ဘာလို့ရှေ့မီးဖွင့်မောင်းရတာလဲလို့ ခနခနလာမေးကြလို့ တင်ပေးလိုက်ပါတယ်ရှင့်

Unicode Version

ဘာလို့ရှေ့မီးဖွင့်မောင်းရတာလဲလို့ ခနခနလာမေးကြလို့ တင်ပေးလိုက်ပါတယ်ရှင့်

မိဘပြည်သူများရှင့်

ကျွန်တော်ကျွန်မတို့က မီးဖွင့်မောင်းဆိုလို့သာ မောင်းလိုက်ရယ်…..ဘာလို့ဖွင့်မောင်းရတာလဲလို့ ကျွန်မကိုမေးမြန်းနေသော ပြည်သူများရှင့်…..

ရှေ့မီးအနိမ့်ကို ဘာကြောင့်နေ့/ညဖွင့်မောင်းရလဲဆိုရင် အဓိကရည်ရွယ်ချက်က. ယာဉ်အန္တရာယ် လျော့ကျစေရန် ရည်ရွယ်ပါတယ်ရှင့်…..

ကုန်တင်ကားအများစုဟာ ကားကိုယ်ထည်နှင့်အမြင့်ထက်ကျော်လွန်ပြီးကုန် ပစ္စည်းတင်​ဆောင်လာကြတဲ့အခါ နောက်မြင်ကွင်းကျဉ်းတတ်ပါတယ် ….



အဲသလို ကားမျိုးနဲ့ကြုံဆုံရတဲ့အခါ မိမိက ရှေ့မီးအနိမ့်လေးဖွင့်မောင်းလာရင် မိမိရဲ့မီးရောင်းကို ကားသမားမြင်ပြီး ယာဉ်ကြောမပြောင်းခဲ့ရင် ယာဉ်တိုက်မူမဖြစ်နိုင်ပါ….

နောက်တစ်ချက်က ဇိမ်ခံကားမောင်းနှင်လာကြတဲ့သူ လူအများစုဟာ ကားကိုမှန်အလုံပိတ် အဲကွန်းဖွင့်/သီချင်း နားထောင်ရင်း

ကားမောင်းလာမိတဲ့အခါ ပြင်ပက ဆိုင်ကယ်ဟွန်းတီးသံကို မကြားနိုင်ပါ….။

အဲသလိုအခါမျိုးမှာ အထက်မှပြောခဲ့သလိုဘဲ ရှေ့မီးအနိမ့်ဖွင့်မောင်းလာခဲ့ရင် မိမိရဲ့ဟွန်းသံမကြားရရင်တောင်

မိမိဆိုင်ကယ်ရဲ့ မီးရောင်ကိုမြင်ပြီး ယာဉ်ကြောမပြောင်းခဲ့ရင် ယာဉ်တိုက်မူမဖြစ်နိုင်ပါ….။

နောက်တစ်ချက်က. မိမိရဲ့မော်တော်ယာဉ်/သူများ ရဲ့ မော်တော်ကားက လမ်းသွယ်လမ်းကြားမှ ထွက်လာတဲ့အခါမှာ မိမိအချက်ပေးတဲ့ ဟွန်းသံကိုမကြားရရင် ….

မိမိဖွင့်လာတဲ့ မီးရောင်ကိုမြင်ပြီ အရ်ှိန်လျှော့/ရပ်တန့်ပေးမည်ဆိုရင် ယာဉ်တိုက်မူမဖြစ်နိုင်ပါ….။

အဲဒါကြောင့် ၂၀၂ဝပြည့်မော်တော်ယာဉ်စီမံခန့်ခွဲမူဥပဒေမှာရှေ့ မီးအနိမ့်ကိုနေ့/ညဖွင့်မောင်းဖို့ ပြဌာန်းထားပါတယ်ရှင့်….

သိရှိသွားပြီဆိုရင် မိဘပြည်သူများ ရှေ့မီးအနိမ့်ကို နေ့/ည ဖွင့်မောင်းပေးကြပါစို့လားရှင့်….။

ကျေးဇူးတင်ပါတယ် ရှင့်…..။

Crd Ba Sheain / MMS

Zawgyi

ဘာလို့ရှေ့မီးဖွင့်မောင်းရတာလဲလို့ ခနခနလာမေးကြလို့ တင်ပေးလိုက်ပါတယ်ရှင့်

မိဘပြည်သူများရှင့်

ဘာလို့ရှေ့မီးဖွင့်မောင်းရတာလဲလို့ ခနခနလာမေးကြလို့ တင်ပေးလိုက်ပါတယ်ရှင့်

ကျွန်တော်ကျွန်မတို့က မီးဖွင့်မောင်းဆိုလို့သာ မောင်းလိုက်ရယ်…..ဘာလို့ဖွင့်မောင်းရတာလဲလို့ ကျွန်မကိုမေးမြန်းနေသော ပြည်သူများရှင့်…

