ရေပေါ်ဆီပေါ်ပင် အနုပညာရှင်တွေကြားမှာ ရပ်တည်ချက်တွေခိုင်မာနေဆဲ ပြည်သူ့မင်းသား ခါရာ

ရေပေါ်ဆီပေါ်ပင် အနုပညာရှင်တွေကြားမှာ ရပ်တည်ချက်တွေခိုင်မာနေဆဲ ပြည်သူ့မင်းသား ခါရာ

ဆွဲဆောင်မှု့ရှိတဲ့ ဓာတ်ပုံလေးတွေကြောင့် မိန်းကလေးပရိသတ်တွေကြား နာမည်ကြီးကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မော်ဒယ်မင်းသားချော ခါရာကိုတော့ အားလုံးပဲ

မှတ်မိကြမယ်ထင်ပါတယ်။ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီးတော့ နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ဦးအဖြစ်လဲ

ရပ်တည်လာနိုင်ခဲ့ပါတယ်။ ခါရာ ပါဝင်သရုပ်‌ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေဟာလဲ ပရိသတ်တွေကြား အတော်လေးနာမည်ကြီးခဲ့ပြီး အောင်မြင်ခဲ့တာပါ။

အောင်မြင်မှု့တွေတောက်လျှောက်ရရှိနေတဲ့ ခါရာ ကတော့ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပေါ်ခဲ့ပြီးနောက် အနုပညာလှုပ်ရှားမှု့တွေ အားလုံးကို

ရပ်တန့်ခဲ့ပါတယ် ။ ခါရာ ဟာ ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ပြီး အခြားသောအမှန်တရားကိုချစ်တဲ့ အနုပညာရှင်တွေနဲ့အတူ ပြတ်ပြတ်သားသားရပ်တည်ခဲ့ပါတယ်။

ဒီလိုရပ်တည်ခဲ့တာကြောင့်လဲ စစ်ကောင်စီဘက်ကနေ တရားစွဲဆိုခဲ့တာကိုခံခဲ့ရပြီးတော့ ‌ဘေးကင်းရာကို အချိန်မှီတိမ်းရှောင်ခဲ့ရပါတယ်။ ခါရာ ဟာ တိမ်းရှောင်နေစဥ်

ကာလအတွင်း အခြားအနုပညာရှင်တွေလို လွတ်မြောက်နယ်မြေကို သွားရောက်ပြီး လက်နက်ကိုင်တိုက်ပွဲမဝင်ပေမယ့် တတ်နိုင်တဲ့ဘက်ကနေ တွန်းလှန်နေတာပါ ။

ဒါအပြင် တော်လှန်‌ရေးအစမှာ အားကြိုးမာန်တတ်ပါဝင်ခဲ့ကြပြီး နောက်ပိုင်းမှာသွေးအေးသွားတဲ့ အနုပညာရှင်တွေကဲ့သို့ အနုပညာအလုပ်တွေကို မလုပ်ကိုင်ပဲ

လူမှု့ကွန်ယက်ပေါ်ကနေပါ ပျောက်ဆုံးနေတာပါ ။ ဒီလိုအမှန်တရားဘက်တော်သားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ခါရာ ကတော့ လက်ရှိမှာဘေးကင်းတဲ့နေရာကို

ရောက်ရှိနေပါပြီ ။ မင်းသား ခါရာ ကတော့ ပရိသတ်တွေအားလုံးနဲ့ မိသားစုကို အမြဲတမ်းသတိရပြီးတော့ လက်ရှိမှာ ယုံကြည်ချက်တွေ ဆက်လက် ခိုင်မာနေဆဲပဲလို့ ‌လူမှု့ကွန်ယက်မှာ ရေးသားထားပါတယ် ။

 

