7 ရက် 11 လပိုင်း တနင်္လာ နေ့မှာ ကျရောက်တဲ့ တန်ဆောင်းမုန်းလပြည့် ရဲ့ ထူးခြားချက် (ဖတ်ကြည့်ပါ တန်ဖိုးရှိပါတယ်)……

7 ရက် 11 လပိုင်း တနင်္လာ နေ့မှာ ကျရောက်တဲ့ တန်ဆောင်းမုန်းလပြည့် ရဲ့ ထူးခြားချက် (ဖတ်ကြည့်ပါ တန်ဖိုးရှိပါတယ်)……

ဖတ်ကြည့်ပါ တန်ဖိုးရှိပါတယ်

လာမဲ့ တန်ဆောင်မုန်း လပြည့်နေ့ဟာ တနင်္လာနေ့ ကျပါတယ်

အားလုံးသိပြီးကြတဲ့အတိုင်းဆေးပေါင်းခတဲ့နေ့ပေါ့ တချို့ဆို ဆေးပေါင်းခအောင် ဓာတ်စာ နမ်စာ သဘောမျိုး မယ်ဇလီဖူးသုတ် တောင်သုတ် စားကြပါတယ်

တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗေဒင် နက္ခတ်အရကြည့်ရင် အင်မတန်ထူးခြားတဲ့နေ့ပါ

ကောင်းကင်မှာ ကြယ်တွေ နက္ခတ်တွေစုံပြီး ကောင်းတဲ့နမိတ်တွေ နဲ့ပြည့်နေလို့ ဟိုအရင်ကဆို ဆေးဝိဇ္ဇာ ပြဒါးဝိဇ္ဇာတွေဟာ အစွမ်းထက်တဲ့ ကမ္ဘီရဆေးတွေ ပီယဆေးတွေ ရောဂါကင်းဆေးတွေကို အဲနေ့ညမှာ ဖော်တတ်ကြပါတယ်

အဲနေ့ညမှာ ဖော်စပ်တဲ့ဆေးတွေဟာပီယသိဒ္ဓိ ကမ္ဘီရသိဒ္ဓိမြောက်ပြီး အောင်မြင်ကြတယ်လို့ အယူရှိကြပါတယ်

နောက်ပြီး တန်ဆောင်မုန်းလပြည့်ညမှာ သာတဲ့ လမင်းကြီးဟာ မိုးလေကင်းစင်ပြီး တိမ်ပျောက်ချိန်မှာ သာတာ ကတကြောင်း လဟာ ကမ္ဘာနဲ့ အနီးဆုံး ရောက်နေချိန်ဖြစ်တာက တကြောင်း တခြားလပြည့်တွေထက် အကြီးဆုံး အသာဆုံး အလင်းဆုံးဖြစ်နေတတ်ပါတယ်

လရဲ့ စွမ်းအင်တွေ ဆွဲငင်အားတွေ အပြည့်ကမ္ဘာကို သက်ရောက်တဲ့ လပြည့်နေ့ပါ

ဒီနှစ်မှာ လူတော်တော်များများ သတိမထားမိတဲ့ တန်ဆောင်မုန်း လပြည့်နေ့ရဲ့ ထူးခြားချက်ကတော့ အဂ်လိပ်ရက်ဟာ ၇ ရက်နေ့ Lucky 7 နေ့ဖြစ်သလို နေ့ဟာလဲ တနလ်ာနေ့ ငွေနံဓါတ်ကျတဲ့နေ့ပါ

