မင်္ဂလာဆောင်နေစဥ် သတိုးသားနှင့်သတိုးသမီးတို့ အပြန်အလှန် ကတိသစ္စာဆိုချိန်မှ သတိုးသမီးက စိတ်ပြောင်းသွားပြီး လက်မထပ်ချင်တော့ဘူးဟုဆိုကာ ရုတ်တရက်ထွက်ပြေးသွားခဲ့လို့ ပွဲပျက်သွားခဲ့ရ
မင်္ဂလာပွဲသည် လူတစ်ဦး၏ဘဝတွင် အရေးကြီးဆုံးသော အခိုက်အတန့်တစ်ခုဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦး၏ ချစ်ခြင်းမေတ္တာများအတွက် သင်္ကေတတစ်ခုသာမကဘဲ မိသားစုနှစ်ခု၏ဆက်ဆံရေးကို ပိုမိုရင်းနှီးလာစေမည့် အခမ်းအနားတစ်ခုပင်ဖြစ်ပါတယ်။မကြာသေးမီက ထိုင်ဝမ်နိုင်ငံတွင် ကျင်းပခဲ့သော မင်္ဂလာပွဲတွင် တစ်ခါမှ မကြုံဖူးသောအဖြစ်အပျက်မျိုးကို ဖြစ်သွားခဲ့ပါတယ်။
များစွာသော ပရိတ်သတ်တို့၏အလယ်တွင် မင်္ဂလာပွဲကို ပျော်ရွင်စွာကျင်းပနေချိန်မျာဘဲ သတိုးသမီးဖြစ်သူက စိတ်ပြောင်းသွားခဲ့ကာ သတိုးသားကို ‘မင်းကိုတကယ်ချစ်ခဲ့ပါတယ်၊ဒါပေမယ့် မင်္ဂလာဝတ်စုံဝတ်ပြီး ခမ်းမထဲအတူရှိနေချိန် စိတ်ထဲသံသယဖြစ်လာခဲ့ပါတယ်၊ ငါတို့နှစ်ယောက်က မလိုက်ဖက်ဘူးလို့ခံစားရတာကြောင့် တောင်းပန်ပါတယ် လက်မထပ်နိုင်ဘူးဟု ပြောဆိုခဲ့ပါတယ်။
ထို့နောက် မင်္ဂလာခန်းမထဲက ထွက်ပြေးသွားခဲ့တော့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)