တိုက်ခန်းတွင်ငှားရမ်းနေထိုင်ခဲ့ပြီး တစ်လပြည့်လို့ အိမ်လခသွားတောင်းချိန်တွင် အခန်း၌အမှိုက်အပြည့်ဖြင့်ညစ်ပတ်စွာထားခဲ့ပြီး လခမပေးချင်လို့ထွက်ပြေးသွားခဲ့သည့်ကောင်မလေး
မိမိတို့သည်လူငယ်ဘဝကြိုးစားနေရသောအချိန်တွင် အများ၏နေအိမ်များကိုငှားရမ်းနေထိုင်ရင်းကြိုးစားလုပ်ကိုင်ဆောင်ရွက်ရတာဖြစ်ပါတယ်။အများ၏နေအိမ်ကိုအခကြေးငွေဖြင့်ငှားရမ်းနေထိုင်ခြင်းဖြစ်သော်လည်းမိမိပိုင်ဆိုင်သောအိမ်လိုသဘောထားကာနေထိုင်ခြင်းသည် စာရိတ္တကောင်းမွန်ကြောင်းကိုပြသရာလည်းရောက်ပါတယ်။
ထိုင်ဝမ်နိုင်ငံမှအသက်၂၉နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် တိုက်ခန်းတစ်ခုကိုငှားရမ်းနေထိုင်ခဲ့တာဖြစ်ပါတယ်။ထို့နောက်တစ်လပြည့်သည့်အချိန်တွင် တိုက်ခန်းပိုင်ရှင်ကအိမ်လခတောင်းဖို့သွားရောက်ခဲ့ချိန်မှာတော့ အမျိုးသမီးဟာအိမ်လခမပေးချင်လို့တိုက်ခန်းကိုထားခဲ့ပြီးထွက်သွားခဲ့တာဖြစ်ပါတယ်။
တိုက်ခန်းကိုထားခဲ့ရာတွင်လည်းအခန်းတစ်ခုလုံးကိုအမှိုက်တွေအပြည့်ဖြင့်ညစ်ပတ်စွာထားခဲ့တာဖြစ်ပါတယ်။
Zawgyi