သမီးဖြစ်သူမှ ဇိမ်ခံကားအသစ်ကြီးပေါ်တွင် ပုံတွေလျှောက်ဆွဲခဲ့ပေမယ့် ဆူဆဲခြင်းမရှိသည့်အပြင် စိတ်ကြိုက်ဆွဲခွင့်ပေးခဲ့သည့် ဖခင်တစ်ဦး
မည်သူမဆို ကိုယ်တန်ဖိုးထားရတဲ့ ပစ္စည်းတွေကို တစ်စုံတစ်ခုကြောင့် နည်းနည်းလေးမှ အစွန်းအထင်းမခံနိုင်ပဲ
မတော်တဆဖြစ်ပြီး ပျက်စီးသွားပါကလည်း စိတ်ထိခိုက်ခံစားကြရသည်။
သို့ဖြစ်၍ ထိုင်ဝမ်နိုင်ငံမှ ဖခင်တစ်ဦးသည် စုဆောင်းငွေလေးနှင့် အဖြူရောင် ဇိမ်ခံကားသစ်တစ်စီးကိုဝယ်ယူထားရာ
အုပ်ထိန်းသူတွေရဲ့အလစ်တွင် သမီးဖြစ်သူမှ မှင်စိုနဲ့အတူ ပုံတွေလျှောက်ဆွဲပစ်ခဲ့သည်။
ဖခင်ဖြစ်သူသည် ထိုအဖြစ်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရာ အခြားမိဘတွေလို ဆူဆဲမည့်အစား သမီးလေးဆွဲထားသည့်
ပန်းချီပုံလေးတွေကို သေချာကြည့်ရှူပြီးနောက် ကားတစ်ခုလုံးပြည့်သွားသည်ထိကို စိတ်ကြိုက် ရေးဆွဲရန် ခွင့်ပြုခဲ့သည်။
ဖခင်ဖြစ်သူသည် သမီးလေးဆွဲထားသည့် မိသားစုပန်းချီပုံလေးတွေမှာ အဓိပ္ပါယ်ရှိလှ၍ အမှတ်တရအနေနှင့်
သိမ်းထားဖို့နှင့် သမီးလေးကြီးလာသည့်အခါ ပန်းချီဆရာတစ်ယောက်ဖြစ်အောင် ထောက်ပံ့ပေးရန် ဆုံးဖြတ်ထားခဲ့သည်။
crd