Credit;
ဇာတ်ပို့သရုပ်ဆောင်တွေကို ခွဲခြားဆက်ဆံတတ်တဲ့ မင်းသားမင်းသမီးတွေကို ထိမိတဲ့စကားလုံးတွေနဲ့ ဒဲ့ပြောလာတဲ့ သရုပ်ဆောင်ဒေါင်းဝေ
ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်ဒေါင်းဝေဟာ ဆိုရင် ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီးအနုပညာလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်မှာ ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။
မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ မိုးအောင်ရင်နဲ့ လမင်းကဗျာတို့ ပြဿနာမှာ မိုးအောင်ရင်က လမင်းကဗျာကို နှိမ့်ချပြီး ဆက်ဆံခဲ့ တာကြောင့် သူ့အနေနဲ့ လမင်းကဗျာဘက်ကနေ နာတယ်ဆိုပြီး ပြောလာခဲ့ပါတယ်။
ဒေါင်းဝေက “နာလား ဆိုတော့ သိပ်နာတာပေါ့။ ကျွန်တော် တို့ အနုပညာမောင်နှမတွေ ကို ဖြတ်လျှောက် ဘဝက တက်လာတဲ့ ဇာတ်ပို့ ဇာတ်ရံ တွေမို့ တစ်ချို့တွေ ခုချိန်ထိ တန်း ခွဲခြားဆက်ဆံ နှိမ်တုန်းဆိုတာ public မှာချပြချင်ခဲ့တာ။ ဒီလောကမှာ လိုတွေလဲရှိပါလားဆိုတာ ပရိတ်သတ်တွေ ဘယ်သူမှ ယုံမှာကြမှာမဟုတ်ဖူး ။ ခု မျက်နှာဖုံးတွေ သူတို့ကိုယ်တိုင်ဆွဲချွတ်ကြတာ။ ဆက်ချွတ်ကြပါ….OK” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပွင့်ပွင့်လင်းလင်းပြောလာခဲ့တာပဲဖြစ်ပါတယ်။
Credit;