ရှေ့မီးအနိမ့်ကို ဘာကြောင့်နေ့/ညဖွင့်မောင်းရလဲဆိုရင် အဓိကရည်ရွယ်ချက်က. ယာဉ်အန္တရာယ် လျော့ကျစေရန် ရည်ရွယ်ပါတယ်ရှင့်…..

ကုန်တင်ကားအများစုဟာ ကားကိုယ်ထည်နှင့်အမြင့်ထက်ကျော်လွန်ပြီးကုန် ပစ္စည်းတင်ဆောင်လာကြတဲ့အခါ နောက်မြင်ကွင်းကျဉ်းတတ်ပါတယ် ….

အဲဒီလို နောက်မြင်ကွင်းကျဉ်းတဲ့ ကုန်တင်ကားမျိုးကို မိမိမောင်းနှင်းလာတဲ့ ဆိုက်ကယ်က ကျော်တက်တဲ့အခါမျိုးမှာ မိမိအချက်ပေးတဲ့ ဟွန်းသံကို မကြားရဘဲ …..

မိမိကျော်တက်ဖို့ ယူထားတဲ့ ဘယ်ဘက်ယာဉ်ကြောကို ကုန်တင်ကားက ယာဉ်ကြောပြောင်းတဲ့အခါမျိုးမှာ ယာဉ်တိုက်မူ ဖြစ်စေနိုင်ပါတယ်ရှင့်…..

အဲသလို ကားမျိုးနဲ့ကြုံဆုံရတဲ့အခါ မိမိက ရှေ့မီးအနိမ့်လေးဖွင့်မောင်းလာရင် မိမိရဲ့မီးရောင်းကို ကားသမားမြင်ပြီး ယာဉ်ကြောမပြောင်းခဲ့ရင် ယာဉ်တိုက်မူမဖြစ်နိုင်ပါ….

နောက်တစ်ချက်က ဇိမ်ခံကားမောင်းနှင်လာကြတဲ့သူ လူအများစုဟာ ကားကိုမှန်အလုံပိတ် အဲကွန်းဖွင့်/သီချင်း နားထောင်ရင်း

ကားမောင်းလာမိတဲ့အခါ ပြင်ပက ဆိုင်ကယ်ဟွန်းတီးသံကို မကြားနိုင်ပါ….။

အဲသလိုအခါမျိုးမှာ အထက်မှပြောခဲ့သလိုဘဲ ရှေ့မီးအနိမ့်ဖွင့်မောင်းလာခဲ့ရင် မိမိရဲ့ဟွန်းသံမကြားရရင်တောင်

မိမိဆိုင်ကယ်ရဲ့ မီးရောင်ကိုမြင်ပြီး ယာဉ်ကြောမပြောင်းခဲ့ရင် ယာဉ်တိုက်မူမဖြစ်နိုင်ပါ….။

နောက်တစ်ချက်က. မိမိရဲ့မော်တော်ယာဉ်/သူများ ရဲ့ မော်တော်ကားက လမ်းသွယ်လမ်းကြားမှ ထွက်လာတဲ့အခါမှာ မိမိအချက်ပေးတဲ့ ဟွန်းသံကိုမကြားရရင် ….

မိမိဖွင့်လာတဲ့ မီးရောင်ကိုမြင်ပြီ အရ်ှိန်လျှော့/ရပ်တန့်ပေးမည်ဆိုရင် ယာဉ်တိုက်မူမဖြစ်နိုင်ပါ….။

အဲဒါကြောင့် ၂၀၂၀ပြည့်မော်တော်ယာဉ်စီမံခန့်ခွဲမူဥပဒေမှာရှေ့ မီးအနိမ့်ကိုနေ့/ညဖွင့်မောင်းဖို့ ပြဌာန်းထားပါတယ်ရှင့်….

သိရှိသွားပြီဆိုရင် မိဘပြည်သူများ ရှေ့မီးအနိမ့်ကို နေ့/ည ဖွင့်မောင်းပေးကြပါစို့လားရှင့်….။

ကျေးဇူးတင်ပါတယ် ရှင့်…..။

Crd Ba Sheain / MMS

Leave a Comment