Zawgyi

ေရေပၚဆီေပၚပင္ အႏုပညာရွင္ေတြၾကားမွာ ရပ္တည္ခ်က္ေတြခိုင္မာေနဆဲ ျပည္သူ႔မင္းသား ခါရာ

ဆြဲေဆာင္မႈ႕ရွိတဲ့ ဓာတ္ပုံေလးေတြေၾကာင့္ မိန္းကေလးပရိသတ္ေတြၾကား နာမည္ႀကီးေက်ာ္ၾကားခဲ့တဲ့ သ႐ုပ္ေဆာင္ ေမာ္ဒယ္မင္းသားေခ်ာ ခါရာကိုေတာ့ အားလုံးပဲ

မွတ္မိၾကမယ္ထင္ပါတယ္။ ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ခဲ့ၿပီးေတာ့ ေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္တစ္ဦးအျဖစ္လဲ

ရပ္တည္လာႏိုင္ခဲ့ပါတယ္။ ခါရာ ပါဝင္သ႐ုပ္‌ေဆာင္ခဲ့တဲ့ ဇာတ္လမ္းတြဲေတြဟာလဲ ပရိသတ္ေတြၾကား အေတာ္ေလးနာမည္ႀကီးခဲ့ၿပီး ေအာင္ျမင္ခဲ့တာပါ။

ေအာင္ျမင္မႈ႕ေတြေတာက္ေလွ်ာက္ရရွိေနတဲ့ ခါရာ ကေတာ့ ျမန္မာႏိုင္ငံရဲ႕ စစ္အာဏာသိမ္းခဲ့တဲ့ ျဖစ္စဥ္ျဖစ္ေပၚခဲ့ၿပီးေနာက္ အႏုပညာလႈပ္ရွားမႈ႕ေတြ အားလုံးကို

ရပ္တန႔္ခဲ့ပါတယ္ ။ ခါရာ ဟာ ျပည္သူေတြနဲ႔အတူ လမ္းမေပၚထြက္ဆႏၵထုတ္ေဖာ္ခဲ့ၿပီး အျခားေသာအမွန္တရားကိုခ်စ္တဲ့ အႏုပညာရွင္ေတြနဲ႔အတူ ျပတ္ျပတ္သားသားရပ္တည္ခဲ့ပါတယ္။

ဒီလိုရပ္တည္ခဲ့တာေၾကာင့္လဲ စစ္ေကာင္စီဘက္ကေန တရားစြဲဆိုခဲ့တာကိုခံခဲ့ရၿပီးေတာ့ ‌ေဘးကင္းရာကို အခ်ိန္မွီတိမ္းေရွာင္ခဲ့ရပါတယ္။ ခါရာ ဟာ တိမ္းေရွာင္ေနစဥ္

ကာလအတြင္း အျခားအႏုပညာရွင္ေတြလို လြတ္ေျမာက္နယ္ေျမကို သြားေရာက္ၿပီး လက္နက္ကိုင္တိုက္ပြဲမဝင္ေပမယ့္ တတ္ႏိုင္တဲ့ဘက္ကေန တြန္းလွန္ေနတာပါ ။

ဒါအျပင္ ေတာ္လွန္‌ေရးအစမွာ အားႀကိဳးမာန္တတ္ပါဝင္ခဲ့ၾကၿပီး ေနာက္ပိုင္းမွာေသြးေအးသြားတဲ့ အႏုပညာရွင္ေတြကဲ့သို႔ အႏုပညာအလုပ္ေတြကို မလုပ္ကိုင္ပဲ

လူမႈ႕ကြန္ယက္ေပၚကေနပါ ေပ်ာက္ဆုံးေနတာပါ ။ ဒီလိုအမွန္တရားဘက္ေတာ္သားတစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ ခါရာ ကေတာ့ လက္ရွိမွာေဘးကင္းတဲ့ေနရာကို

ေရာက္ရွိေနပါၿပီ ။ မင္းသား ခါရာ ကေတာ့ ပရိသတ္ေတြအားလုံးနဲ႔ မိသားစုကို အၿမဲတမ္းသတိရၿပီးေတာ့ လက္ရွိမွာ ယုံၾကည္ခ်က္ေတြ ဆက္လက္ ခိုင္မာေနဆဲပဲလို႔ ‌လူမႈ႕ကြန္ယက္မွာ ေရးသားထားပါတယ္ ။mdatenews

mdatenews

Leave a Comment