အမေဖြစ်သူက နေမကောင်းတာကြောင့် မိသားစုအားလုံးအစားစားနိုင်ရန်အတွက် သူတန်ဖိုးထားရတဲ့ဆုတံဆိပ်များကို ပြန်ရောင်းချနေခဲ့တဲ့ ကောင်လေးတစ်ဦး

အမေဖြစ်သူက နေမကောင်းတာကြောင့် မိသားစုအားလုံးအစားစားနိုင်ရန်အတွက် သူတန်ဖိုးထားရတဲ့ဆုတံဆိပ်များကို ပြန်ရောင်းချနေခဲ့တဲ့ ကောင်လေးတစ်ဦး

 

ဖိလစ်ပိုင်နိုင်ငံ Quezon City မြို့ရှိ Kenneth Pangilinan အမည်ရှိကောင်လေးတစ်ဦးဟာ

ထက်မြက်တဲ့ကလေးတစ်ယောက်ဖြစ်ပြီးကျောင်းနှင့် ပြိုင်ပွဲများမှ ဆုတံဆိပ်များစွာကို ရရှိခဲ့ပါတယ်။

Kenneth ဟာ အမေနှင့်အစ်ကိုဖြစ်သူတို့နှင့်အတူ သေးငယ်တဲ့နေရာလေးတစ်ခုမှာ နေထိုင်ကြပြီး Kenneth ဟာ

သူ့ရဲ့ဆုတံဆိပ်များက သူ့ရဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုများဖြစ်တယ်လို့ ယုံကြည်နေခဲ့ပါတယ်။

ဆုတံဆိပ်များဟာ ၎င်းတို့နေအိမ်ရဲ့အဓိကနေရာမှာ ရှိနေပြီး ၎င်းဟာ သူ့မိသားစုအတွက် ဂုဏ်ယူစရာအဖြစ် ရှိနေခဲ့ပါတယ်။

Kenneth ရဲ့မိခင်ဖြစ်သူဟာ လုံခြုံရေးအစောင့်နှင့်သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်နေခဲ့ပေမဲ့ ကပ်ရောဂါကြောင့် အလုပ်ပြုတ်သွားခဲ့ပြီး

သူမဖျားနာလာတဲ့အခါ မိသားစုမှာ စားစရာမရှိသလောက်ဖြစ်သွားခဲ့ရပါတယ်။သူ့ဆုတံဆိပ်တွေက အဖိုးတန်ပေမဲ့အစားအစာကပိုအရေးကြီးတယ်လို့

တွေးထင်နေခဲ့တာကြောင့် Kenneth ဟာ မိသားစုစားသောက်နိုင်ဖို့ဆိုတဲ့မျှော်လင့်ချက်ဖြင့် သူ့ရဲ့ဆုတံဆိပ်များကို ရောင်းချရန် စိတ်ဆုံးဖြတ်ခဲ့ပါတယ်။

Kenneth ရဲ့ ဆုတံဆိပ်ရောင်းတဲ့ post ဟာ ထောင်ပေါင်းများစွာသော အင်တာနက်အသုံးပြုသူများကို ငိုကြွေးသွားစေခဲ့တာကြောင့်

၎င်း post ဟာ အတော်လေးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ဒီကလေးက ဒီဆုတံဆိပ်တွေကိုချစ်မြတိနိုးပြီး

သူလိုချင်တာကို အရယူနိုင်ဖို့ သူခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်ဆိုတာကိုလည်း လူတိုင်းက နားလည်သဘောပေါက်နေခဲ့ကြပါတယ်။

လူတော်တော်များများဟာ ၎င်း post အောက်မှာ အပြုသဘောဆောင်တဲ့မှတ်ချက်များကိုပေးခဲ့ကြပြီး

အချို့သောလူများစွာကလည်း တစ်ဖက်တစ်လမ်းကနေ အကူအညီပေးနိုင်ဖို့အတွက် ၎င်းတို့အား စုံစမ်းကမ်းလှမ်းခဲ့ကြပါတယ်။

Pinky Menor Encapas အမည်ရှိအမျိုးသမီးက ဆုတံဆိပ်တွေကို ဝယ်မဲ့အစား၎င်းမိသားစုအတွက်

စားစရာများနှင့်လျှပ်စစ်ပန်ကာတို့ကို အခမဲ့ယူဆောင်သွားပေးခဲ့ပါတယ်။

ထို့အပြင် onlin laptop အရောင်းဆိုင်ကို ပိုင်ဆိုင်ထားတဲ့ ဒေါက်တာ Khristian Santos ကလည်း ကောင်လေးနှင့်သူ့အစ်ကိုအား

online class အတွက် အဆင်သင့်ဖြစ်အောင် ယူနစ်အသစ်တစ်ခု ပေးခဲ့ပါတယ်။

KMJS သတင်းဌာနကလည်း ၎င်းတို့မိသားစုအတွက် wifi router တစ်ခုနှင့် load တစ်ခုကို ထောက်ပံ့ပေးခဲ့ပါသေးတယ်။

နောက်ဆုံးတော့ Kenneth လေးဟာ မိသားစုအတွက် ရောင်းချဖို့လုပ်ခဲ့တဲ့ သူတန်ဖိုးထားတဲ့ဆုတံဆိပ်များနှင့်

မခွဲခွါရတော့တာကြောင့် သူဟာကူညီပေးတဲ့လူအယောက်စီတိုင်းကို ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။

crd

 

Leave a Comment