အဆီသီးသန့်ချချင်သူများအတွက် နည်းလမ်းကောင်းလေး


အဆီ သီးသန့်ချချင်သူတွေ လူပိန်ချင်တာ မျိုးမ ဟုတ်ပဲ ဗိုက်ခေါက် အဆီ ၊ ခါးဆီ ၊ ကျောဆီလို အဆီ ပို တွေပဲ ကျချင် တဲ့ ဆိုသူများ အတွက် ဆေးနည်းကောင်း လေး အချိန်ကုန်သက်သာ တဲ့ လွယ်ကူတဲ့ နည်းလမ်း ဖြစ်ပေမယ့် နည်းလမ်းမှန်မှန် နဲ့ တော့ ဇွဲရှိရှိ လုပ်ရပါမယ်။

ပါဝင်တဲ့ ပစ္စည်းများ ကတော့ သံပုရာသီး တစ်လုံး၊ ဂျင်း လက် တစ်ဆစ်ခန့် နဲ့ ပျားရည် (၂)ဇွန်းခန့် ပါဝင်ပါတယ်နော်။ လုပ်ရမှာကတော့ ပထမဆုံး သံပုရာသီး နဲ့ဂျင်း လက်တစ်ဆစ် ကို အခွံ မခွါပဲ ရေစင်စင် ဆေးပါ ။ပြီးလျှင် နှစ်မျိုးလုံး ကို အကွင်းလိုက် ပါးပါးလေး လှီးပေးပါ ကော်ဖီ တစ်ခွက် စာ အဖုံးပါ သော ကြွေ သို့ ဖန်ခွက် တစ်ခွက်ထဲ သို့ထည့်ပြီး ပျားရည် ထမင်းစားဇွန်း (၂) ဇွန်းထည့်ပါ ။

 

(ပျားရည် ကို ဆီးချိုရောဂါရှိ တယ်ဆို လျှော့ထည့်ပါ အလွယ်ကူဆုံး အနေနဲ့ Fame ပျားရည် ကို သုံးနိုင် ပါတယ် ) ပြီးရင် ရေနွေး ဆူဆူ (ရိုးရိုးရေနွေးအဖြူ) လောင်းထည့်ပြီး အဖုံးအုပ် ထားပေးပါ ။

နာရီဝက် ခန့်နေလျှင် ရေနွေးနွေး လေးအနေ အထားမှာ ဇွန်းဖြင့် မွှေပေးပြီး အရည် တစ်ခွက်လုံး သောက်ပါ အဖတ်တွေ ကိုလွှင့်ပစ်ရပါမယ် သတိထားရ မှာကတော့ ညမအိပ် ခင် အစားအသောက် အကုန်စားပြီး ချိန်နဲ့ နာရီဝက် ခန့်ခွာ ပြီး သောက် ရပါမယ် ။၎င်း ရေနွေးသောက်ပြီး အစာ မစားတော့လျှင် အကောင်းဆုံးပါပဲ။

 

 

အနှစ်နှစ် အလအလ အဆီပို တွေဖြစ်တဲ့ အတွက် အနည်းဆုံး (၁၀) ခန့်တော့ ပုံမှန်သောက် ကြည့်ပေးပါ သိသာတယ် ဆို ဆက်သောက် ချင်လာပါလိမ့်မယ် စာရေးသူ သောက်တာ ရက် (၂၀)လောက်ရှိပါပြီ သိသာ ပါတယ် ညီမလေးတစ်ယောက်ဆီ ကရတဲ့ နည်း ကို ပြန်ပြီး မျှဝေပေးတာပါ ။

သိသာလို့ လက်တို့ လိုက်ပါတယ်နော်။ အမျိုးသမီးရော အမျိုးသား များပါ သောက်သုံး နိုင်ပါတယ် ။ဒါပေမယ့် နို့ တိုက်မိခင်များ နဲ့ ကိုယ်ဝန်ရှိ အမျိုးသမီးများ မသောက် သင့်ပါဘူး ။ လူနည်းစု အနေနဲ့ သောက်နေ တုန်း အခန့်မသင့် ဗိုက်အောင့် ဗိုက်နာဖြစ်လာ တာမျိုး Pressure ကျလာတယ် ဆိုတဲ့ လူမျိုးတွေတော့ ဆက်မသောက် သင့်ပါဘူးရှင် ပျားရည်နဲ့ ဂျင်း ပါဝင်တာကြောင့် သုံးမျိုး ပေါင်းပြီး ထိန်းပေးသွား တယ်လို့ ထင်ပါတယ်။ သောက်တာက လည်း ညအချိန် ဖြစ်တော့အစာ တွေ ရှိနေပြီလေ အစာအိမ် ကို မထိခိုက်နိုင်ပါဘူး

အလွန်အကျွံ ဘေးထွက် ဆိုးကျိုးတော့ ဖြူ မကြုံဖူးသေးပါဘူး ။ကိုယ်လိုချင် သလောက် အတိုင်း အတာရပြီ ဆိုရင် နေ့တိုင်း မသောက်ပဲ တစ်ပတ်မှာ (၃)ရက်လောက်ပဲ သောက် ပါရှင် စရိတ်နည်း တဲ့ နည်းမို့ လို့ ထိန်းညှိ ပြီး လိုသလိုသုံး ကြည့်ကြပေါ့ ပိုပြီး ထိရောက်ချင်ရင်တော့ ဒါလည်း သောက်မယ် လေ့ကျင့်ခန်း လည်း လုပ်မယ် အစားလည်း အနည်းငယ် (အဆီများ တဲ့အစား အစာ) ရှောင်မယ် ဆို သိပ်ကို ထိ ရောက်မှာပါ ။ဒါသောက်တာ က အဆီပြင်တွေ ကို ပျော့ပျောင်းလာစေ ပြီး လေ့ကျင့်ခန်း ကြောင့် ကျစ်လစ် လာမှာပါ ။

ခရက်ဒစ်

 

Leave a Comment