သူငယ်ချင်းတွေက သတိရလို့ဆိုပြီး စားသောက်ဆိုင်တစ်ခုတွင် ချိန်းဆိုခဲ့ရာ သွားရောက်ချိန်မှာတော့ သူတို့စားထားတွေအကုန်လုံးကို ပိုက်ဆံရှင်းပေးခဲ့ရသည့်အဖြစ်
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် နေထိုင်သော မိန်းကလေးတစ်ဦးသည် ညဖက်၌ သူငယ်ချင်းတွေမှ မတွေ့တာကြာလို့ဆိုပြီး သတိရခြင်းများစွာနဲ့ စားသောက်ဆိုင်တစ်ခုတွင် တွေ့ကြရန် ချိန်းဆိုခဲ့ကြသည်။
မိန်းကလေးရောက်သွားချိန်တွင် သူငယ်ချင်းတွေမှ အကုန်ရောက်နှင့်နေကြပြီး သူမအား ဝမ်းသာအားရနှင့်ကြိုဆိုခဲ့ကြကာ စကားလေးတပြောပြောနှင့် ရယ်မောရင်း စားစရာများကို မိမိစိတ်ကြိုက် မှာယူခဲ့ကြသည်။
ထို့နောက် ပျော်ရွှင်စွာ စားသောက်ခဲ့ကြပြီး မိန်းကလေးမှာ ဗိုက်နာလာ၍ သန့်စင်ခန်းသို့ သွားခဲ့ရာ ပြန်လာချိန်တွင် စားပွဲဝိုင်း၌ သူငယ်ချင်းတစ်ယောက်မှ မရှိတော့သည့်အတွက် အံ့အားသင့်နေရင်းကနေ ဆိုင်ရှင်မှ အစားအသောက်ဖိုးအား သူမရှင်းပေးလိမ့်မည်ဆိုပြီး ပြောဆိုကာအကုန်ထွက်သွားကြသည်ဟု ဆိုခဲ့သည်။
မိန်းကလေးခမျာ ရယ်ရမလို ငိုရမလိုဖြစ်သွားခဲ့ပြီး ၁၀ယောက်လုံးစာကို ရှင်းပေးရန်အတွက် ပိုက်ဆံမလောက်၍ တစ်ယောက်လောက်ကူရှင်းပေးဖို့ရာ ဖုန်းဆက်ခဲ့သော်လည်း တစ်ယောက်မှမကိုင်ခဲ့၍ အိမ်ကိုသာဖုန်းဆက်ပြီး ပိုက်ဆံလာပို့ပေးရန် တောင်းဆိုခဲ့ရတော့သည်။
Zawgyi
သူငယ္ခ်င္းေတြက သတိရလို႔ဆိုၿပီး စားေသာက္ဆိုင္တစ္ခုတြင္ ခ်ိန္းဆိုခဲ့ရာ သြားေရာက္ခ်ိန္မွာေတာ့ သူတို႔စားထားေတြအကုန္လုံးကို ပိုက္ဆံရွင္းေပးခဲ့ရသည့္အျဖစ္
တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္တြင္ ေနထိုင္ေသာ မိန္းကေလးတစ္ဦးသည္ ညဖက္၌ သူငယ္ခ်င္းေတြမွ မေတြ႕တာၾကာလို႔ဆိုၿပီး သတိရျခင္းမ်ားစြာနဲ႔ စားေသာက္ဆိုင္တစ္ခုတြင္ ေတြ႕ၾကရန္ ခ်ိန္းဆိုခဲ့ၾကသည္။
မိန္းကေလးေရာက္သြားခ်ိန္တြင္ သူငယ္ခ်င္းေတြမွ အကုန္ေရာက္ႏွင့္ေနၾကၿပီး သူမအား ဝမ္းသာအားရႏွင့္ႀကိဳဆိုခဲ့ၾကကာ စကားေလးတေျပာေျပာႏွင့္ ရယ္ေမာရင္း စားစရာမ်ားကို မိမိစိတ္ႀကိဳက္ မွာယူခဲ့ၾကသည္။
ထို႔ေနာက္ ေပ်ာ္႐ႊင္စြာ စားေသာက္ခဲ့ၾကၿပီး မိန္းကေလးမွာ ဗိုက္နာလာ၍ သန္႔စင္ခန္းသို႔ သြားခဲ့ရာ ျပန္လာခ်ိန္တြင္ စားပြဲဝိုင္း၌ သူငယ္ခ်င္းတစ္ေယာက္မွ မရွိေတာ့သည့္အတြက္ အံ့အားသင့္ေနရင္းကေန ဆိုင္ရွင္မွ အစားအေသာက္ဖိုးအား သူမရွင္းေပးလိမ့္မည္ဆိုၿပီး ေျပာဆိုကာအကုန္ထြက္သြားၾကသည္ဟု ဆိုခဲ့သည္။
မိန္းကေလးခမ်ာ ရယ္ရမလို ငိုရမလိုျဖစ္သြားခဲ့ၿပီး ၁၀ေယာက္လုံးစာကို ရွင္းေပးရန္အတြက္ ပိုက္ဆံမေလာက္၍ တစ္ေယာက္ေလာက္ကူရွင္းေပးဖို႔ရာ ဖုန္းဆက္ခဲ့ေသာ္လည္း တစ္ေယာက္မွမကိုင္ခဲ့၍ အိမ္ကိုသာဖုန္းဆက္ၿပီး ပိုက္ဆံလာပို႔ေပးရန္ ေတာင္းဆိုခဲ့ရေတာ့သည္။