ဂုဏ်ပကာသနက အလွန်ပဲလေးလံပါတယ်
တစ်ခါတုန်းက တောအုပ်ထဲမှာ ပျော်နေတဲ့မျောက်တစ်ကောင် ရှိတယ်..သူဗိုက်ဆာလာတဲ့အခါ အရသာရှိတဲ့ သစ်သီးတွေစားလိုက် သူမောလာတဲ့အခါ အနားယူလိုက်နဲ့ တော်အုပ်မှာပျော်နေခဲ့တယ်။တစ်နေ့တော့ မျက်စိလည်လမ်းမှားရင်း အိမ်တစ်လုံးဆီရောက်တယ်..အဲဒီမှာ သူမြင်လိုက်ရတာကတော့ အရမ်းကို လှပတဲ့ ပန်းသီးထဲ့ထားတဲ့ပန်ကန်လုံးကြီးပေါ့..
သူကလက်တစ်ဖက်စီမှာ ပန်းသီးတစ်လုံးစီယူပြီး တော အုပ်ထဲပြန်ပြေးလာခဲ့တယ်..မျောက်က ပန်းသီးကို အနံ့ခံတယ် ဒါပေမယ့် ဘာနံ့မှမရဘူး..ပြီးတော့ ပန်းသီးကို စားဖို့ကြိုးစားတယ်..ဒါပေမယ့် သူသွားတွေနာကျင်ပြီး စားမရအောင်မာကြောနေတယ်..တစ်ကယ်တော့ ပန်းသီးသာ သစ်သားနဲ့ ပြုလုပ်ထားတာဖြစ်တယ်..
ဒါပေမယ့် ပန်း သီးကအရမ်းလှတယ်..အဲဒီပန်းသီးကိုတွေ့တဲ့အခါ တခြားမျောက်တွေကလည်း အလုအယက်ပြေးယူဖို့လာကြတယ်..ပန်းသီးရှင်မြောက်က သူ့ ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တယ်..သူဟာ ဒီပန်းသီးပိုင်ဆိုင်တဲ့အတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ သဘောတွေကျနေခဲ့တယ်..ပန်းသီးကသူ့ကိုပြည့်စုံစေတယ်လို့ ခံစားရတယ်..သူဆာလောင်နေတာကိုတောင်မေ့သွားတယ်..။
သစ်သီးပင်တစ်ပင်က မျောက်ကိုသတိပေးတယ်..သူ့လက်ထဲကပန်းသီးလောက် သူဘာကိုမှဂရုမစိုက်တော့ဘူး..သူစားဖို့ပန်းသီးခူးဖို့ အတွက်တောင်သူ့လက်ထဲကပန်းသီးတွေကို သူမချနိုင်ဖြစ်နေခဲ့တယ်..တစ်ကယ်တော့သူ နားလည်းမနားရသလို သူ့ပန်းသီးတွေကို တခြားမျောက်တွေ လာလုမှာစိုးတဲ့အတွက် အချိန်တိုင်းကာကွယ်နေရတယ်..။
ဂုဏ်ယူဝင့်ကြွားမှုတစ်ခုအတွက် အရင်ကပျော်ရွှင်နေတဲ့ မျောက်ဟာ ပူပန်စိုးရိမ်မှုတွေနဲလာပြီး သစ်တောတစ်လျှောက် မှာ လျှောက်သွားနေခဲ့ရတယ်..ပန်းသီးတွေက တဖြည်းဖြည်းလေးပင်လာသလို ခံစားလာရတယ်..သနားစရာကောင်းတဲ့မြောက်ဟာ ပန်းသီးတွေကို လွှတ်ချလိုက်ဖို့အတွက်စဉ်းစားတယ်..
သူဆာနေပြီ သစ်ပင်ပေါ်တက်ပြီးပန်းသီးတွေခူးမစားနိုင်သေးဘူး စားလို့မရတဲ့ပန်းသီးတွေပဲ ပြည့်နေတယ်.. အ ကယ်လို့ သူ့လက်ထဲကပန်းသီးတွေကို လွှတ်ချလိုက်ရင် သူဘာဆက်ဖြစ်မလဲ.?သူ့လက်ထဲကပန်းသီးတွေသယ်လာတာရူးသွတ်မှုလို့ပဲလို့သူမြင်လာတယ်..သူအရမ်းလည်းပင်ပန်းနေခဲ့ပြီး နောက်ဆုံးအသီးပင်အောက်ရောက်တဲ့အခါ သစ်သီးရနံ့တွေကိုရူရှိုက်ရင်း သူ အရာရာကို နား လည်သဘောပေါက်သွားတယ်..
သူ့လက်ထဲက သစ်သားပန်းသီးတွေကို မြေပြင်ပေါ်ပစ်ချလိုက်ပြီး သူ့အစာအတွက် သစ်ပင်ပေါ်တက်သွားတယ်..သူ အရင်ကလို ပြုံးပျော်နိုင်ပါပြီ ။ဒါဆိုကျွန်တော်တို့ဘဝမှာကော မျောက်ကလေးလိုပဲ ဘာတွေကိုသယ်ဆောင်ထားမိကြပါလိမ့် ..
စည်းစိမ် ဥစ္စာတွေလား ၊ စိုးရိမ်ကြောင့်ကျမှုတွေလား ၊ စိတ်ပျက်ဝမ်းနည်းစရာတွေလား ၊ မာန်မာနတွေလား ၊ ဘွဲ့ထူး ဂုဏ်သိမ် တွေလား တစ်ခုခုကိုတော့ကျွန်တော်တို့ သယ်ဆောင်ပြီး တောအုပ်ထဲကို လျှောက်သွားနေမိကြတယ်..။” လွတ်ချသင့်တဲ့အရာကို လွှတ်ချသင့်တဲ့အချိန်မှာ လွှတ်ချနိုင်မှသာလျှင် တကယ်ပျော်ရွှင်မှုကို ခံစားနိုင်ပါလိမ့်မယ် “မေတ္တာဖြင့် ဝေမျှပေးပါသည်။
Credit – မူရင်းရေးသူ
Zawgyi ဖြင့်ဖတ်ပါ