နေအိမ်အစုတ်လေး၏ ထပ်ခိုးပေါ်တွင် သမီးငယ်နေထိုင်နိုင်ရန်အတွက် အလွန်လှပပြီး နေချင်စဖွယ်အခန်းငယ်လေးကို ငွေကြေးမရှိသော်လည်း ဖန်တီးပေးခဲ့သည့် ဖခင်၏မေတ္တာ
လူသားတိုင်းအတွက် ဖခင်တစ်ဦးကိုပိုင်ဆိုင်ထားရခြင်းမှာ အရာရာကိုအောင်နိုင်ပြီး အမြဲတမ်း ခိုင်မာစွာထောက်ပံ့ပေးနိုင်သည့် စစ်သူကြီးတစ်ဦးကို ပိုင်ဆိုင်ထားရခြင်းဖြစ်ပါတယ်။ဖခင်တို့ဟာ တိတ်ဆိတ်ပြီးအနေအေးသော်လည်းသားသမီးတို့အတွက် နွေးထွေးသည့်မိသားစုနေအိမ်လေးကို အဓိကပုံဖော်ပေးသူတစ်ဦးဖြစ်ပါတယ်။
မကြာသေးမီက တရုတ်လူမှုကွန်ယက်ပေါ်တွင်ပျံနှံလာခဲ့သော ဖခင်ဖြစ်သူတစ်ဦး၏ သမီးလေးအတွက် ကိုယ်ပိုင်အခန်းလေးဖန်တီးပေးထားပုံဟာ လူတိုင်းအတွက် စိတ်ဝင်စားစရာဖြစ်နေခဲ့ပါတယ်။မိသားစုအတွက် ငွေကြေးအခက်အခဲများစွာဖြင့် နေအိမ်အစုတ်လေးတွင် သမီးဖြစ်သူအတွက် အခန်းကျဥ်းလေးကို စိတ်ကူးထဲကအတိုင်း ပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။
နေအိမ်က သေးငယ်လွန်းတာကြောင့် ထပ်ခိုးလေးပေါ်တွင် အခန်းကျဥ်းကျဥ်းလေးတစ်ခုဖန်တီးပြီး သမီးလေးကို ပျော်ရွင်စေခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ေနအိမ္အစုတ္ေလး၏ ထပ္ခိုးေပၚတြင္ သမီးငယ္ေနထိုင္ႏိုင္ရန္အတြက္ အလြန္လွပၿပီး ေနခ်င္စဖြယ္အခန္းငယ္ေလးကို ေငြေၾကးမရွိေသာ္လည္း ဖန္တီးေပးခဲ့သည့္ ဖခင္၏ေမတၱာ
လူသားတိုင္းအတြက္ ဖခင္တစ္ဦးကိုပိုင္ဆိုင္ထားရျခင္းမွာ အရာရာကိုေအာင္ႏိုင္ၿပီး အၿမဲတမ္း ခိုင္မာစြာေထာက္ပံ့ေပးႏိုင္သည့္ စစ္သူႀကီးတစ္ဦးကို ပိုင္ဆိုင္ထားရျခင္းျဖစ္ပါတယ္။ဖခင္တို႔ဟာ တိတ္ဆိတ္ၿပီးအေနေအးေသာ္လည္းသားသမီးတို႔အတြက္ ေႏြးေထြးသည့္မိသားစုေနအိမ္ေလးကို အဓိကပုံေဖာ္ေပးသူတစ္ဦးျဖစ္ပါတယ္။
မၾကာေသးမီက တ႐ုတ္လူမႈကြန္ယက္ေပၚတြင္ပ်ံႏွံလာခဲ့ေသာ ဖခင္ျဖစ္သူတစ္ဦး၏ သမီးေလးအတြက္ ကိုယ္ပိုင္အခန္းေလးဖန္တီးေပးထားပုံဟာ လူတိုင္းအတြက္ စိတ္ဝင္စားစရာျဖစ္ေနခဲ့ပါတယ္။မိသားစုအတြက္ ေငြေၾကးအခက္အခဲမ်ားစြာျဖင့္ ေနအိမ္အစုတ္ေလးတြင္ သမီးျဖစ္သူအတြက္ အခန္းက်ဥ္းေလးကို စိတ္ကူးထဲကအတိုင္း ပုံေဖာ္ေပးခဲ့တာျဖစ္ပါတယ္။
ေနအိမ္က ေသးငယ္လြန္းတာေၾကာင့္ ထပ္ခိုးေလးေပၚတြင္ အခန္းက်ဥ္းက်ဥ္းေလးတစ္ခုဖန္တီးၿပီး သမီးေလးကို ေပ်ာ္႐ြင္ေစခဲ့တာျဖစ္ပါတယ္။
Shoon (Cele Daily)
credit