“ကမ်းစပ်လေးမှာပဲ ရေကစားရင်း ရေနစ်ခဲ့ရတဲ့ (၄)တန်းကျောင်းသားလေး(၃) ဦးရဲ့ ရုပ်သံမှတ်တမ်း နှင့် ကြောက်စရာကောင်းတဲ့ မရဏရေဆွဲ RIP Current အကြောင်း သိကောင်းစရာ”

“ကမ်းစပ်လေးမှာပဲ ရေကစားရင်း ရေနစ်ခဲ့ရတဲ့ (၄)တန်းကျောင်းသားလေး(၃) ဦးရဲ့ ရုပ်သံမှတ်တမ်း နှင့် ကြောက်စရာကောင်းတဲ့ မရဏရေဆွဲ RIP Current အကြောင်း သိကောင်းစရာ”

ပင်လယ်ကမ်းခြေသို့ သွားရောက်သူတိုင်း သိထားသင့်သော မရဏရေဆွဲ RIP Current အကြောင်း

မရဏ ရေဆွဲ RIP Current သည် ပင်လယ်၊ ရေကန်ကြီး သို့ လှိုင်းရှိသော ဘယ်ကမ်းခြေ မျိုးမှာမဆို ဖြစ်နိုင်တဲ့ အရာပါ။

မရဏ ရေဆွဲဟာ အချို့သော ကမ်းခြေများတွင် တစ်နေရာ တည်းတွင် အမြဲတစ်စေ ဖြစ်တည် တတ်သော်လည်း

အချို့သော ကမ်းခြေများတွင် ကွဲပြားသော နေရာများတွင် ဖြစ်ပေါ် လာလိုက် ကွယ်ပျောက်သွားလိုက် ဖြစ်တတ်တဲ့အတွက် ပုံသေပြောလို့မရပါဘူး။

အဲ့ဒီမရဏ ရေဆွဲ တွေဟာ ကမ်းခြေအတွင်း ရေကူးနေသူ နှင့် အသက်ကယ်ဘောကွင်းဖြင့် ကိုယ်ဖော့ပြီး ရေကစားနေသူများကို လျင်မြန်တဲ့အဟုန်နဲ့ ရေစီးကြောင်းထဲ ဆွဲပါခေါ်ယူသွားပြီး

ကမ်းနဲ့ မိုင်ပေါင်းများစွာ ဝေးကွာသွားနိုင်ပါတယ်။ ရေကူးကျွမ်းကျင်မှုမရှိခြင်း၊ စိတ်မထိန်းနိုင်ဘဲ အလွန်လန့်နေခြင်း၊

ရေစီးကြောင်း သဘောသဘာဝကိုနားမလည်ဘဲ ကမ်းခြေကို ဦးတည်တည့်တည့်ကူးခြင်း တို့ကြောင့် အသက်ဆုံးရှုံးရလေ့ရှိပါတယ်။

မရဏရေဆွဲကြောင့် အမေရိကန် နိုင်ငံတွင် နှစ်စဉ်လူ ၅၀ ခန့် သေဆုံးလျှက်ရှိပါတယ်။

ကမ်းခြေသို့ ဦးတည်ရိုက်ပုတ်လာသော ပင်လယ်လှိုင်းလုံးများက ပင်လယ်ဖက်သို့ ပြန်လည် စီးဆင်းသွားတဲ့ အခါမျိုးတွင် ဖြစ်ပေါ်လာသော ရေစီးကြောင်းကြောင့် မရဏ ဒီရေ ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

အဆိုပါရေစီးကြောင်းသည် ဘေးနှစ်ဖက်မှနေပြီး အတွင်း လည်တိုင်သို့ ပြင်းထန်သော အားဖြင့် စီးဆင်းခြင်းဖြစ်ပြီး ကမ်းခြေတွင် ရှိသော လူ နှင့် အပင်များ ကို ပင်လယ်ရေနက်ပိုင်း အတွင်းသို့ ချက်ခြင်းဆွဲယူသွားနိုင်ပါတယ်။

အဲ့လို ဖြစ်ရပ်များကို ငပလီ၊ ငွေဆောင်၊ ချောင်းသာ၊ ဦးတိုချောင်းအဝ၊ တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်ကမ်းရိုးတန်းတွေမှာ ဖြစ်ပါတယ်။

ပင်လယ်ကြီးလောက်မာယာကြွယ်တာမရှိပါ။

ခုလို မိုးဦး လေဦးကာလ တွေမှာ ပိုဖြစ်ပါတယ်။

ရေဆွဲ ဆိုတာ ကြောက်စရာ ကောင်းလွန်းပါတယ်။ တစ်စက္ကန့်ကို ခြောက်ပေထိ မြန်ပါတယ်။

ဆွဲအားပြင်းရင် ပြင်းသလို ရေနက်ပိုင်းကို ဆွဲခေါ်သွားခြင်း ခံရမွာပါ။

ပင်လယ်နှင့် နီးစပ်မှု မရှိသူများမှာ ရေတိမ်တိမ်လေးဘဲဆိုပြီးတော့ ရေဆွဲနေရာမှာရပ်နေမိရင် စက္ကန့်ပိုင်အတွင်းမှာပဲ

ရေနက်ထဲကို ဆွဲချသွားတာကြောင့် အသက်ဆုံးရှုံးရမှာပါ။

တကယ်လို့ ရေဆွဲနဲ့များကြုံမိရင် ပုံပါအတိုင်းကမ်းဆီကို မျက်နာချင်ဆိုင် ပြန်မကူးရပါဘူး။

ကမ်းနှင့်မျဉ်းပြိုင် အလျားလိုက် ကူးထွက်ပြီး ရေဆွဲ စီးကြောင်း လွတ်မှသာကမ်းကို ကူးတက်ရမှာပါ ။

ရေနက်ထဲကိုသာ ဆွဲချသွားပေမယ့် ရေအောက်ကြမ်း ပြင်ကို ဆွဲနှစ်မသွားခြင်းကြောင့်

အထာသိရင် လွတ်နိုင်တယ်ဆိုတဲအကြောင်း ဗဟုသုတ အဖြစ်တင်ပြလိုက်ပါတယ် ။

 

နောက်တစ်ခုက ရေဖြတ် ဆိုတာရှိပါသေးတယ်။ ရေနက်ပိုင်း တွေမှာသာဖြစ်တတ်တာမို့ အကျယ်မရေးတော့ပါဘူး။

ရေက နှစ်လွာဖြစ်နေပြီး အပေါ်လွှာက အရှေ့ကိုစီးပြီး အောက်လွှာက အနောက်ကိုစီးနေတာပါ။

ရေဖြတ်နဲ့မိပြီး ခါးကျိုးလို့ ဒုက္ခိတဖြစ်ရတဲ့ ရေငုတ်သမားတွေ ရှိပါတယ်။

မရဏ ရေဆွဲထဲမှာ နှစ်မြုပ်သွားတယ်လို့ယူဆရတဲ့ (၄)တန်းကျောင်းသား ၃ဦး ရေနစ်သွားတဲ့ CCTV မှတ်တမ်း

 

ယခု CCTV တွင် မြင်တွေ့ရသည့် ရုပ်သံဖိုင်သည် စစ်တွေမှ ပျောက်ဆုံးနေသည့် ကျောင်းသား ၃ဦး ဟုယူဆရသူများဖြစ်ကြပြီး စစ်တွေကမ်းခြေတွင် ရေကစားနေစဉ် ရေနစ်သွားသည်ကို မြင်တွေ့ရသည်။


Ref-Nyo Lwin Oo

နန်း ယု

Leave a Comment