အိမ်ပိုင်လေးနဲ့မိဘတွေကို ထားချင်တယ်ဆိုတဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်း ရဲ့ သမီးလေး ဇင်စန္ဒာထွန်း
အထိုးအကြိတ်ပိုင်နိုင်လွန်းပြီး ဖိုက်တင်အက်ရှင် ဇာတ်ကားတွေထဲမှာ အမြဲတမ်းလိုလို တွေ့ရတတ်တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်း ကိုတော့ အားလုံးပဲမှတ်မိကြမယ်ထင်ပါတယ်။ မင်းမင်း မှာ သမီး(၃)ယောက်နဲ့
သားတစ်ယောက် စုစုပေါင်း သားသမီး လေးယောက်ရှိပါတယ်။ ၁၈ နှစ်အရွယ် သမီးအလတ်လေးဖြစ်တဲ့ ဇင်စန္ဒာထွန်းက ဖခင်ရဲ့ အနုပညာအမွေကို ဆက်ခံရန် အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့အတွက်
ပြင်ဆင်နေပြီလို့ သိရပါတယ်။ မင်းမင်း ဟာ မပြည့်စုံပေမယ့်လည်း သမီးလေးရဲ့ အနုပညာ လမ်းကြောင်းကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်တဲ့နော်။ လူကြမ်းသရုပ်ဆောင် မင်းမင်း ရဲ့ သမီးချောလေး
နာမည်က တော့ ဇင်စန္ဒာထွန်းပဲ ဖြစ်ပါတယ်။ သူမကတော့ ကိုယ်တိုင်ဝါသနာပါပြီး ဖခင်ဖြစ်သူကလဲ ထောက်ပံ့ပေးတဲ့ အနုပညာလမ်းကို စတင်လျှောက်လှမ်းနေပါပြီ။ အနုပညာလောကမှ မင်းသားတစ်ဦးဖြစ်တဲ့
သရုပ်ဆောင် ထိုက်စံ ကလဲ လက်တွဲခေါ်ပေးပြီး ဖခင်ကလဲ အနုပညာနဲ့ပတ်သက်လို့ သင်ပေးပါတယ်တဲ့၊ဒါအပြင် ဖခင်နဲ့အတူ ဖိုက်တင်တွေ လေ့ကျင့်ဖြစ်ပါသေးတယ်။ ဇင်စန္ဒာထွန်း ဟာလာမဲ့ ကိုးလပိုင်းမှာ အသက် ၁၉ နှစ်ပြည့်မှာဖြစ်ပြီး
ပညာရေးအနေနဲ့ကတော့ လက်ရှိမှာ ဘာမှမလုပ်ဖြစ်သေးပါဘူး။ သူမဟာ သရုပ်ဆောင်ရွေးချယ်ပွဲတစ်ခုမှာ ပါဝင်ယျဥ်ပြိုင်ထားပြီးနောက် စကာတင် ၆ ယောက်စာရင်းထဲမှာ အရွေးချယ်ခံထားရတာပဲ ဖြစ်တာကြောင့်
ဖခင်ဖြစ်စေချင်သလို အနုပညာလောကကို ခြေချခွင့်ရတော့မှာဖြစ်လို့ ဝမ်းသာမိပါတယ်တဲ့။ ဒါအပြင် သူမဟာ ဖခင်ဖြစ်သူရဲ့အိမ်ထောင်ဦးစီးတာဝန်တွေကို ပခုံးပြောင်း၍ တာဝန်ယူချင်တာဖြစ်ပြီး လုပ်ကျွေးချင်တဲ့
သမီးအလိမ္မာလေးတစ်ဦးပါ။ လူကြမ်းသရုပ်ဆောင်ကြီး ရဲ့ သမီးဖြစ်သူ ဇင်စန္ဒာထွန်း ဟာ မင်းသမီး ခိုင်နှင်းဝေ ကို သဘောကျသူတစ်ဦးဖြစ်ပြီး ပရဟိလုပ်ရတာကိုလဲ နှစ်သက်ပါတယ်တဲ့။
သူမရုပ်ရှင်လောကမှာ အောင်မြင်လာပြီး အနုပညာကြေးတွေရရှိလာတဲ့အခါ စွန့်ပစ်ခံကလေးတွေကို စောက်ရှောက်ပြီး ပြုစုပျိုးထောင်ဖို့ ဆန္ဒရှိပါတယ်၊ဒါအပြင် စွန့်ပစ်ခံခွေးလေးးတွေအတွက်
ခွေးဂေဟာဖွင့်ပေးချင်ပါတယ်တဲ့။ ပရိသတ်တွေကို ပြောချင်တာကတော့ သူမဖခင်ကို အားပေးသလိုပဲ သူမကို အားပေးကြပါအုန်း၊ချစ်ပေးကြပါလို့ ပြောသွားခဲ့ပါတယ်။
Zawgyi
