ဇနီးဖြစ်သူမှ အမွှာပူးသားလေးနှစ်ယောက်အား မွေးဖွားပြီးနောက်တစ်ရက်တွင်ဆုံးပါးသွား၍ နို့ချိုတိုက်ကျွေးဖို့ရာ အခြားသူများဆီအကူအညီတောင်းခဲ့ရသော ဖခင်တစ်ဦး

ဇနီးဖြစ်သူမှ အမွှာပူးသားလေးနှစ်ယောက်အား မွေးဖွားပြီးနောက်တစ်ရက်တွင်ဆုံးပါးသွား၍ နို့ချိုတိုက်ကျွေးဖို့ရာ အခြားသူများဆီအကူအညီတောင်းခဲ့ရသော ဖခင်တစ်ဦး

မွေးကင်းစကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ရာတွင် မိခင်များအတွက်သာ လွယ်ကူသော်လည်း ဖခင်ဖြစ်သူများအတွက်တော့ တစ်ပါးသူရဲ့အကူအညီမယူပဲ ပြုစုစောင့်ရှောက်ပေးဖို့ရာ မလွယ်လှပေ။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် အမွှာပူးသားလေးနှစ်ယောက်ကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့၍ ပျော်လို့မဆုံးဖြစ်နေချိန် ဇနီးဖြစ်သူမှာ နောက်တစ်ရက်တွင် မမျှော်လင့်ပဲ ဆုံးပါးသွားခဲ့ရာ အမျိုးသားတစ်ယောက် ဝမ်းနည်းကြေကွဲစွာ ကျန်ရစ်ခဲ့ရင်း ကလေးနှစ်ယောက်နှင့် အခက်တွေ့ခဲ့ရသည်။

မွေးကင်းစကလေးငယ်တွေတိုင်းအတွက် မိခင်ဖြစ်သူဧ။်နို့ရည်ကသာအကောင်းဆုံးဖြစ်သော်လည်း အမွှာပူးသားလေးနှစ်ယောက်မှာ ကံဆိုးစွာဖြင့် မွေးရာပါဆီးချိုရောဂါပါလာကြပြီး အခြားသော ဓာတုဆေးဝါးပါဝင်ရောစပ်ထားသည့် အပြင်ကအသင့်ဖျော်နို့မှုန့်တို့ကိုလည်း တိုက်ကျွေး၍မရခဲ့ပါ။

ထို့ကြောင့် ဖခင်ဖြစ်သူသည် သားလေးနှစ်ယောက်လုံးကို ထပ်ပြီးဆုံးရှုံးလိုက်မှာကြောက်ပြီး အခြားသူများမိခင်တွေဆီကနေ နို့ရည်အလှူခံကာ သားလေးတွေကို တိုက်ကျွေးရင်း မစွန့်ပစ်သွားပဲ စိတ်ရှည်ရှည်နဲ့ ပြုစုပျိုးထောင်နေသည့်အတွက် အများမှ ချီးကျူးခဲ့ကြသည်။

Zawgyi






credit

Leave a Comment