အခုသင့်နားက ချစ်သူမှာ ဒီအချက် (၄) ချက်ရှိရင် လက်လွှတ်မခံလိုက်နဲ့နော်

အခုသင့်နားက ချစ်သူမှာ ဒီအချက် (၄) ချက်ရှိရင် လက်လွှတ်မခံလိုက်နဲ့နော်မိန်းကလေး တစ်ယောက်က သင့်ကို တကယ် ချစ်မိသွားပြီ ဆိုရင် သစ္စာဆိုတာ သင်မတောင်းလည်း သူ့ဖက်ကနေ ပေးပြီးသားပါသစ္စာရှိပြီး ဘယ်တော့မှ ဖောက်ပြန်မှာ မဟုတ်တဲ့ ချစ်သူကို

သင် ပိုင်ဆိုင်ထားတာကြောင့် သင်ဟာ အရမ်း ကံကောင်းတဲ့ သူ တစ်ယေက် ဖြစ်ပါတယ်တကယ်လို့ သင့် ချစ်သူ ဟာ အခုဖော်ပြပေးတဲ့ အချက် တော်တော် များများနဲ့ ကိုက်ညီနေ ရင်တော့ သင့်အပေါ် အရမ်းချစ်ပြီး ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်တော့ပါဘူး၁။ ရည်းစား ရှိတာကို ယောက်ျားလေး တွေရှေ့မှာ ဖုံးကွယ်မထားဘူး သူများတွေ၊ အထူးသဖြင့် ယောက်ျားလေးတွေက သူ့ကို ရည်းစား ရှိလားလို့မေးတဲ့ အခါမျိုးမှာ ရှိတယ်လို့ ပြတ်ပြတ်သားသား ပြောပြရဲတဲ့အပြင် ဘယ်သူ ဘယ်ဝါလို့ ပြောဖို့တောင် ဝန်မလေးတဲ့ သူပါ ဒီလို ပြောလိုက်ခြင်းဖြင့်

သူ့ရဲ့ ဂုဏ်သိက္ခာ ကို ထိပါးစေတဲ့ အပြင် သူ့ကို တခြားကောင်လေးတွေ မကြိုက်တော့မှာမှန်း သူကောင်းကောင်း သိပါတယ်ဒါကြောင့် သင့် ချစ်သူက သင်နဲ့ သူရဲ့ပတ်သက်မှုကို အခြားယောက်ျားလေးတွေရှေ့မှာ ဘယ်တော့မှ မဖုံးကွယ်ဘူး ဆိုရင် သင့်အပေါ် အရမ်းသစ္စာရှိလို့ဆိုတာကိုသဘောပေါက်လိုက်ပါ၂။ သင့်ကို လျှို့ဝှက် ထားတာမရှိဘူးသင့် ချစ်သူဟာ သင့်ကို ဘာမှ လျှို့ဝှက် ထားမှာ မဟုတ်ပါဘူး။သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ အတွင်းရေး ကိစ္စတွေကအစသင့်ကို တိုင်ပင်တယ်၊ရင်ဖွင့်တယ်၊ သူနဲ့ ပတ်သက်ပြီး

သင် မသိတာ မရှိသလောက်ကို လျှို့ဝှက်ချက် ကင်းသူ တစ်ယောက် ဖြစ်တယ်သူ့ဖုန်း ကို အချိန်မရွေးယူကြည့်လည်း ပြဿနာ ဖြစ်စရာတစ်ကွက်မှ ရှိမနေတတ်တဲ့ သူမျိုးပါ။ဒါဟာ သူတော်တော် သစ္စာ ရှိတယ်ဆိုတာ မြင်နိုင်တဲ့ အချက်ပါပဲ၃။ သင့်ကို စိတ်ထဲအမြဲထားတယ်သစ္စာ ရှိတဲ့ မိန်းကလေး တွေဆိုတာ ချစ်သူ အနားမှာ အမြဲရှိချင်မှ ရှိနိုင်မယ်။ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာ ချစ်သူကို အမြဲထားတတ်ကြပါတယ်ချစ်သူ ရှေ့မှာပဲဖြစ်ဖြစ်၊

ချစ်သူ ကွယ်ရာမှာပဲဖြစ်ဖြစ် ချစ်သူစိတ်ညစ်မယ့် အရာတွေကို မလုပ်တတ်ကြပါဘူးသူတို့ရဲ့စိတ်ထဲမှာ ချစ်သူကို အပြည့်အဝ နေရာပေးထားတာကြောင့် တခြားသူတွေ အတွက် နေရာမရှိတော့ပါဘူး၎။ ဂရုစိုက်တယ်သစ္စာရှိတဲ့ မိန်းကလေး တွေဟာ ချစ်သူ ကို အရမ်း ဂရုစိုက်တတ် ကြပါတယ်။ချစ်သူအတွက် စားစရာလေးတွေ လုပ်ပေးတာမျိုး၊တိုလီမုတ်စလေးတွေ ဝယ်ပေးတာမျိုးတွေ ခဏခဏပြုလုပ်တတ်ကြပါတယ် …

ချစ်သူ နေမကောင်းတဲ့ အခါတွေ မှာလည်း အရမ်းကို ကြင်နာဂရုစိုက်တတ် ကြပါတယ် ချစ်သူကို စိတ်ပူပြီး အမြဲတတွတ်တွတ်နဲ့ စကားတွေ မှာနေတတ်တဲ့ သူမျိုးတွေလည်း ဖြစ်ပါတယ်နော်

Credit

Zawgyi

Leave a Comment