာ့္ႀကီးေတာ္ရင္းႏွီးၿပီး႐ုပ္ရွင္ကားကန္ထ႐ိုက္တာလုပ္ငန္းခဏလုပ္ခဲ့ေသးတယ္။
႐ုပ္ရွင္ကားကိစၥနဲ႔မင္းသားေက်ာ္ဟိန္းညီမ (ေဒၚေဘဘီ) နဲ႔လူႀကီးေတြေက်ာ္ဟိန္းမိဘအိမ္စမ္းေခ်ာင္းမွာသြားေတြ႕တာေရာေယာင္ပါသြားခဲ့တယ္။
စမ္းေခ်ာင္းေရွးေခတ္ပ်ဥ္ေထာင္အိမ္ပုေလး၊ေရနံေခ်းသုတ္ထားတဲ့ပ်ဥ္ျပားနံရံမွာထူးထူးျခားျခားအသုဘရႈ႕ယပ္ေတာင္တခုကပ္ထားၿပီးေအာက္မွာစာေရးထားတယ္။
ေဒၚ…….. ေန႔……ကြယ္လြန္သည္။
မာမီ………… သတိရတယ္။
ယပ္ေတာင္ေအာက္မွာသားသမီးနာမည္တန္းစီေရးၿပီးမိခင္ေသဆုံးတဲ့ေန႔စြဲေရးထားတယ္။ ေက်ာ္ဟိန္းတို႔ေမာင္ႏွမေတြသူတို႔မိခင္ေဒၚခ်ိဳခ်ိဳနာေရးယပ္ေတာင္ကိုဧည့္ခန္းထဲကပ္ထားတာထူးထူးျခားျခားျမင္ခဲ့ရတာမွတ္မိေနတယ္။
႐ုပ္ရွင္မင္းသားေက်ာ္ဟိန္းနာမည္ေက်ာ္ၾကားမႈနဲ႔အတူႏူတ္ခမ္းေမြးကားကားႀကီးနဲ႔သူ႔ညီေဇာ္ေဇာ္ကိုကားေကာင္းႀကီးတစီးနဲ႔ရန္ကင္းမွာမၾကာခဏေတြ႕ခဲ့တယ္။
ကြၽန္ေတာ္တို႔ေခတ္ဆူပါစတား႐ုပ္ရွင္မင္းသားေျပာပါဆိုရင္ “ ေက်ာ္ဟိန္း ” ထိပ္ဆုံးပါ။႐ုပ္ရွင္မင္းသားႀကီးေက်ာ္ဟိန္းအေၾကာင္းေရးဖြဲ႕ထားတဲ့မ်ားျပားလွတဲ့
မဂၢဇင္းဂ်ာနယ္ထဲမွာဖတ္မိသမွ်ထဲကဒီေန႔အထိမေမ့ႏိုင္တဲ့ေဆာင္းပါးတပုဒ္ရွိခဲ့တယ္။မွတ္မိသလိုျပန္ေရးျပပါ့မယ္။
မႏၲေလး႐ိုက္ကြင္းကိုဘယ္ေန႔အေရာက္ကိုယ့္စားရိတ္နဲ႔ကိုယ္လိုက္ခ်င္လိုက္ခဲ့မင္းသားေပါက္စေက်ာ္ဟိန္းကိုရႈတင္မန္ေနဂ်ာမွာထားတယ္။
မႏၲေလးသြားဖို႔ခရီးစားရိတ္မရွိတဲ့မင္းသား႐ူးေက်ာ္ဟိန္းဟာမႏၲေလး႐ိုက္ကြင္းကိုသတ္မွတ္ခ်ိန္အမွီေရာက္ႏိုင္ဖို႔ရန္ကုန္ဘူတာႀကီးမွာညရထားထြက္ခါနီးေယာင္ေပေပလုပ္ေနတယ္။
လက္မွတ္႐ုံမွာရထားလက္မွတ္လက္က်န္ဆက္ေရာင္းေပးေနပါတယ္။ဒါေပမယ့္သူ႔မွာရထားလက္မွတ္ဝယ္စရာပိုက္ဆံမရွိပါဘူး။သူ႔အေကာင္းဆုံး
