နေ့ခင်းကြောင်တောင် ပန်းအရောင်းဆိုင်ကို ဓားထောက်လုယက် (ရုပျသံ)

နေ့ခင်းကြောင်တောင် ပန်းအရောင်းဆိုင်ကို ဓားထောက်လုယက်၊

MFP ၊ အောက်တိုဘာ – ၂၇

စစ်အုပ်စု အခြေစိုက်တဲ့ နေပြည်တော် ပျဉ်းမနားမြို့က သစ်ခွခြံတစ်ခြံမှာ ဒီနေ့ နေ့လည်ပိုင်း ဆိုင်ထဲဝင်ကာ ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ပြီး ဖုန်းနှင့် ဆွဲကြိုး လုယက်ခံလိုက်ရတယ်လို့ သတင်းရရှိပါတယ်။

အမျိုးသားနှစ်ဦး ဆိုင်ထဲဝင်လာပြီး ကောင်တာထိုင်နေသူ အမျိုးသမီးကို ဓားထောက်ကာ ဖုန်းနှစ်လုံးနှင့် ရွှေဆွဲကြိုး ဖြတ်လုသွားတာလို့ ဓားထောက်လုယက်ခံရတဲ့ သစ်ခွခြံပိုင်ရှင်က လူမှုကွန်ယက်ကနေ အသိပေးထားပါတယ်။

“ဆိုင်မှာလာပြီး ပစ္စည်းလုသွားတာပါ။ ဓားနဲ့ထောက်ပြီး ဖုန်း နှစ်လုံးနဲ့ ဆွဲကြိုးလုသွားပါတယ်။ နေပြည်တော် ပျဉ်းမနားမှာပါ။ ငွေလွှဲမည့်သူများ ဆိုင်းငံထားပေးပါ” လို့ သစ်ခွဲခြံပိုင်ရှင်က ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုက အခြေစိုက်နေထိုင်တဲ့ နေပြည်တော် ပျဉ်းမနားမှာပါ နေ့ခင်းကြောင်တောင် လုယက် ဓားပြမှုတွေ ဖြစ်နေတယ်ဆိုတာက ပြည်သူတွေ ဘယ်နေရာမှ မလုံခြုံတော့တဲ့ သဘော ဖြစ်တယ်လို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လအတွင်းက လူငါးဦးထက် ပိုမို မစုဝေးဖို့ နေပြည်တော် ကောင်စီနယ်မြေထဲ စစ်အုပ်စုက ပုဒ်မ (၁၄၄)ထုတ်ပြန်ထားပြီး မြို့အဝင် အထွက်တွေ၊ ဈေးရှေ့ကျောင်းရှေ့တွေနှင့် လမ်းဆွုလမ်းခွတွေမှာ စစ်ကောင်စီ လက်နက်ကိုင်တွေက ပြည်သူကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။

Video Player

Video Player

Leave a Comment