ပြသဒါး ရက်ရာဇာ တွေနဲ့လွတ်ပြီး White Day နေ့လေးပါ

အဂ်လိပ်လဟာလဲ ၁၁ လပိုင်းဖြစ်ပြီး ၁၁ မီးငြိမ်းတဲ့သဘောပါ

အဲနေ့မှာ ဘုရားယတြာ လုပ်ပြီး ယတြာခြေကြရအောင်

လွယ်လွယ်လေးပါ

အဲနေ့ ည ၁၁ နာရီတိတိမှာ လုပ်ရမှာပါ

လရဲ့ အပြည့်ဓာတ်ကို ရစေ ချင်လို့ပါ

လုပ်ရမှာကတော့ ဖန်ခွက်တခုထဲ သနပ်ခါး သွေးထဲ့ပါ ရေကို ဖန်ခွက် တဝက်လောက် ရောက်အောင်ထဲ့ပြီး သနပ်ခါးဖျော်ရည်လုပ်ပါ (သနပ်ခါးကို ဆေးသနပ်ခါးမျိုးတွေဖြစ်တဲ့ နံသားဖြူ နံသာနီ ကရမက် တောင်နံကြီး ) လို မျိုးတွေ ရရင်ပိုကောင်းပါတယ်

မရနိုင်ဘူးဆိုရင်တော့ ရိုးရိုး သနပ်ခါးလဲ သွေးလိူ့ရပါတယ်

အဲဒိသနပ်ခါး ရည်ထဲကို အောင်သပြေ တခက် စိုက်ထဲ့ပါ

အဲနေ့ည ၁၁ နာရီတိတိမှာ

-ကိုယ်လက်သန့်စင် -ဝတ်ဖြူစင်ကြယ်ဝတ် -သနပ်ခါးခွက်ကို ဘုရားမှာ ကပ်

-ပန်း ရေချမ်း ဆီမီး ကပ်

-သမာဒေဝ နတ်ကောင်းနတ်မြတ်တွေ ပင့်ဖိတ်(လုံးဝမမေ့ပါနဲ့)

-ငါးပါးသီလခံယူ

-သရဏဂုံ ၃ ပါးကို ဆောက်တည် ပြီး ဘုရားရှင်ရဲ့ နုတ်မြွတ်တော်ဖြစ်တော်မူသော( ဘောဇျန်သုတ်တ္တံ) ကို ၇ ခေါက်ရွတ်ပါ

-ပြီးရင် ၃၁ ဘုံသတ္တဝါ တွေ ကို မေတ္တာသုတ် တခေါက်ရွတ်ပြီး မေတ္တာ ပို့ပါ

-ပြီးရင် “အောင်ပြီ အောင်ပြီ” ဟု ၇ ကြိမ် ကြွေးကြော်ပါ

ဗောဇျာန်တရား ၇ ပါးရှိလို့ ၇ ခေါက်ရွတ်ခိုင်းတာပါ

ဘောဇျာန်သုတ်ဟာ

ရှင်မဟာကသပ မထေရ်ကြီး ကုမရတဲ့ရောဂါနဲ့ နာမကျန်း ဖြစ်နေချိန်မှာ ဘုရားရှင်ကိုယ်တိုင်ရွတ်ပေးခဲ့လို့ ချက်ချင်းပျောက်ခဲ့သလို

ဘုရားရှင်ကိုယ်တော်တိုင် နာမကျန်းဖြစ်နေချိန်မှာ စုန္ဒမထေရ် ကို ရွတ်စေခိုင်းခဲ့ရာ ယူပြစ်သလို ပျောက်တဲ့ အစွမ်းထက်တဲ့ ရောဂါကင်းတဲ့ သုတ္တံပါ

အလွတ်မရရင် စာအုပ်ကြည့်ရွတ်ပါ

အဲတာဆို ၁၁ မီးငြိမ်းတဲ့ ငွေရွှင် ကံကောင်း ရောဂါကင်းတဲ့ ယတြာ ပြီးမြောက်ပါပြီ

တန်ဆောင်မုန်း လပြည့် နက္ခတ်တွေရဲ့ အစွမ်းကြောင့် သနပ်ခါးရည်ဟာ ရိုးရိုးသနပ်ခါးရည် မဟုတ်တော့ပဲ ရောဂါဘယကင်းပျောက် ကာကွယ်တဲ့ ဆေးရေ ဖြစ်သွားပါပြီ ပီယသိဒ္ဓိပြီးမြောက်သော ရေလဲ ဖြစ်သွားပါပြီ

