သံပုယိုသီးကို ရေနွေးနဲ့ကျိုပြီးသောက်တဲ့အခါ
ရှေးဂျာမန်လူမျိုးတွေဟာ Atherosclerosis လို့ခေါ်တဲ့ သွေးကြောတွေမာခဲပိတ်ဆို့လာလို့ သွေးမလျှောက်တဲ့ရောဂါ၊ အအေးမိတာ၊ ရောဂါပိုးအလွယ်တကူကူးစက်တာ၊
ကိုလက်စထရောမြင့်မားတာတွေအတွက် ရိုးရာဆေးတစ်မျိုးအဖြစ် မှီဝဲခဲ့ကြပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အသည်းကို သန့်စင်ပေးပါတယ်။
ပါဝင်ပစ္စည်း
အော်ဂဲလ်နစ် သံပုယိုသီး ၄ လုံး (အခွံပါ )
ဂျင်းအမြစ် တစ်ခု (သို့) တောက်တောက်ဆင်းထားတဲ့ ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူဥ ၄ ဥ
ရေ ၂ လီတာ
ပြင်ဆင်ခြင်း
သံပုယိုသီးကို ရေဆေးပြီး ၅ ခြမ်းလောက်ခြမ်းလိုက်ပါ။
ကြက်သွန်ဖြူကို အခွံနွှာပါ။
သံပုယိုသီး ဂျင်းနဲ့ ကြက်သွန်ဖြူကို Blender (ဖျော်စက်) ထဲထည့်ပြီး ဖျော်စက်ကိုမွှေလိုက်ပါ။
ပြီးရင်အိုးတစ်လုံးထဲကို ရလာတဲ့ဖျော်ရည်ကိုထည့်ပါ။ရေလောင်းထည့်ပြီး အိုးကို ရေနွေးဆူလာတဲ့ထိ မွှေပေးပါ။
ဆူလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။
ဇကာထဲထည့်ပြီး ဆစ်လိုက်ပါ။ ဆစ်လို့ရလာတဲ့ အရည်ကို ခွက်ထဲထည့်ပါ။ တကယ်လို့ သောက်ရတာ အရသာပြင်းနေရင် ပျားရည်ထည့်ပြီးသောက်ပေးပါ။
သောက်သုံးခြင်း
မနက်စာမစားခင် အဲဒီအရည်ကို ဖန်ခွက်တစ်ခွက်သောက်ပါ။ အဲဒီလို ၃ ပတ်ဆက်တိုက်လုပ်ပေးပါ။ ပြီးရင်တစ်ပတ်နားပါ။ နောက်ထပ် ၃ ပတ်ထပ်လုပ်ပါ။
Credit – myhealthmyanmar
Zawgyi ဖြင့်ဖတ်ပါ
သံပုယိုသီးကို ရနှေေးနဲ့ကြိုပွီးသောကျတဲ့အခါ
ပါဝင်ပစ္စည်း
အောျဂဲလျနဈ သံပုယိုသီး ၄ လုံး (အခှံပါ )
ကြက်သွန်ဖြဴဥ ၄ ဥ
ရေ ၂ လီတာ
ပြင်ဆင်ခြင်း
ကြက်သွန်ဖြဴကို အခွံႏွွာပါ။
Credit – myhealthmyanmar