ကပ်သမျှင်ငါး စီဗောင်းမှ မမျှော်လင့်ပဲ ကျပ်သိန်း (၁၄၀) ရရှိ
ကပ်သမျှင်ငါး စီဗောင်းမှ မမျှော်လင့်ပဲ ကျပ်သိန်း (၁၄၀) ရရှိခဲ့တဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ဇွန်လ ၆ ရက်နေ့ ယနေ့မှာ ရန်ကုန်မြို့ရှိရွှေပိတောက်ငါးဈေးတွင်ကုန်သည်တစ်ဦးက ၁၄ ပိဿာဝန်းကျင်သာရှိတဲ့ကပ်သမျှင်ငါးမှ မမျှော်လင့်ဘဲ ငွေကျပ်သိန်း ၁၄၀ ရရှိခဲ့တယ်လို့ဆိုပါတယ်။
ပုံမှန်အားဖြင့် ကပ်သမျှင်ငါး ပိဿာ(၂၀)ဝန်းကျင်ငါးတစ်ကောင်မှ စီဗောင်းခန့်မှန်းခြေ (၂၀)သားခန့်သာ ထွက်ရှိလေ့ရှိရာ ယခုတစ်ခေါက်တွင် ၁၄ ပိဿာခန့်သာရှိသော ကပ်သမျှင်ငါးမှ မမျှော်လင့်ဘဲ စီဗောင်း (၅၅)ကျပ် သားရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
အဆိုပါကပ်သမျှင်ငါးမှာ လပွတ္တာမြို့နယ်မှငါးကုန်သည်တစ်ဦးက ရန်ကုန်မြို့ငါးဈေးရှိပွဲရုံသို့တင်ပို့လိုက်ခြင်းဖြစ်ပြီးစီဗောင်းဝယ်သူက သိန်း ၁၄၀ ကျပ်ဖြင့်ဈေးပေးပြီးဖြစ်ကြောင်းသိရသည်။ကပ်သမျှင်ငါးသည် ဈေးကွက်အတွင်း စီဗောင်းပါငါးအရွယ်အစားအနေဖြင့်ရရှိမှုရှားပါးကာ ရေလုပ်ငန်းလုပ်ကိုင်သူများ၏အဆိုအရကပ်သမျှင်ကို မိုးရာသီတွင်ရရှိတတ်လေ့ရှိကြောင်း သိရသည်။
ကပ်သမျှင်ငါး စီဗောင်းအား ဆေးဝါးဖော်စပ်ရန်နှင့်တန်ဖိုးကြီးရေမွှေးကဲ့သို့ ကုန်များထုတ်လုပ်ရာတွင် အသုံးပြုကြပြီး အာရပ်နိုင်ငံတွင် မီးနေသည်အတွက် စီဗောင်းအား မီးရှို့ကာအငွေ့ရှူကြကာ တရုတ်နိုင်ငံတွင်ဆေးဝါးနှင့်လက်ဆောင်ပစ္စည်းအဖြစ်အသုံးပြုကြတာဖြစ်တယ်လို့ ဆိုပါတယ်။
Crd
ကပ္သမွ်င္ငါး စီေဗာင္းမွ မေမွ်ာ္လင့္ပဲ က်ပ္သိန္း (၁၄၀) ရရွိ
ကပ္သမွ်င္ငါး စီေဗာင္းမွ မေမွ်ာ္လင့္ပဲ က်ပ္သိန္း (၁၄၀) ရရွိခဲ့တဲ့ ထူးဆန္းတဲ့ျဖစ္ရပ္ဇြန္လ ၆ ရက္ေန႔ ယေန႔မွာ ရန္ကုန္ၿမိဳ႕ရွိေ႐ႊပိေတာက္ငါးေဈးတြင္ကုန္သည္တစ္ဦးက ၁၄ ပိႆာဝန္းက်င္သာရွိတဲ့ကပ္သမွ်င္ငါးမွ မေမွ်ာ္လင့္ဘဲ ေငြက်ပ္သိန္း ၁၄၀ ရရွိခဲ့တယ္လို႔ဆိုပါတယ္။
ပုံမွန္အားျဖင့္ ကပ္သမွ်င္ငါး ပိႆာ(၂၀)ဝန္းက်င္ငါးတစ္ေကာင္မွ စီေဗာင္းခန႔္မွန္းေျခ (၂၀)သားခန႔္သာ ထြက္ရွိေလ့ရွိရာ ယခုတစ္ေခါက္တြင္ ၁၄ ပိႆာခန႔္သာရွိေသာ ကပ္သမွ်င္ငါးမွ မေမွ်ာ္လင့္ဘဲ စီေဗာင္း (၅၅)က်ပ္ သားရရွိခဲ့ျခင္းျဖစ္တယ္လို႔သိရပါတယ္။
အဆိုပါကပ္သမွ်င္ငါးမွာ လပြတၱာၿမိဳ႕နယ္မွငါးကုန္သည္တစ္ဦးက ရန္ကုန္ၿမိဳ႕ငါးေဈးရွိပြဲ႐ုံသို႔တင္ပို႔လိုက္ျခင္းျဖစ္ၿပီးစီေဗာင္းဝယ္သူက သိန္း ၁၄၀ က်ပ္ျဖင့္ေဈးေပးၿပီးျဖစ္ေၾကာင္းသိရသည္။ကပ္သမွ်င္ငါးသည္ ေဈးကြက္အတြင္း စီေဗာင္းပါငါးအ႐ြယ္အစားအေနျဖင့္ရရွိမႈရွားပါးကာ ေရလုပ္ငန္းလုပ္ကိုင္သူမ်ား၏အဆိုအရကပ္သမွ်င္ကို မိုးရာသီတြင္ရရွိတတ္ေလ့ရွိေၾကာင္း သိရသည္။
ကပ္သမွ်င္ငါး စီေဗာင္းအား ေဆးဝါးေဖာ္စပ္ရန္ႏွင့္တန္ဖိုးႀကီးေရေမႊးကဲ့သို႔ ကုန္မ်ားထုတ္လုပ္ရာတြင္ အသုံးျပဳၾကၿပီး အာရပ္ႏိုင္ငံတြင္ မီးေနသည္အတြက္ စီေဗာင္းအား မီးရႈိ႕ကာအေငြ႕ရႉၾကကာ တ႐ုတ္ႏိုင္ငံတြင္ေဆးဝါးႏွင့္လက္ေဆာင္ပစၥည္းအျဖစ္အသုံးျပဳၾကတာျဖစ္တယ္လို႔ ဆိုပါတယ္။
Crd