သတင်းထောက်တစ်ဦးရဲ့ခြေထောက်ကို လှမ်းဖက်ကာ သူ့အားအိမ်ခေါ်သွားပေးဖို့ အကူအညီတောင်းနေခဲ့တဲ့ အိုးမဲ့အိမ်မဲ့ခွေးလေး(ရုပ်သံ)

သတင်းထောက်တစ်ဦးရဲ့ခြေထောက်ကို လှမ်းဖက်ကာ သူ့အားအိမ်ခေါ်သွားပေးဖို့ အကူအညီတောင်းနေခဲ့တဲ့ အိုးမဲ့အိမ်မဲ့ခွေးလေး(ရုပ်သံ)

 

တာဝန်ပေးခံရတဲ့သတင်းထောက်တစ်ဦးဟာ အိုးမဲ့အိမ်မဲ့တိရိစ္ဆာန်များခိုနားရာဂေဟာမှာရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့သတင်းကို ထုတ်ဖော်ပြသရန်

၎င်းနေရာသို့၀င်ရောက်သွားတဲ့အခါ အိုးမဲ့အိမ်မဲ့ခွေးလေးတစ်ကောင်က သူ့အား တိုက်ခိုက်ရန်မဟုတ်ဘဲ သူ့ကိုပွေ့ဖက်ရန် ရုတ်တရက်သူ့ရှေ့ကို ရောက်ချလာခဲ့ပါတယ်။

ထိုခွေးလေးကသတင်းထောက်ရဲ့ခြေထောက်ကိုတင်းကျပ်စွာပွေ့ဖက်ထားတာကြောင့် သူ့အားခွေးပျောက်သွားတဲ့ပိုင်ရှင်ဖြစ်လိမ့်မယ်လို့လူအများကို ထင်ကောင်းထင်သွားစေပါလိမ့်မယ်။

သို့ပေမဲ့ ခွေးလေးရဲ့သခင်ဟာ အဆိုပါသတင်းထောက်မဟုတ်ပါဘူး။

ခွေးလေးဟာတိရိစ္ဆာန်များခိုနားရာဂေဟာမှာနေခဲ့တာကြာပြီဆိုပေမဲ့လည်း သတင်းထောက်ကို မြင်လိုက်တာနှင့်တစ်ပြိုင်နက် သူ့အိမ်သို့လိုက်ပြန်ရန် ဆုံးဖြတ်ထားခဲ့ပုံရပါတယ်။

၃၅ စက္ကန့်စာကြာတဲ့ဗီဒီယိုထဲမှာ ခွေးလေးဟာ သတင်းထောက်ရဲ့ခြေထောက်ကို ချစ်ခင်စွာ ပွေ့ဖက်ထားခဲ့ပြီး သူ့ရဲ့ဦးခေါင်းကိုလည်း သတင်းထောက်ရဲ့ပေါင်ပေါ်မှာတင်ထားနေခဲ့ပါတယ်။

၎င်းအပြုအမှုက ခွေးလေးဟာ သူ့အား မထားခဲ့ရန်ပြုမှုနေပုံရပါတယ်။

ခွေးလေးရဲ့အမူအကျင့်ကို ကြည့်ခြင်းအားဖြင့် အဆိုပါသတင်းထောက်ကလည်း ခွေးလေးရဲ့ဥဦးခေါင်းကိုပွတ်သပ်ခြင်းဖြင့် သူ့ရဲ့ချစ်ခင်မှုကို ပြန်လည်ပြသပေးခဲ့ပါတယ်။

ခွေးလေးရဲ့ ဝမ်းနည်းစရာကောင်းတဲ့ အမူအရာကိုကြည့်ခြင်းအားဖြင့် သူဟာ ၎င်းတိရိစ္ဆာန်များခိုနားရာဂေဟာသို့ မရောက်ခင်မှာ ခက်ခဲလွန်းတဲ့အချိန်များစွာကို ဖြတ်ကျော်လာခဲ့ရဖူးပုံပေါ်ပါတယ်။

ကျေးဇူးတင်စရာကောင်းတာက အဆိုပါသတင်းထောက်ဟာ ထိုခွေးလေးကို သူ့ရဲ့နေအိမ်သို့ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပြီး ၎င်းစွန့်ပစ်ခံခွေးလေးဟာလည်း ချက်ချင်းဘဲ သူ့ရဲ့သခင်အသစ်ကို ရှာတွေ့နိုင်ခဲ့ပါတယ်။

 

လူအများက သတင်းထောက်နှင့်ခွေးလေးတို့ကို ပိုမိုခိုင်မြဲတဲ့နှောင်ကြိုးများဖြင့် ထာဝရအမြဲအတူတူရှိနေနိုင်ဖို့အတွက် မျှော်လင့်ကာ ဆုတောင်းပေးခဲ့ကြသလို ခွေးလေးများကို မွေးချင်နေတဲ့သူများကလည်း ၎င်းဂေဟာရဲ့လိပ်စာကို မေးမြန်းခဲ့ကြပါသေးတယ်။

ရုပ်သံကြည့်ရန်

crd

Leave a Comment