ရှားပါးရောဂါကြောင့် ၂ နှစ်အရွယ်ကလေးငယ်လိုသာ ဖြစ်နေရသည့် အသက် ၃၁နှစ်အရွယ်သမီးလေးအား မေတ္တာမပြတ်ပြုစုကျွေးမွေးခဲ့သော ကြင်ဖော်မဲ့မိခင် (ရုပ်သံ

ရှားပါးရောဂါကြောင့် ၂ နှစ်အရွယ်ကလေးငယ်လိုသာ ဖြစ်နေရသည့် အသက် ၃၁နှစ်အရွယ်သမီးလေးအား မေတ္တာမပြတ်ပြုစုကျွေးမွေးခဲ့သော ကြင်ဖော်မဲ့မိခင် (ရုပ်သံ)

ရှားပါးရောဂါကြောင့် ၂ နှစ်အရွယ်ကလေးငယ်လိုသာ ဖြစ်နေရသည့် အသက် ၃၁နှစ်အရွယ်သမီးလေးအား မေတ္တာမပြတ်ပြုစုကျွေးမွေးခဲ့သော ကြင်ဖော်မဲ့မိခင် (ရုပ်သံ)

မိဘတို့၏ သားသမီးအပေါ်ထားသော မေတ္တာသည် ဘယ်သောအခါမှ ကုန်ဆုံးသည်မရှိပဲ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နက်ရှိုင်းလှသည်။

 

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၃၁ နှစ်အရွယ် မိန်းကလေးသည် ငယ်စဉ်က အပြင်းအထန်ဖျားပြီးနောက်

ကြီးထွားမှုနှုန်းရပ်တန့်ခဲ့ရာ ယခုချိန်ထိပင် ၂နှစ်သမီးလေးဖြစ်နေဆဲ ဖြစ်သည်။

 

မိန်းကလေးသည် အရပ် ၇၀စင်တီမီတာသာရှိပြီး ခန္ဓာကိုယ်အလေးချိန်မှာ ၁၃ကီလိုဂရမ်သာရှိသည့်အတွက် မိဘတို့ကို

ဘာတစ်ခုမှ မလုပ်ကူနိုင်သလို ကိုယ့်ကိုယ်ကိုပင် လမ်းလျှောက်ဖို့ ခက်ခဲနေခဲ့သည်။

မိန်းကလေးသည် ၆လသားအရွယ်လေးမှာ တီဘီကာကွယ်ဆေးထိုးပြီးနောက် အဖျားကြီးခဲ့ရာ မိဘနှစ်ပါးမှာလည်း သူတို့သမီးလေးအား

ချစ်သည့်စိတ်နှင့် ငွေကြေးမတတ်နိုင်သည့်ကြားက ချေးငှားပြီး ဆေးရုံဆေးခန်းသို့ အခေါက်ခေါက် အခါခါ

သွားရောက် ကုသခဲ့သော်လည်း အခြေအနေက ထူးမလာခဲ့ပေ။

 

ထို့နောက် ဖခင်ဖြစ်သူမှာ ကွယ်လွန်သွားခဲ့ပြီး စားဝတ်နေရေးကတစ်ဖက် သမီးလေးအား ပြုစုပေးဖို့ရာက တစ်ဖက်ဖြစ်နေရသော်လည်း

မိခင်ဖြစ်သူသည် အခြားသူများ၏အကူအညီကို မယူခဲ့ပဲ ကိုယ်တိုင်ဘယ်လောက်ပဲရဲနေပါစေ သမီးလေးကိုအမြဲ စောင့်ရှာက်သွားမည်ဟု ဆိုခဲ့သည်။

ရုပ်သံကြည့်ရန်

credit to original uploader

 

Leave a Comment