အဝတ္အစားကိုခရီးေဆာင္အိပ္ထဲထည့္လြယ္ထားၿပီးေက်ာ္ဟိန္းဟာ ရန္ကုန္ဘူတာမွာတဝဲလည္လည္ျဖစ္ေနခဲ့တယ္။
ညေန ၆ နာရီထြက္မယ့္ ဒဂုံ – မန္း
အျမန္ရထားတြဲထိုးထားတာသံဇကာအျပင္ကလွမ္းျမင္ေနရၿပီ။ပိုက္ဆံေခ်းမယ့္သူရွိရင္ရထားလက္မွတ္ေျပးဝယ္ၿပီးရထားေပၚေက်ာ္ဟိန္းခ်က္ျခင္းေျပးတက္မလို႔ပါ။
ရထားဥဩတခ်က္ဆြဲပါၿပီ။မင္းသားေပါက္စေက်ာ္ဟိန္းေခြၽးျပန္ေနပါၿပီ။မႏၲေလးညအျမန္ရထားလြတ္သြားရင္မႏၲေလးမနက္ရႈတင္ကိုမမွီႏိုင္ေတာ့ဘူး။ဒါဆို႐ုပ္ရွင္႐ိုက္ရမယ့္အခြင့္အေရးဆုံးရႈံးမွာ႐ုပ္ရွင္႐ူးေက်ာ္ဟိန္း စိတ္ပူေနတယ္။
ကံၾကမၼာကမင္းသားေက်ာ္ဟိန္းကိုေဖးကူခဲ့ပါတယ္။ဒဂုံ-မန္း ညအျမန္ရထားအထက္တန္းတြဲထဲထိုင္ေနတဲ့မင္းသမီးစံရွားတင္က။
“ ဟဲ့…ဟိုဟာ…ဖိုးေက်ာ္မဟုတ္လား………ရထားထြက္ေတာ့မယ္….သြားေခၚလိုက္ေလ…… ”
ေက်ာ္ဟိန္းရထားတြဲနားေရာက္လာၿပီး။
“ ဟုတ္တယ္…မစံ ….ကြၽန္ေတာ့္ရထားလက္မွတ္ဖိုးမရွိလို႔မနက္မႏၲေလးရႈတင္အခ်ိန္မွီမသြားႏိုင္ေတာ့ဘူး၊ဇတ္ရံလုပ္ရမယ့္အခြင့္အေရးမရေတာ့ပါဘူးဗ်ာ…။
ခရီးေဆာင္စလြယ္သိုင္းထားၿပီး မ်က္နာကေခြၽးကိုလက္ေမာင္းနဲ႔သုတ္ရင္းေက်ာ္ဟိန္းစိတ္ပ်က္တဲ့အသံနဲ႔ရထားျပဳတင္းေပါက္နားထိုင္ေနတဲ့မင္းသမီးစံရွားတင္ကိုရထားတြဲေဘးကတလုံးျခင္းပီပီသသေျပာလိုက္တယ္။
ဖိုးေက်ာ္ရဲ႕ကံၾကမၼာကႏိုင္ငံေက်ာ္မင္းသားႀကီးေက်ာ္ဟိန္းျဖစ္ေစခဲ့ပါတယ္။မင္းသမီးေဒၚစံရွားတင္ကဖိုးေက်ာ္ (ေက်ာ္ဟိန္း)ကိုစားရိတ္ခံၿပီးမႏၲေလးကိုညရထားနဲ႔ေခၚသြားခဲ့ပါတယ္။
ဒါေၾကာင့္မႏၲေလးမနက္႐ိုက္ကြင္းရႈတင္ကိုဇတ္ရံမင္းသားေပါက္စ ေက်ာ္ဟိန္းအခ်ိန္မွီေရာက္ရွိႏိုင္ခဲ့လို႔ ” ေက်ာ္ဟိန္း ” ျဖစ္ေစခဲ့တယ္။
ျမတ္စြာဘုရားေဟာၾကားထားတဲ့ ပဋိစၥသမုပၸါဒ္တရားေတာ္အတိုင္းအေၾကာင္းရွိလို႔အက်ိဳးျဖစ္လာတာပါ။အက်ိဳးရွိလို႔အေၾကာင္းျဖစ္လာတာပါ။
လြင္ဦး(ရန္ကင္း)