အဲသနပ်ခါးရည်ကို သပြေခက်လေးနဲ့ ခပ်ပြီး မိမိ အပါအဝင် အိမ်ရှိမိသားစု အကုန်လုံးကို ဦးခေါင်းထက်မှာ အနဲငယ် ဖြန်းပေးပါ ရောဂါဘယ အားလုံးကင်းပါလိမ့်မယ် ချစ်သူခင်သူ တွေပေါပြီး လူပုံအလည်မှာ မျက်နှာပန်းပွင့်ပါလိမ့်မယ် လာဒ်လာဘတွေတိုးပါလိမ့်မယ် တကယ်ပါ

အဲသနပ်ခါးရည်ကို အိမ်အဝင် တိုက်ခန်းအဝင် ဆိုင်အဝင်ဝတွေမှာ ပက်ဖြန်း ပါ ရောဂါဘယများ မိမိ နေအိမ် ဆိုင်အတွင်း သို့ မဝင်ရောက်နိုင်ပါဘူး

ယုံယုံကြည်ကြည့်လုပ်ကြည့်စေချင်ပါတယ် ရှေးဆရာ့ဆရာကြီးတွေ ညွှန်ပြသုံးစွဲ ခဲ့တဲ့ နည်းလေးကို ကျွန်တော်က ပြန်လည်ဖော်ထုတ်ပေးတါပါ ခဗျာ

ကျွန်တော်ထွင်တဲ့နည်းမဟုတ်ပါ

တန်ဆောင်မုန်းလပြည့်၏ ကမ္ဘီရသိဒ္ဓိဓာတ်များကြောင့် အားလုံး ရောဂါ ကင်း ဘေးကင်း ကြပါစေ

#ချစ်တဲ့kkh💞(ပုဂံမြေ)

(ပြန်လည်ကူးယူဖေါ်ပြလျှင် crd name လေးပေးပါ)

ဖတ္ၾကည့္ပါ တန္ဖိုးရွိပါတယ္

လာမဲ့ တန္ေဆာင္မုန္း လျပည့္ေန႔ဟာ တနလၤာေန႔ က်ပါတယ္

အားလုံးသိၿပီးၾကတဲ့အတိုင္းေဆးေပါင္းခတဲ့ေန႔ေပါ့ တခ်ိဳ႕ဆို ေဆးေပါင္းခေအာင္ ဓာတ္စာ နမ္စာ သေဘာမ်ိဳး မယ္ဇလီဖူးသုတ္ ေတာင္သုတ္ စားၾကပါတယ္

တန္ေဆာင္မုန္းလျပည့္ေန႔ဟာ ေဗဒင္ နကၡတ္အရၾကည့္ရင္ အင္မတန္ထူးျခားတဲ့ေန႔ပါ

ေကာင္းကင္မွာ ၾကယ္ေတြ နကၡတ္ေတြစုံၿပီး ေကာင္းတဲ့နမိတ္ေတြ နဲ႔ျပည့္ေနလို႔ ဟိုအရင္ကဆို ေဆးဝိဇၨာ ျပဒါးဝိဇၨာေတြဟာ အစြမ္းထက္တဲ့ ကမၻီရေဆးေတြ ပီယေဆးေတြ ေရာဂါကင္းေဆးေတြကို အဲေန႔ညမွာ ေဖာ္တတ္ၾကပါတယ္

အဲေန႔ညမွာ ေဖာ္စပ္တဲ့ေဆးေတြဟာပီယသိဒၶိ ကမၻီရသိဒၶိေျမာက္ၿပီး ေအာင္ျမင္ၾကတယ္လို႔ အယူရွိၾကပါတယ္

ေနာက္ၿပီး တန္ေဆာင္မုန္းလျပည့္ညမွာ သာတဲ့ လမင္းႀကီးဟာ မိုးေလကင္းစင္ၿပီး တိမ္ေပ်ာက္ခ်ိန္မွာ သာတာ ကတေၾကာင္း လဟာ ကမာၻနဲ႔ အနီးဆုံး ေရာက္ေနခ်ိန္ျဖစ္တာက တေၾကာင္း တျခားလျပည့္ေတြထက္ အႀကီးဆုံး အသာဆုံး အလင္းဆုံးျဖစ္ေနတတ္ပါတယ္

