စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် အမှန်တကယ်ကိုခွန်အားရှိစေတဲ့ သူမရဲ့ “HOPE”ဆိုတဲ့သီချင်းအသစ်လေးကို ချပြလာတဲ့ အေးမြဖြူ
နားဆင်ပြီး ပရိတ်သတ်တွေ အကြိုက်တွေ့နေကြတဲ့ အဆိုတော် အေးမြဖြူရဲ့သီချင်းအသစ်စက်စက်လေး…
ပရိသတ်ကြီးရေ အေးမြဖြူကတော့ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီးပရိသတ်ချစ်ခင်အားပေးမှုကိုရရှိထားတဲ့သူပဲဖြစ်ပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိမှာတော့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေခဲ့ပါတယ်။
ဒီနေ့မှာတော့ အေးမြဖြူရဲ့ သီချင်းလေးတစ်ပုဒ်ထွက်ရှိလာခဲ့ပါတယ်။ အေးမြဖြူကတော့ ကပ်ဘေးတွေကြောင့် အနုပညာအလုပ်တွေ လုပ်ကိုင်မှုနည်းပါးခဲ့ပြီး ပရိသတ်တွေကတော့ အေးမြဖြူရဲ့ သီချင်းတွေကိုစောင့်မျှော်နေခဲ့ကြတာကြောင့် ပရိသတ်တွေအတွက် တကယ်ကို ဝမ်းသာစရာတစ်ခုဖြစ်နေခဲ့ပါတယ်။
သီချင်းလေးရဲ့ နာမည်ကတော့ “HOPE” လို့အမည်ပေးထားပြီး နားဆင်ပြီးတဲ့ ပရိသတ်တွေကတော့သီချင်းလေးကို ကောင်းလွန်းလို့ချီးကျူးနေခဲ့ကြပါသေးတယ်။ Media 007ပရိသတ်ကြီးတွေလည်းအေးမြဖြူရဲ့ သီချင်းအသစ်လေးကို နားဆင်နိုင်ဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Aye Mya Phyu’s Youtube
crd
zawgyi
crd