ခြံထဲကကြွက်တွေခုတ်ဖို့ ကြောင်မွေးထားပေမယ့် ကြောင်က ကြွက်နဲ့သူငယ်ချင်းဖြစ်ပြီး ဆော့နေလို့ အခက်တွေ့နေတဲ့ ပိုင်ရှင်

ခြံထဲကကြွက်တွေခုတ်ဖို့ ကြောင်မွေးထားပေမယ့် ကြောင်က ကြွက်နဲ့သူငယ်ချင်းဖြစ်ပြီး ဆော့နေလို့ အခက်တွေ့နေတဲ့ ပိုင်ရှင်

ကြောင်လေးတွေဟာ အကောင်ငယ်လေးတွေ လိုက်ဖမ်းရတာကို သူတို့ဗီဇအရ ဝါသနာရှိပြီးသား တိလေးတွေ ဖြစ်ပါတယ်

အိမ်တစ်အိမ်မှာ ကြွက်တွေများနေရင် အများစု စိတ်ကူးမိကြတာက ကြောင်မွေးဖို့ပါပဲ

ကြောင်နဲ့ကြွက်ဟာ ခေတ်အဆက်အဆက် ရာဇဝင်အဆက်ဆက် ရန်သူတော်တွေမဟုတ်လား

ဒါပေမယ့် ဒီကြောင်လေးကတော့ ထူးခြားပါတယ်

သခင်ဖြစ်သူက ခြံထဲကကြွက်တွေကို ခုတ်စေခြင်လို့ သူ့ကိုမွေးထားခဲ့ပေမယ့် သူကတော့ ကြွက်နဲ့ သူငယ်ချင်းတွေတောင် ဖြစ်လို့နေပါတယ်

သူငယ်ချင်းမှ ရိုးရိုးသူငယ်ချင်းမဟုတ်. . ကစားဖော်ကစားဖက် အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေ ဖြစ်လို့နေပါတယ်

အစပိုင်းမှာ မြောင်လေးတို့ရဲ့သဘာ၀ ခုတ်ဖို့လိုက်ဖမ်းရင်း ပြေးရင်းလွှားရင်း ရှောင်ရင်းတိမ်းရင်း သူငယ်ချင်းဖြစ်သွားကြသလားဆိုတာ စဉ်းစားစရာပါပဲ

မြောင်လေးရဲ့ ပိုင်ရှင်ကတော့ ကြွက်မခုတ်လို့ စိတ်ဆိုးရမလား. . .

သူတို့နှစ်ကောင် အရမ်းချစ်နေကြတာကို ကြည့်ပြီး ကြည်နူးရမလား . . .ဝေခွဲမရဖြစ်နေပါတော့တယ်

ရုပ်သံကြည့်ရန်


မူရင်း credit

Video Credit

Leave a Comment