မိခင်ဖြစ်သူမှ အိမ်အလုပ်ခိုင်းလိုက်တာနဲ့ မျက်နှာကဆူပုတ်သွားသည်ဟု ဆိုသောကြောင့် ဘာလုပ်လုပ်အပြုံးလေးနဲ့လုပ်နေခဲ့သော ကလေးမလေး
လူငယ်များအနေနဲ့ သူတို့လုပ်ချင်ရာလုပ်နေရသည့်အခါ ပြုံးပျော်ရွှင်နေတတ်ပြီး အိမ်ကမိခင်ဖြစ်သူက အလုပ်ခိုင်းသည့်အခါ အနည်းငယ် ငြိုငြင်တတ်ကြကာ မျက်နှာအနေအထားကချက်ချင်းပြောင်းသွားတတ်ကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၁၂နှစ်အရွယ် ကလေးမလေးတစ်ဦးသည် မိခင်ဖြစ်သူမှ အိမ်အလုပ်ခိုင်းရာ၌ မကြိုက်ပဲ မျက်နှာကြီးရှုံ့မဲ့သွားတာကြောင့် မိခင်ဆီကနေ အဆူခံလိုက်ရသည်။
ကလေးမလေးသည် သူမအားဆူနေခြင်းကြောင့် အလုပ်ထလုပ်ခဲ့ပေမယ့် မျက်နှာလေးကို မပြုံးချင်ပဲ တမင်ပြုံးထားပြီး မိခင်ဖြစ်သူခိုင်းထားတာတွေအကုန်လုံး လုပ်ဆောင်ပေးခဲ့သည်။
မိခင်ဖြစ်သူခမျာ သမီးလေးရဲ့ အရွဲ့တိုက်မှုကြောင့် စိတ်မတိုရတော့ပဲ ရယ်ချင်ကာ ပုံလေးတွေလိုက်ရိုက်ထားပြီးတော့ အပျော်သဘောနဲ့ လိုင်းပေါ်မျှဝေခဲ့သည်။
Rain (For Ialinks) credit