ဖျော်ဖြေပွဲ အတွက် အကုန်စီစဉ် ပြီးပေမယ့် တစ်ယောက်သောသူပါလို့ ပွဲဖျက်လိုက်တဲ့ ချောစုခင်

ဖျော်ဖြေပွဲ အတွက် အကုန်စီစဉ် ပြီးပေမယ့် တစ်ယောက်သောသူပါလို့ ပွဲဖျက်လိုက်တဲ့ ချောစုခင်

ပြတ်သားလိုက်တာ မ ချောစုခင်ရယ် ….

လားရှိုးမြို့မှာပြုလုပ်မယ့် တန်ဆောင်တိုင် ဖျော်ဖြေပွဲမှာ သရုပ်ဆောင် ရွှေရူပါဦး ပါဝင်သီဆိုမှာ ဖြစ်တဲ့အတွက်

အဆိုတော် ချောစုခင်က သူပါဝင်သီဆိုမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်

အဆိုတော် ချောစုခင် က ဒီလို ဖျော်ဖြေပွဲ မှာ ဝင်ရောက် မသီဆိုဖြစ်တော့ပဲ ဖျက်သိမ်းသွားတဲ့ အ ကြောင်းကို ပွဲစီစဉ် သူက လူမှုကွန်ယက်ပေါ်မှ ရေးသားဖော်ပြခဲ့ပါတယ်

အဆိုပါ လားရှိုးတန်ဆောင် တိုင် ဖျော်ဖြေမယ့်ပွဲကို လာမယ့် နိုဝင်ဘာ ၄ရက်နေ့ က နေ ၇ ရက် နေ့ထိ

လာရှိုးမြို့ ကဦးစေတီဝင်းမှာ ပြုလုပ်မှာလို့ သိရပါတယ်

ယင်းဖျော်ဖြေပွဲ မှာ တေးသံရှင် နောနော်၊လားရှိုးမောင်ဝင်း၊ ဖော့ကိုင်၊မိုးအောင်ရင် ၊ ချောစုခင် ၊  အန်ဆိုင်းဇီ

ရွှေရူပါဦး အေမီဈာန် စတဲ့ အဆိုတော်နဲ့ သရုပ်ဆောင် တွေ သီဆို ဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်

အဆိုပါတန်ဆောင်တိုင် ဖျော်ဖြေပွဲ ကြောငြာ အွန်လိုင်း ပေါ်တက်လာစဉ် ကတည်းက ဝေဖန်မှုများ မြင့်တက်နေခဲ့တာပါ…..

မ ချောစုခင်ရဲ့ ဆုံးဖြတ်ချက်အ ပေါ်မှတ်ချက်လေးရေးခဲ့ကြပါအုံးနော်….

 

MTA(Love Feeling)

Leave a Comment