လရဲ႕ စြမ္းအင္ေတြ ဆြဲငင္အားေတြ အျပည့္ကမာၻကို သက္ေရာက္တဲ့ လျပည့္ေန႔ပါ

ဒီႏွစ္မွာ လူေတာ္ေတာ္မ်ားမ်ား သတိမထားမိတဲ့ တန္ေဆာင္မုန္း လျပည့္ေန႔ရဲ႕ ထူးျခားခ်က္ကေတာ့ အဂ္လိပ္ရက္ဟာ ၇ ရက္ေန႔ Lucky 7 ေန႔ျဖစ္သလို ေန႔ဟာလဲ တနလ္ာေန႔ ေငြနံဓါတ္က်တဲ့ေန႔ပါ

ျပသဒါး ရက္ရာဇာ ေတြနဲ႔လြတ္ၿပီး White Day ေန႔ေလးပါ

အဂ္လိပ္လဟာလဲ ၁၁ လပိုင္းျဖစ္ၿပီး ၁၁ မီးၿငိမ္းတဲ့သေဘာပါ

အဲေန႔မွာ ဘုရားယၾတာ လုပ္ၿပီး ယၾတာေျခၾကရေအာင္

လြယ္လြယ္ေလးပါ

အဲေန႔ ည ၁၁ နာရီတိတိမွာ လုပ္ရမွာပါ

လရဲ႕ အျပည့္ဓာတ္ကို ရေစ ခ်င္လို႔ပါ

လုပ္ရမွာကေတာ့ ဖန္ခြက္တခုထဲ သနပ္ခါး ေသြးထဲ့ပါ ေရကို ဖန္ခြက္ တဝက္ေလာက္ ေရာက္ေအာင္ထဲ့ၿပီး သနပ္ခါးေဖ်ာ္ရည္လုပ္ပါ (သနပ္ခါးကို ေဆးသနပ္ခါးမ်ိဳးေတြျဖစ္တဲ့ နံသားျဖဴ နံသာနီ ကရမက္ ေတာင္နံႀကီး ) လို မ်ိဳးေတြ ရရင္ပိုေကာင္းပါတယ္

မရႏိုင္ဘူးဆိုရင္ေတာ့ ႐ိုး႐ိုး သနပ္ခါးလဲ ေသြးလိူ႔ရပါတယ္

အဲဒိသနပ္ခါး ရည္ထဲကို ေအာင္သေျပ တခက္ စိုက္ထဲ့ပါ

အဲေန႔ည ၁၁ နာရီတိတိမွာ

-ကိုယ္လက္သန္႔စင္ -ဝတ္ျဖဴစင္ၾကယ္ဝတ္ -သနပ္ခါးခြက္ကို ဘုရားမွာ ကပ္

-ပန္း ေရခ်မ္း ဆီမီး ကပ္

-သမာေဒဝ နတ္ေကာင္းနတ္ျမတ္ေတြ ပင့္ဖိတ္(လုံးဝမေမ့ပါနဲ႔)

-ငါးပါးသီလခံယူ

-သရဏဂုံ ၃ ပါးကို ေဆာက္တည္ ၿပီး ဘုရားရွင္ရဲ႕ ႏုတ္ႁမြတ္ေတာ္ျဖစ္ေတာ္မူေသာ( ေဘာဇ်န္သုတ္တၱံ) ကို ၇ ေခါက္႐ြတ္ပါ

