လေးတွေအတွက်သုံးတဲ့ Baby Oil လေးတွေက အလှအပရေးရာအတွက် အဖက်ဖက်ကနေ အသုံးဝင်ပါတယ်။
ဒါကြောင့် အမြဲတမ်းသုံးလို့ရအောင် မိန်းကလေးတိုင်းရဲ့အလှအပအတွက် Baby Oil ကိုဆောင်ထားသင့်တဲ့အချက် (၃) ချက်ကို ပြောပြပေးလိုက်ပါတယ်။
မျက်နှာအသားအရေကို ဖြူဝင်းလာစေဖို့
Baby Oil – စားပွဲတင်ဇွန်းတစ်ဇွန်း၊ ရှားစောင်းလက်ပတ်ဂျယ်လ် (Aloe Vera Gel) – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ သံပယိုသီးတစ်ခြမ်းကို အရည်ညှစ်ထည့်ပြီး အားလုံးကို သမအောင်မွှေလိုက်ပါ။
ပြီးရင်တော့ မျက်နှာမှာ သေချာလိမ်းလိုက်ပြီး မိနစ် ၃၀ ထားပါ။ မိနစ် ၃၀ ပြည့်ရင် မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီလိုပေါင်းတင်ပေးတာက မျက်နှာအသားအရေကို ဖြူဝင်းလာစေပါတယ်။ Aloe Vera Gel နဲ့ မတည့်ရင်တော့ ဒီနည်းကိုမသုံးပါနဲ့။
မိတ်ကပ်ဖျက်ဖို့
Baby Oil ကို Cotton Pad ထဲထည့်ပြီး Makeup Remover အနေနဲ့လည်း သုံးလို့ရပါတယ်။ ဒါပေမယ့် Oil ဖြစ်တာကြောင့် မျက်နှာကိုတော့ မျက်နှာသစ်ဆေးနဲ့ သေချာပြောင်အောင် သစ်ပေးဖို့လိုပါတယ်။
နှုတ်ခမ်းကွဲခြောက်တာသက်သာစေဖို့
Baby Oil – စားပွဲတင်ဇွန်းတစ်ဇွန်း၊ သကြား – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ပျားရည် – စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး Lip Scrub လုပ်ပေးရမှာပါ။ ဒီလိုလုပ်ပေးခြင်းက နှုတ်ခမ်းကွဲခြောက်တာကို သက်သာစေပါတယ်။
Credit – mystylemyanmar
Zawgyi ဖြင့်ဖတ်ပါ
Credit – mystylemyanmar