အိမ်နီးချင်းအား မုန်လာဥဖြူများကို အခမဲ့ယူနိုင်တယ်လို့ကမ်းလှမ်းခဲ့ပြီးနောက် ဒေါ်လာ ၄၂,၀၀၀ ကျော်ထိဆုံးရှုံးသွားခဲ့ရတဲ့ စိုက်ခင်းပိုင်ရှင်များ

အိမ်နီးချင်းအား မုန်လာဥဖြူများကို အခမဲ့ယူနိုင်တယ်လို့ကမ်းလှမ်းခဲ့ပြီးနောက် ဒေါ်လာ ၄၂,၀၀၀ ကျော်ထိဆုံးရှုံးသွားခဲ့ရတဲ့ စိုက်ခင်းပိုင်ရှင်များ

အိမ်နီးချင်းအား မုန်လာဥဖြူများကို အခမဲ့ယူနိုင်တယ်လို့ကမ်းလှမ်းခဲ့ပြီးနောက် ဒေါ်လာ ၄၂,၀၀၀ ကျော်ထိဆုံးရှုံးသွားခဲ့ရတဲ့ စိုက်ခင်းပိုင်ရှင်များ

တရုတ်ပြည်အလယ်ပိုင်း Diaowei ပြည်နယ် Hubei မြို့ရှိ လယ်သမားတစ်ဦးဟာ ၎င်းတို့အားကူညီနေတဲ့အိမ်နီးချင်းများအား

မုန်လာဥဖြူ လက်ဆွဲအိတ်တစ်အိတ် (သို့) နှစ်လုံး အခမဲ့ယူနိုင်တယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ကံမကောင်းစွာဘဲ အိမ်နီးချင်းတစ်ဦးမှ ပါးစပ်ဖွာပြီး

အခြားအိမ်နီးချင်းသို့ ပြန်ဆင့်ကမ်းပြောခဲ့တာကြောင့် ၎င်းကမ်းလှမ်းချက်ဟာ အဓိပ္ပါယ်ကွဲလွှဲစွာ ပျံ့နှံ့သွားပြီးနောက်

ကောလဟာလတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။

 

ကမ်းလှမ်းချက်နာရီပိုင်းအတွင်းမှာပဲ ထောင်ပေါင်းများစွာတဲ့ ရွာသားများက ထိုမုန်လာဥဖြူခြံသို့ အစုလိုက်အပြုံလိုက်ရောက်လာပြီး မုန်လာဥဖြူတန်ချိန်များစွာကို အလကားဖယ်ယူသွားခဲ့ကြပါတယ်။

“ ရွာသားတွေက မုန်လာဥက ဆောင်းရာသီဟင်းချိုချက်ရင် အရသာအရမ်းကောင်းဆုံးဘဲလို့ ပြောနေကြပြီး

ငါတို့နည်းနည်းစားရင်ကောင်းမလားလို့မေးတော့ ကျွန်တော်တို့လည်း ကြီးကြီးမားမား တွေးမနေတော့ဘဲ ၊

ကျွန်တော်တို့ရဲ့အိမ်နီးနားချင်းတွေလည်းဖြစ်နေလို့ သူတို့ကို ယူနိုင်တယ်လို့ ပြောခဲ့တာ၊

ဒါမဲ့ ကျွန်တော်တို့ဆီမှာ မုန်လာဥတွေအလကားရတယ်ဆိုတဲ့ကောလာဟလက ဘယ်လိုကနေပေါ်လာလဲ မသိဘူး၊

လယ်ကွင်းတစ်လျှောက်မှာ သူတို့ရဲ့ကားတွေ၊မော်တော်ဆိုင်ကယ်တွေကို လာရပ်ကြပြီး ထောင်နဲ့ချီတဲ့လူတွေက ခြံထဲကကောက်ပဲသီးနှံတွေကို စတင်ခုတ်လှဲခဲ့ကြတယ် ၊

မနက် ၇ နာရီကနေ ည ၁၀ နာရီထိ ခြံကွင်းထဲမှာ လူအပြည့်ဘဲ ၊

အဲဒီနေ့က လူ ၃,၀၀၀ လောက်ရှိလိမ့်မယ် ၊

သူတို့ထဲက တစ်ချို့ဆို ကီလိုမီတာ ၁၂၀ (၇၅ မိုင်) ဝေးတဲ့ခရီးကိုတောင် ရောက်အောင်လာခဲ့ကြတာ ”

လို့ Xu Jiuge အမည်ရှိလယ်သမားတစ်ဦးက ပြောကြားခဲ့ပါတယ်။

Xu ဟာ သူ့ကြောင့်တစ်ဖြည်းဖြည်းပျက်စီးဆုံးရှုံးလာတာကိုသတိပြုမိသွားပြီးတဲ့နောက်ပိုင်းမှာမုန်လာဥဖြူစိုက်ခင်းရှိစုရုံးပြီးအလကားယူနေကြတဲ့

ကပ်ပါးရပ်ပါးသမားများအား ရပ်တန့်သွားစေရန် ရဲစခန်းသို့ အကြောင်းကြားခဲ့ရပါတယ်။

သို့ပေမဲ့လည်း လယ်သမားသုံးဦးဟာ ၎င်းတို့ရဲ့ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ၄၂,၃၂၆ ခန့်ကို ဆုံးရှုံးသွားခဲ့ရပါတယ်။

သို့ပေမဲ့ Xu နှင့်သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လယ်သမားများက ဒီအဖြစ်အပျက်အား ပရဟိတလုပ်ရပ်တစ်ခုအဖြစ် မှတ်ယူခဲ့ကြပြီး အလကားရရင် ရသလိုယူခဲ့ကြတဲ့

ကပ်ပါးရပ်ပါးသမားများထံမှ မည်သည့်လျော်ကြေးငွေကိုလည်း မတောင်းခံခဲ့ကြပါဘူး။အလကားရရင် ရသလိုယူတတ်တဲ့စိတ်ဓာတ်ရှိခြင်းက

တစ်ပြားတစ်စေ့မှကို မကောင်းသလို အများအမြင်မှာလည်း မနစ်မြို့စရာကောင်းလှပါတယ်။

crd

Leave a Comment