အိပ်ပျော်နေစဉ် ဖုန်းအားသွင်းရင်း ဝါယာကြိုးများ အရည်ပျော်ပြီးနောက် သခင်ဖြစ်သူကို အန္တရာယ်မှ ကယ်တင်နိုင်ခဲ့တဲ့ ခွေးလေး
Charles Rafols အမည်ရှိ အမျိုးသားတစ်ဦးဟာ အိပ်ပျော်နေစဉ် သူ့ရဲ့ခွေးက သူ့ကို အန္တရာယ်မှ ကယ်တင်ပေးခဲ့ပြီးနောက်
Facebook မှာ သူ့ခွေးအတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။
Rafols ရဲ့ အဆိုအရ သူက အခန်းထဲမှာ ဖုန်းအားသွင်းထားပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်
သူ့ခွေးရဲ့ အဆက်မပြတ်ဟောင်သံကို ကြားပြီး လန့်နိုးခဲ့ပါတယ် ။
ထိုအချိန်မှာ သူ့ဖုန်းကို အခြားသောအားသွင်းကြိုးနဲ့ သုံးခဲ့တာကြောင့် အားသွင်းခေါင်းကပူလာပြီး
၎င်းအပူက ဝါယာကြိုးများအရည်ပျော်သွားတာကို Rafols မသိခဲ့ပါဘူး ။
သူ့ခွေးလေး Taff ရဲ့ ကျေးဇူးကြောင့် Rafols အချိန်မီနိုးခဲ့ပြီး ဖုန်းကို အမြန်ဖြုတ်လိုက်ပါတယ် ။
သူသာအချိန်မှီ မဖြုတ်လိုက်ဘူးဆိုရင် မီးစတင်လောင်ကျွမ်းစေနိုင်ပါတယ် ။ သူ့မှာခွေးမရှိရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မလဲ ။
Rafols က အခြားသူတွေကို သူတို့အိပ်နေစဉ် ဖုန်းတွေ အားမသွင်းရန်နဲ့ မတော်တဆမှုများမဖြစ်အောင်ကာကွယ်ရန်
မကိုက်ညီတဲ့ စွဲချက်များကိုမသုံးရန် သတိပေးခဲ့ပါတယ် ။
crd