ကုန်တိုက်တစ်ခုရှိ အရုပ်ကောက်သည့်စက်ကနေ ၂လအတွင်း အရုပ်ပေါင်း၈၀၀ကို ကောက်ယူနိုင်ခဲ့သည့် မိန်းကလေး
ဈေးဝယ်စင်တာအများစုမှာ ဖောက်သည်တို့ရဲ့ အာရုံကို ဖမ်းစားထားသည့် အကြွေစေ့လေးထည့်လိုက်တာနဲ့ ကိုယ်နှစ်သက်ရာအရုပ်ကို ကောက်ယူနိုင်သည့် ဂိမ်းစက်ကြီးများကို ထားရှိပေးလျက်ရှိသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၂၉ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် သူငယ်ချင်းတွေနဲ့အတူ ကုန်တိုက်တစ်ခုမှာ ဈေးဝယ်ထွက်ရာတွင် အရုပ်ကောက်စက်ကြီးအား မြင်ပြီး အကြွေစေ့လဲကာ အစမ်းကောက်ကြည့်ခဲ့သည်။
မိန်းကလေးသည် ဝက်ဝံရုပ်လေးတွေကို အထူးနှစ်သက်သူဖြစ်ပြီး အစပိုင်းတွင် မကောက်တတ်တာကြောင့် ပိုက်ဆံသာ ကုန်သွားပြီး တစ်ရုပ်မှ မရလိုက်ပေ။
မိန်းကလေးသည် လက်လျှော့ခြင်းမရှိပဲ နောက်ရက်တွေမှာ ကုန်တိုက်တွင် ဈေးဝယ်ထွက်တိုင်း ထိုအရုပ်ကောက်စက်မှာ ၁ နာရီကနေ ၃ နာရီလောက်ထိ အချိန်ပေးကာ ကြိုးစားကောက်ခဲ့စဉ်အလိုအလျောက်ဝက်ဝံရုပ်အားလော့ကျသွားစေမည့်နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီးကောက်ခဲ့ရာ အရုပ်များစွာ ကောက်ယူနိုင်ခဲ့၍ လက်တွန်းလှည်းလေးနဲ့ပင် သယ်ဆောင်သွားခဲ့ရသည်။
မိန်းကလေးသည် အရုပ်ကောက်နည်းကို သိရှိပြီး နေ့တိုင်းလိုလို အကြွေစေ့လေးတွေလဲကာ ထိုအရုပ်ဆိုင်ရှေ့တွင် နာရီဝက် တစ်နာရီအကြာ အချိန်ကုန်ခံပြီး အရုပ်များစွာ ကောက်ယူခဲ့ပြီးနောက် စုဆောင်းထားခဲ့ရာ ၂လ အတွင်းကို အရုပ်ပေါင်း ၈၀၀ကျော်ထိ ရရှိခဲ့သည်။
Credit
Zawgyi
ကုန္တိုက္တစ္ခုရွိ အ႐ုပ္ေကာက္သည့္စက္ကေန ၂လအတြင္း အ႐ုပ္ေပါင္း ၈၀၀ ကို ေကာက္ယူႏိုင္ခဲ့သည့္ မိန္းကေလး
ေစ်းဝယ္စင္တာအမ်ားစုမွာ ေဖာက္သည္တို႔ရဲ႕ အာ႐ုံကို ဖမ္းစားထားသည့္ အေႂကြေစ့ေလးထည့္လိုက္တာနဲ႔ ကိုယ္ႏွစ္သက္ရာအ႐ုပ္ကို ေကာက္ယူႏိုင္သည့္ ဂိမ္းစက္ႀကီးမ်ားကို ထားရွိေပးလ်က္ရွိသည္။
သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ အသက္၂၉ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ သူငယ္ခ်င္းေတြနဲ႔အတူ ကုန္တိုက္တစ္ခုမွာ ေစ်းဝယ္ထြက္ရာတြင္ အ႐ုပ္ေကာက္စက္ႀကီးအား ျမင္ၿပီး အေႂကြေစ့လဲကာ အစမ္းေကာက္ၾကည့္ခဲ့သည္။
မိန္းကေလးသည္ ဝက္ဝံ႐ုပ္ေလးေတြကို အထူးႏွစ္သက္သူျဖစ္ၿပီး အစပိုင္းတြင္ မေကာက္တတ္တာေၾကာင့္ ပိုက္ဆံသာ ကုန္သြားၿပီး တစ္႐ုပ္မွ မရလိုက္ေပ။
မိန္းကေလးသည္ လက္ေလွ်ာ့ျခင္းမရွိပဲ ေနာက္ရက္ေတြမွာ ကုန္တိုက္တြင္ ေစ်းဝယ္ထြက္တိုင္း ထိုအ႐ုပ္ေကာက္စက္မွာ ၁ နာရီကေန ၃ နာရီေလာက္ထိ အခ်ိန္ေပးကာ ႀကိဳးစားေကာက္ခဲ့စဥ္အလိုအေလ်ာက္ဝက္ဝံ႐ုပ္အားေလာ့က်သြားေစမည့္နည္းလမ္းကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေကာက္ခဲ့ရာ အ႐ုပ္မ်ားစြာ ေကာက္ယူႏိုင္ခဲ့၍ လက္တြန္းလွည္းေလးနဲ႔ပင္ သယ္ေဆာင္သြားခဲ့ရသည္။
မိန္းကေလးသည္ အ႐ုပ္ေကာက္နည္းကို သိရွိၿပီး ေန႔တိုင္းလိုလို အေႂကြေစ့ေလးေတြလဲကာ ထိုအ႐ုပ္ဆိုင္ေရွ႕တြင္ နာရီဝက္ တစ္နာရီအၾကာ အခ်ိန္ကုန္ခံၿပီး အ႐ုပ္မ်ားစြာ ေကာက္ယူခဲ့ၿပီးေနာက္ စုေဆာင္းထားခဲ့ရာ ၂လ အတြင္းကို အ႐ုပ္ေပါင္း ၈၀၀ေက်ာ္ထိ ရရွိခဲ့သည္။
Credit