အိမ္ပိုင္ေလးနဲ႔မိဘေတြကို ထားခ်င္တယ္ဆိုတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ မင္းမင္း ရဲ႕ သမီးေလး ဇင္စႏၵာထြန္း
အထိုးအႀကိတ္ပိုင္ႏိုင္လြန္းၿပီး ဖိုက္တင္အက္ရွင္ ဇာတ္ကားေတြထဲမွာ အၿမဲတမ္းလိုလို ေတြ႕ရတတ္တဲ့ လူၾကမ္းသ႐ုပ္ေဆာင္ မင္းမင္း ကိုေတာ့ အားလုံးပဲမွတ္မိၾကမယ္ထင္ပါတယ္။ မင္းမင္း မွာ သမီး(၃)ေယာက္နဲ႔
သားတစ္ေယာက္ စုစုေပါင္း သားသမီး ေလးေယာက္ရွိပါတယ္။ ၁၈ ႏွစ္အ႐ြယ္ သမီးအလတ္ေလးျဖစ္တဲ့ ဇင္စႏၵာထြန္းက ဖခင္ရဲ႕ အႏုပညာအေမြကို ဆက္ခံရန္ အႏုပညာလမ္းေၾကာင္းကို ေလွ်ာက္လွမ္းႏိုင္ဖို႔အတြက္
ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ မင္းမင္း ဟာ မျပည့္စုံေပမယ့္လည္း သမီးေလးရဲ႕ အႏုပညာ လမ္းေၾကာင္းကို အျပည့္အဝ ေထာက္ပံ့ေပးႏိုင္ဖို႔ ႀကိဳးစားေနပါတယ္တဲ့ေနာ္။ လူၾကမ္းသ႐ုပ္ေဆာင္ မင္းမင္း ရဲ႕ သမီးေခ်ာေလး
နာမည္က ေတာ့ ဇင္စႏၵာထြန္းပဲ ျဖစ္ပါတယ္။ သူမကေတာ့ ကိုယ္တိုင္ဝါသနာပါၿပီး ဖခင္ျဖစ္သူကလဲ ေထာက္ပံ့ေပးတဲ့ အႏုပညာလမ္းကို စတင္ေလွ်ာက္လွမ္းေနပါၿပီ။ အႏုပညာေလာကမွ မင္းသားတစ္ဦးျဖစ္တဲ့
သ႐ုပ္ေဆာင္ ထိုက္စံ ကလဲ လက္တြဲေခၚေပးၿပီး ဖခင္ကလဲ အႏုပညာနဲ႔ပတ္သက္လို႔ သင္ေပးပါတယ္တဲ့၊ဒါအျပင္ ဖခင္နဲ႔အတူ ဖိုက္တင္ေတြ ေလ့က်င့္ျဖစ္ပါေသးတယ္။ ဇင္စႏၵာထြန္း ဟာလာမဲ့ ကိုးလပိုင္းမွာ အသက္ ၁၉ ႏွစ္ျပည့္မွာျဖစ္ၿပီး
ပညာေရးအေနနဲ႔ကေတာ့ လက္ရွိမွာ ဘာမွမလုပ္ျဖစ္ေသးပါဘူး။ သူမဟာ သ႐ုပ္ေဆာင္ေ႐ြးခ်ယ္ပြဲတစ္ခုမွာ ပါဝင္ယ်ဥ္ၿပိဳင္ထားၿပီးေနာက္ စကာတင္ ၆ ေယာက္စာရင္းထဲမွာ အေ႐ြးခ်ယ္ခံထားရတာပဲ ျဖစ္တာေၾကာင့္
ဖခင္ျဖစ္ေစခ်င္သလို အႏုပညာေလာကကို ေျခခ်ခြင့္ရေတာ့မွာျဖစ္လို႔ ဝမ္းသာမိပါတယ္တဲ့။ ဒါအျပင္ သူမဟာ ဖခင္ျဖစ္သူရဲ႕အိမ္ေထာင္ဦးစီးတာဝန္ေတြကို ပခုံးေျပာင္း၍ တာဝန္ယူခ်င္တာျဖစ္ၿပီး လုပ္ေကြၽးခ်င္တဲ့
သမီးအလိမၼာေလးတစ္ဦးပါ။ လူၾကမ္းသ႐ုပ္ေဆာင္ႀကီး ရဲ႕ သမီးျဖစ္သူ ဇင္စႏၵာထြန္း ဟာ မင္းသမီး ခိုင္ႏွင္းေဝ ကို သေဘာက်သူတစ္ဦးျဖစ္ၿပီး ပရဟိလုပ္ရတာကိုလဲ ႏွစ္သက္ပါတယ္တဲ့။
သူမ႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္လာၿပီး အႏုပညာေၾကးေတြရရွိလာတဲ့အခါ စြန႔္ပစ္ခံကေလးေတြကို ေစာက္ေရွာက္ၿပီး ျပဳစုပ်ိဳးေထာင္ဖို႔ ဆႏၵရွိပါတယ္၊ဒါအျပင္ စြန႔္ပစ္ခံေခြးေလးးေတြအတြက္
ေခြးေဂဟာဖြင့္ေပးခ်င္ပါတယ္တဲ့။ ပရိသတ္ေတြကို ေျပာခ်င္တာကေတာ့ သူမဖခင္ကို အားေပးသလိုပဲ သူမကို အားေပးၾကပါအုန္း၊ခ်စ္ေပးၾကပါလို႔ ေျပာသြားခဲ့ပါတယ္။mdatenews
mdatenews
credit