-ၿပီးရင္ ၃၁ ဘုံသတၱဝါ ေတြ ကို ေမတၱာသုတ္ တေခါက္႐ြတ္ၿပီး ေမတၱာ ပို႔ပါ

-ၿပီးရင္ “ေအာင္ၿပီ ေအာင္ၿပီ” ဟု ၇ ႀကိမ္ ေႂကြးေၾကာ္ပါ

ေဗာဇ်ာန္တရား ၇ ပါးရွိလို႔ ၇ ေခါက္႐ြတ္ခိုင္းတာပါ

ေဘာဇ်ာန္သုတ္ဟာ

ရွင္မဟာကသပ မေထရ္ႀကီး ကုမရတဲ့ေရာဂါနဲ႔ နာမက်န္း ျဖစ္ေနခ်ိန္မွာ ဘုရားရွင္ကိုယ္တိုင္႐ြတ္ေပးခဲ့လို႔ ခ်က္ခ်င္းေပ်ာက္ခဲ့သလို

ဘုရားရွင္ကိုယ္ေတာ္တိုင္ နာမက်န္းျဖစ္ေနခ်ိန္မွာ စုႏၵမေထရ္ ကို ႐ြတ္ေစခိုင္းခဲ့ရာ ယူျပစ္သလို ေပ်ာက္တဲ့ အစြမ္းထက္တဲ့ ေရာဂါကင္းတဲ့ သုတၱံပါ

အလြတ္မရရင္ စာအုပ္ၾကည့္႐ြတ္ပါ

အဲတာဆို ၁၁ မီးၿငိမ္းတဲ့ ေငြ႐ႊင္ ကံေကာင္း ေရာဂါကင္းတဲ့ ယၾတာ ၿပီးေျမာက္ပါၿပီ

တန္ေဆာင္မုန္း လျပည့္ နကၡတ္ေတြရဲ႕ အစြမ္းေၾကာင့္ သနပ္ခါးရည္ဟာ ႐ိုး႐ိုးသနပ္ခါးရည္ မဟုတ္ေတာ့ပဲ ေရာဂါဘယကင္းေပ်ာက္ ကာကြယ္တဲ့ ေဆးေရ ျဖစ္သြားပါၿပီ ပီယသိဒၶိၿပီးေျမာက္ေသာ ေရလဲ ျဖစ္သြားပါၿပီ

အဲသနပ္ခါးရည္ကို သေျပခက္ေလးနဲ႔ ခပ္ၿပီး မိမိ အပါအဝင္ အိမ္ရွိမိသားစု အကုန္လုံးကို ဦးေခါင္းထက္မွာ အနဲငယ္ ျဖန္းေပးပါ ေရာဂါဘယ အားလုံးကင္းပါလိမ့္မယ္ ခ်စ္သူခင္သူ ေတြေပါၿပီး လူပုံအလည္မွာ မ်က္ႏွာပန္းပြင့္ပါလိမ့္မယ္ လာဒ္လာဘေတြတိုးပါလိမ့္မယ္ တကယ္ပါ

အဲသနပ္ခါးရည္ကို အိမ္အဝင္ တိုက္ခန္းအဝင္ ဆိုင္အဝင္ဝေတြမွာ ပက္ျဖန္း ပါ ေရာဂါဘယမ်ား မိမိ ေနအိမ္ ဆိုင္အတြင္း သို႔ မဝင္ေရာက္ႏိုင္ပါဘူး

ယုံယုံၾကည္ၾကည့္လုပ္ၾကည့္ေစခ်င္ပါတယ္ ေရွးဆရာ့ဆရာႀကီးေတြ ၫႊန္ျပသုံးစြဲ ခဲ့တဲ့ နည္းေလးကို ကြၽန္ေတာ္က ျပန္လည္ေဖာ္ထုတ္ေပးတါပါ ခဗ်ာ

ကြၽန္ေတာ္ထြင္တဲ့နည္းမဟုတ္ပါ

တန္ေဆာင္မုန္းလျပည့္၏ ကမၻီရသိဒၶိဓာတ္မ်ားေၾကာင့္ အားလုံး ေရာဂါ ကင္း ေဘးကင္း ၾကပါေစ

#ခ်စ္တဲ့kkh💞(ပုဂံေျမ)

(ျပန္လည္ကူးယူေဖၚျပလွ်င္ crd name ေလးေပးပါ)

Leave a Comment