ကမ္ဘာ့ ပထမဆုံး ရွှေတွေ အပြည့်နဲ့ လုပ်ထားတဲ့ ဟိုတယ်ကြီး (ရုပ်သံ)
Unicode
အောက်တွင် Zawgyi နှင့် ဖတ်ရှု့နိုင်ပါသည်
ပရိတ်သတ်ကြီးရေ ဒီတစ်ခါ ဖော်ပြပေးမှာကတော့ သင်တို့ ဘ၀မှာ တစ်ခါမှ မြင်ဖူးမှာတောင်မဟုတ်တဲ့ ထူးထူးဆန်းဆန်းလေးဖြစ်တဲ့ ရွှေအပြည့်နဲ့ တည်ဆောက်ထားတဲ့ ဟိုတည်ကြီး အကြောင်းဘဲ ဖြစ်ပါတယ်။ ရွှေဆိုတာ စိတ်ကို ကြည်နူးစေပြီး မကြိုက်တဲ့သူ မရှိလောက်အောင် လူကြိုက်များတဲ့ အရာလည်း ဖြစ်တယ်နော်။
အခုကတော့ အဲ့လို လူကြိုက်များတဲ့ ရွှေတွေကို ဟိုတည်ကြီး တစ်ခု ဖြစ်အောင် လုပ်ပြီး ဆောက်ထားတာဘဲ ဖြစ်ပါတယ်။ ရွှေချစ်သူတွေ အတွက် ကွက်တိဘဲပေါ့။ ဒီ ဟိုတည်ကြီးက ကမ္ဘာ့ ပထမဆုံး 24 K gold တွေ အပြည့်နဲ့ လုပ်ထားတဲ့ ဟိုတည်ကြီး ဖြစ်ပါတယ်။ Vietnam နိုင်ငံ ၊ Hanoiမြို့မှာ ရှိတာဖြစ်ပြီးတော့ Dolce by Wyndham က ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်နော်။ ဟိုတည်နာမည်ကတော့ Hanoi Golden Lake Hotel ဘဲ ဖြစ်ပါတယ်။
ဟိုတည်ရဲ့ တံခါးကြီးတွေကအစ ရွှေတွေနဲ့ ပြုလုပ်ထားပြီးတော့ ဓာတ်လှေကား တွေ ခလုတ်တွေက အစ ရွှေအပြည့်ပါပဲ။ဟိုတည်မှာ အသုံးပြုတဲ့ ပန်းကန်တွေ ဇွန်းတွေကိုလည်း ရွှေတွေနဲ့ ပြုလုပ်ထားသလို ၊ ရေကူးကန်ကြီးကလည်း ရွှေနဲ့လုပ်ထားပါသေးတယ်။ အခန်းတွေထဲက ရေချိုးကန်တွေကအစ ရေပန်းတွေ ဘေဇင်တွေ အလယ် ၊ အိမ်သာတွေ အထိပါ ရွှေနဲ့ လုပ်ထားတာဆိုတော့ ကဲ ပရိတ်သတ်ကြီးရေ သွားချင်နေပြီ မလား။
ဟိုတည်က တာ၀န်ရှိသူတစ်ဦးကလည်း သူတို့ဟိုတည်ကို ဒီလိုတည်ဆောက်ရတဲ့ ရည်ရွယ်ချက်က လူတိုင်း လာရောက် လည်ပတ်နိုင်ဖို့ ရည်ရွယ်တယ် ပြောပါတယ်။ ရွေးချယ်စရာ အခန်းတွေ အမျိုးအစား တွေ အများကြီးရှိပြီး သာမန်လူတွေပါ တည်းခိုနိုင်ရန်အတွက် အခန်းခတွေကိုလည်း 250 USD က စပြီး ထားရှိပေးထားတာ ဖြစ်ပါတယ်။
ဟိုတည်မှာ လက်ရှိ တည်းခိုနေသူ တစ်ဦးကလည်း အခုလိုဘဲ ပြောခဲ့ပါသေးတယ်။ “ကျွန်တော် ဒါမျိုး နေရာ တစ်ခါမှ မတွေ့ဘူးဖူး၊ ဒီမှာ နေလို့ရတဲ့ ခံစားချက်ကလည်း ဘ၀မှာ တစ်ခါမှတောင် မရဘူးတဲ့ ခံစားချက်လို့ ပြောပါတယ်။ ဒီမှာ နေရတာက စိတ်ထဲမှာ ခပ်မြင့်မြင့် ခံစားရပြီး ၊ ကိုယ့်ကိုကိုယ် အီဂျစ် ဘုရင်ကြီး တစ်ပါးလိုတောင် ထင်မိပါတယ်”လို့ ပြောသွားပါသေးတယ်။
ကဲ ပရိတ်သတ်ကြီးရော ရွှေအပြည့်နဲ့ လုပ်ထားတဲ့ ဟိုတည်ကြီးမှာ ဘုရင်ကြီးလို ခံစားချင်သွားပြီမလား။ စိတ်မထိန်းနိုင်ဘဲ ရွှေဇွန်းတွေ ဘာတွေတော့ မယူလာနဲ့ပေါ့….. အောက်မှာ ဗီဒီယိုကြည့်ရူနိုင်ပါတယ်
အခုလိုဝင်ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ် ယောက် ခြင်းစီတိုင်း ကျန်းမာ ပျော်ရွှင် သော နေ့ရက် များပိုင် ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။
Zawgyi