တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦး၏ ထူးဆန်းလှသောအဖြစ်အပျက်လေးဟာ အံ့သြဖွယ်ရာ ကောင်းလှပါတယ်။သာမန်ဆိုလျှင် လူတစ်ဦးသည် သန်းပေါင်းများစွာရရှ်သောထီဆုကို ရရှိခဲ့ပြီဆိုလျှင် မိသားစုနှင့်အတူ ပျော်ရွင်စွာ အောင်ပွဲခံနေမှာသေချာပါတယ်။
သို့သော်လည်း Guangxiမြို့တွင်နေထိုင်သောအမျိုးသားဟာ ယွမ်၁၆၀ဖြင့် ထီလက်မှတ်သုံးဆောင်ဝယ်ယူခဲ့ရာမှ ၂၁၉သန်းရမည့် ထီဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ထိုအခါ ထီပေါက်တာကိုသိသွားခဲ့လျှင် မိန်းမနဲ့သားဖြစ်သူတို့ဟာ အလုပ်မကြိုးစားတော့မှာစိုးရိမ်လို့ အဝါရောင်ကာတွန်းဇာတ်ကောင် mascot suitဝတ်ဆင်ပြီး ဆုသွားယူခဲ့တာဖြစ်ပါတယ်။
ထို့နောက် ဆုယူခဲ့ပြီးသည်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ရန် ယွမ်၅သန်းကို ချက်ချင်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ယွမ်၂၁၉ သန်းအထိရရှိခဲ့သည့် ထီဆုကြီးကို ဆွတ်ခူးနိုင်ခဲ့သော်လည်း မိန်းမနဲ့ သားဖြစ်သူ သိသွားမှာစိုးရိမ်လို့ ကာတွန်းဇာတ်ကောင်ပုံကို ဝတ်ဆင်ပြီး ဆုတတ်ယူခဲ့သည့်အမျိုးသား
Shoon (Cele Daily)
Credit