လိုင်းပေါ်မှာတွေ့ရှိခဲ့သောကောင်လေးက အိမ်မရှိသော်လည်း ကားရှိသည်ဆိုသောကြောင့် အားကိုးပြီး အဖြေပေးမိခဲ့ရာမှ လာတွေ့သောအခါ ထရပ်ကာကြီးမောင်းလာလို့ ကြေကွဲခဲ့ရသည့် ကောင်မလေး

လိုင်းပေါ်မှာတွေ့ရှိခဲ့သောကောင်လေးက အိမ်မရှိသော်လည်း ကားရှိသည်ဆိုသောကြောင့် အားကိုးပြီး အဖြေပေးမိခဲ့ရာမှ လာတွေ့သောအခါ ထရပ်ကာကြီးမောင်းလာလို့ ကြေကွဲခဲ့ရသည့် ကောင်မလေး

အချစ်ဆိုသောအရာကို အချို့လူသားများသည် နှလုံးသားဖြင့် ခံစားကြသကဲ့သို့ အချို့သည်လည်း အချစ်ဆိုသောအရာကို ငွေကြေးဖြင့် ဆုံးဖြတ်နေကြပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ မိန်းကလေးတစ်ဦးသည် အချစ်ကိုငွေကြေးဖြင့်တိုင်းတာပြီး ရှာဖွေမိခဲ့သော်လည်း လက်တွေ့တွင် ဝမ်းနည်းကြေကွဲနေရပါတယ်။

အကြောင်းကတော့ ကောင်မလေးဟာ လိုင်းပေါ်တွင် ခင်မင်ခဲ့သော ကောင်လေးတစ်ဦးနှင့် မိတ်ဆွေတွေဖြစ်ခဲ့ကြပြီး ချစ်သူရည်းစားအဖြစ် ရောက်ရှိလာခဲ့ကြပါတယ်။လိုင်းပေါ်တွင် စကားပြောစဥ်က ကောင်မလေးဟာ ကောင်လေး၏ အခြေအနေကို မေးမြန်းခဲ့ရာ ကောင်လေးဟာ အိမ်မရှိသေးသော်လည်း ကိုယ်ပိုင်ကားရှိနေကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ကောင်လေးကို အဖြေပေးခဲ့ပြီး ချိန်းတွေ့သည်အချိန်တွင် ကားလေးဖြင့်လည်ပတ်ဖို့ စိတ်ကူးယဥ်ခဲ့ပါတယ်။သို့သော်လည်း အမှန်တကယ်တွင် ကောင်လေး၏ကားဟာ လုပ်ငန်းသုံးထရပ်ကားဖြစ်နေသောကြောင့် ဝမ်းနည်းကြေကွဲနေခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

credit

Leave a Comment