သားလေးကို ဖိနပ်ဝယ်ပေးချင်လို့ အကြွေစေ့လေးတွေ နှစ်အကြာကြီး စုခဲ့တဲ့ ဆင်းရဲသား အဖေ့မေတ္တာ

သားလေးကို ဖိနပ်ဝယ်ပေးချင်လို့ အကြွေစေ့လေးတွေ နှစ်အကြာကြီး စုခဲ့တဲ့ ဆင်းရဲသား အဖေ့မေတ္တာ
ဒီခေတ်ကာလကြီး ထဲမှာ ဖိနပ်လေး တစ်ရံ ဝယ်ဖို့ ပိုက်ဆံကို နှစ်ချီ စုရတယ် ဆိုတဲ့ စကားကို ကြားရင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။

 

တစ်ခုကို တင်ဆက်ပေးချင် ပါတယ်။ နာမည်ကြီး တရုတ် သတင်းစာ China Press မှာ ဖော်ပြထားတဲ့ အကြောင်းလေး တစ်ခုပါ။

ဆင်းရဲသားတွေ မပပျောက်သေးတဲ့ ဖိလစ်ပိုင် နိုင်ငံမှာ ဒီအဖြစ်အပျက်က တကယ် ဖြစ်ခဲ့ပါတယ်။ ပုံမှန် စတိုင်းဆိုင် တဆိုင်မှာ သားအဖ နှစ်ယောက် ဖိနပ် လာဝယ်ခဲ့ချိန်၊

ထူးဆန်းတဲ့ ငွေပေးချေမှု ပုံစံကြောင့် အရောင်း ဝန်ထမ်းက ဓာတ်ပုံ ရိုက်ယူထားခဲ့ ပါတယ်။ အသက် တော် တော်လေး ကြီးနေတဲ့အဖေက ဖိနပ်ဖိုး ပိုက်ဆံကို အကြွေစေ့လေးတွေ တစ်ခုချင်း ရေနေတာပါ။

ကောင်တာက ဝန်ထမ်းက မေးခဲ့ချိန် မှာတော့ သူဒီအကြွေစေ့လေးတွေကို စုလာတာ နှစ်တော်တော် ကြာပြီလို့ ဆိုပါတယ်။

အကြောင်းက သားကို ပစ္စည်းတစ်ခု ဝယ်ပေးဖို့ (ဖိနပ်ရယ်လို့ မဟုတ်) ပိုက်ဆံကို အမြဲရေနေရင်း ဖိနပ်အကောင်းစား တစ်ရံဖိုး ရချိန်မှာ ကိုယ်တိုင် လိုက်ဝယ်ပေးခဲ့ တာလို့ ဒီအကြောင်းကို ဖော်ပြထားတဲ့

မူရင်း ဖေ့ဘုတ် စာမျက်နှာ Philippine trends and news မှာ ပါရှိပါတယ်။

ဒီအကြောင်းကို ဓာတ်ပုံ ရိုက်ယူထားတဲ့ အကောင့်ပိုင်ရှင်က အဖြစ်အပျက်ကို အလုံးစုံ ပြန်ပြောပြခဲ့ချိန် မှာတော့ စိတ်မကောင်းတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

အကြောင်းက ဖိနပ်တစ်ရံ အတွက် ဒီလောက်ထိ စုဆောင်းခဲ့ရ တာမျိုးဟာ မဖြစ်သင့်ကြောင်းနဲ့ အကယ်လို့ လိပ်စာနဲ့ ဖုန်းနံပါတ်ရရင် ကူညီချင်တယ်လို့ ဆိုခဲ့ကြ ပါတယ်။

ဒါပမေဲ့ လာဝယ်ချိန်က ဓာတ်ပုံလေးတွေနဲ့ သား၊ အဖ နှစ်ယောက်လုံးကို ပြန်တွေ့ဖို့ ဆိုတာ မလွယ်ပါဘူး။

အကြွေစေ့ကို သီးသန့် စုတဲ့ ရည်ရွယ်ချက်က နေ့စား အလုပ်သမားတွေလည်း ဖြစ်နိုင်သလို တစ်နေ့စာ အတွက် အလျင် မီအောင် လုပ်နေရင်းကနေ ဘယ်လိုမှ သုံးလို့ မရတဲ့

အကြွေ (ဥပမာ မြန်မာငွေ ငါးဆယ်ကို တစ်နေ့တစ်ခါ စုသလိုမျိုး) ကိုစုတဲ့ ပုံစံပါ။ ဖိလစ်ပိုင်မှာ အဲဒီလို ပမာဏလောက်ကို အကြွေစေ့လေးတွေ အဖြစ် ပုံဖော် သုံးစွဲတယ်လို့ သိရပါတယ်။

တော်တော်လေးကို ကြီးမားတဲ့ အဖေ့မေတ္တာ ပါပဲ။

Credit

Unicode

သားလေးကို ဖိနပျဝယျပေးခငြျလို့ အကွှစေေ့လေးတှေ နှဈအကွာကွီး စုခဲ့တဲ့ ဆငျးရဲသား အဖေ့မတေ်တာ













တောျတောျလေးကို ကွီးမားတဲ့ အဖေ့မတေ်တာ ပါပဲ။

crd

Leave a Comment