အထက်တန်းကျောင်းသားဘဝကနေ ၁၀နှစ်ကြာသည်ထိ လက်တွဲမဖြုတ်ခဲ့ပဲ အိပ်မက်တွေအကောင်အထည်ဖော်ပြီးမှ လက်ထပ်ခဲ့ကြသည့် ချစ်သူစုံတွဲ
တကယ်ချစ်ကြသည့် ချစ်သူစုံတွဲတိုင်းသည် အနားမှာရှိသည်ဖြစ်စေ ဝေးကွာနေသည်ဖြစ်စေ အချိန်တွေ ဘယ်လောက်ပဲကြာကြာ သစ္စာမပျက် ချစ်ခြင်းမေတ္တာမပြတ် ချစ်မြဲချစ်ကြသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် ချစ်သူစုံတွဲနှစ်ဦးသည် အထက်တန်းကျောင်းသားဘဝကတည်းက ချစ်ကြိုက်လာခဲ့ရာကနေ ဘွဲ့ရပြီး အလုပ်အကိုင်တွေ ကိုယ်စီရသည်ထိကို လက်မထပ်ခဲ့ကြသေးပေ။
သူတို့နှစ်ဦးလုံးသည် ချမ်းသာသော မိသားစုမှ မွေးဖွားလာခဲ့တာ မဟုတ်၍ အခက်အခဲပေါင်းစုံနှင့် ကြုံတွေ့ခဲ့ရပေမယ့် ၁၀နှစ်ကြာသည်ထိ တစ်ယောက်ကိုတစ်ယောက် အချစ်မလျော့ပဲ သစ္စာရှိရှိ လက်တွဲခဲ့ကြသည်။
သူတို့နှစ်ဦးသည် ကျောင်းတွေပြီးစီး၍ အလုပ်အကိုင် အတည်တကျရှိချိန်တွင် နှစ်ယောက်တူတူနေရန်အတွက် ဇိမ်ခံတိုက်အိမ်ကြီးတစ်လုံးကို အရင်ဆောက်လုပ်ခဲ့ကြပြီး ပြည့်စုံလောက်ပြီဆိုမှ လက်ထပ်ခဲ့ကြကာ လက်ရှိတွင် သားသမီးနှစ်ယောက်နှင့်အတူ ပျော်ရွှင်သာယာသော မိသားစုဘဝကို ပိုင်ဆိုင်ထားပြီး အများရဲ့ အားကျခြင်းများစွာကို ခံနေရသည်။
Rain (For Ialinks)
Zawgyi
Rain (For Ialinks)
credit