ကြီးမားတဲ့ ပန်းကန်လုံးထဲက ပင်လယ်စာတွေကို တစ်ယောက်တည်း အကုန်စားပစ်ခဲ့တာကြောင့် ဘူဖေးဆိုင်ရှင်အံ့သြခဲ့ရတဲ့ မိန်းကလေး
မကြာသေးမီက မိန်းကလေးတစ်ဦးဟာ Hebei ပြည်နယ်ရှိ ဘူဖေးစားသောက်ဆိုင်သို့ ပင်လယ်စာစားရန် သွားခဲ့ပါတယ် ။ သူမဟာ ပိန်းညှင်းတွေကို ၁၁၈ ယွမ်နဲ့ပေးပြီး ဝယ်စားခဲ့ပါတယ် ။ ဘူဖေးစားသောက်ဆိုင်တွေမှာ ဧည့်သည်များက ငွေအနည်းငယ်သုံးပြီး အလဟဿမဖြုန်းတီးဘဲ ကြိုက်သလောက် စားသောက်နိုင်တာကြောင့် သူမက ပိန်းညှင်းပန်းကန်အကြီးကြီးကို နစ်ယောက်တည်းနဲ့ တစ်ထိုင်တည်း ကုန်အောင်စားနိုင်ခဲ့ပါတယ် ။
သူမရဲ့ စားပွဲပေါ်မှာ တစ်ချက်ကြည့်လိုက်လျှင် ပိန်းညှင်းအခွံတွေ အများကြီးရှိနေတာကို တွေ့ရပါတယ် ။ဗီဒီယိုထဲမှာတော့ ဆိုင်ရှင်က မိန်းကလေးရဲ့ စားပွဲနားကို ချဉ်းကပ်လာပြီး ရွဲ့စောင်းတဲ့လေသံနဲ့ ”
ဟေး၊ ဒီပုစွန်သားအစာအတွက် မင်းဘယ်လောက်ပေးခဲ့ရလဲ? ၁၁၈ ယွမ်၊ အကန့်အသတ်မရှိ စားနပ်ရိက္ခာ ဟုတ်တယ်မလား?” လို့ ပြောပြီး မိန်းကလေးက အလွန်အရှက်ကွဲသွားပြီး ခေါင်းကိုငုံ့ကာ ပြုံးပြီး “ကျွန်မကတော့ ပိန်းညှင်းစားရတာကြိုက်တယ်” လို့ဘဲ ပြန်ဖြေပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ ဘာမှမဖြစ်ခဲ့သလိုဘဲ စားသောက်မှုကို ဆက်လက်ခံစားခဲ့ပါတယ် ။
Zawgyi
credit