“ရည်းစားရွေးနည်း” ရုပ်ရှင်ဇာတ်ကားကို အာဏာမသိမ်းခင်ကာလကတည်းက ရိုက်ကူးထားမို့ အားပေးချင်လည်း အားပေးနိုင်သလို မအားပေးလည်းရပါတယ်ဆိုတဲ့ သရုပ်ဆောင် ဖွေးဖွေး..
ိသရုပ်ဆောင်မလေး ဖွေးဖွေးကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ရတဲ့ အကယ်ဒမီသုံးဆုတိတိကို ဆွတ်ခူးပိုင်ဆိုင်ထားနိုင်ရုံသာမက နိုင်ငံရပ်ခြားက ရုပ်ရှင်ထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဖွေးဖွေးက ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မတရားဝရမ်းထုတ်ခံခဲ့ရပြီး သူမတိမ်းရှောင်နေစဉ်အချိန်အတွင်းမှာပဲ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းခဲ့ရတာပဲဖြစ်ပါတ ယ်။ လက်ရှိမှာလည်း ဖွေးဖွေးက ရုံတင်ပြသဖို့ရှိနေတဲ့ “ရည်းစားရွေးနည်း” ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးဝေဖန်နေကြတဲ့ ပရိသတ်တွေကို ဖြေရှင်းလာတာကိုတွေ့ရပါတယ်။
“ရည်းစားရွေးနည်း” ရုပ်ရှင်ဇာတ်ကားဟာ လာမယ့် နိုဝင်ဘာလ (၄) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဖေ့စ်ဘုတ်စာမျက်နှာမှာ Trailer ဗီဒီယိုဟာ ပျံ့နှံ့နေကာ အဆိုပါ ဇာတ်ကားကို အာဏာသိမ်းပြီးနောက်ပိုင်းမှ ရိုက်ကူးတာလားဆိုပြီး ပရိသတ်တွေက ဝေဖန်နေကာ ဖွေးဖွေးက “လွန်ခဲ့တဲ့ ၃-၄ နှစ်က အရမ်းးးးပျော်ပြီးရိုက်ထားတဲ့ကား လေး…နောက်ထပ်ရုံတင်ဖို့လဲ ရိုက်ထားတာ 2020 က ၂ ကားလောက်ပဲကျန်တော့တယ်။ နောက်အသစ်ရိုက်ထားတာတော့
ဒီ ၂ နှစ်အတွင်းမရှိတော့ဘူး။ ကြည့်ချင်လဲကြည့်ကြ မကြည့်ချင်လဲမကြည့်ကြနဲ့ (လေသံဖျော့ဖျော့နှင့်ဖတ်ရန်)” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ဖွေးဖွေးကတော့ “ရည်းစားရွေးနည်း” ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ဝေဖန်နေကြတဲ့ ပရိသတ်တွေကို အဆိုပါ ဇာတ်ကားက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ရိုက်ကူးထားတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဇာတ်ကားသစ်တွေမရိုက်ကူးဖြစ်တော့ဘူးဆိုတဲ့အကြောင်းကိုလည်း ပွင့်လင်းစွာပြောလာတာပဲဖြစ်ပါတယ်။
crd
zawgyi
“ရည္းစားေ႐ြးနည္း” ႐ုပ္ရွင္ဇာတ္ကားကို အာဏာမသိမ္းခင္ကာလကတည္းက ႐ိုက္ကူးထားမို႔ အားေပးခ်င္လည္း အားေပးႏိုင္သလို မအားေပးလည္းရပါတယ္ဆိုတဲ့ သ႐ုပ္ေဆာင္ ေဖြးေဖြး..
ိသ႐ုပ္ေဆာင္မေလး ေဖြးေဖြးကေတာ့ တစ္ႏိုင္ငံလုံးက ပရိသတ္ေတြခ်စ္ရတဲ့ အကယ္ဒမီသုံးဆုတိတိကို ဆြတ္ခူးပိုင္ဆိုင္ထားႏိုင္႐ုံသာမက ႏိုင္ငံရပ္ျခားက ႐ုပ္ရွင္ထူးခြၽန္ဆုေတြကိုလည္း ရရွိပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ ေဖြးေဖြးက ၿပီးခဲ့တဲ့ႏွစ္မွာ ႏိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ မတရားဝရမ္းထုတ္ခံခဲ့ရၿပီး သူမတိမ္းေရွာင္ေနစဥ္အခ်ိန္အတြင္းမွာပဲ ဖခင္ျဖစ္သူ ကြယ္လြန္သြားခဲ့တာေၾကာင့္ ေတာ္ေတာ္ေလး စိတ္ထိခိုက္ဝမ္းနည္းခဲ့ရတာပဲျဖစ္ပါတယ္။ လက္ရွိမွာလည္း ေဖြးေဖြးက ႐ုံတင္ျပသဖို႔ရွိေနတဲ့ “ရည္းစားေ႐ြးနည္း” ႐ုပ္ရွင္ဇာတ္ကားနဲ႔ပတ္သက္ၿပီးေဝဖန္ေနၾကတဲ့ ပရိသတ္ေတြကို ေျဖရွင္းလာတာကိုေတြ႕ရပါတယ္။
“ရည္းစားေ႐ြးနည္း” ႐ုပ္ရွင္ဇာတ္ကားဟာ လာမယ့္ ႏိုဝင္ဘာလ (၄) ရက္ေန႔မွာ ႐ုံတင္ျပသမွာမို႔ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ Trailer ဗီဒီယိုဟာ ပ်ံ႕ႏွံ႔ေနကာ အဆိုပါ ဇာတ္ကားကို အာဏာသိမ္းၿပီးေနာက္ပိုင္းမွ ႐ိုက္ကူးတာလားဆိုၿပီး ပရိသတ္ေတြက ေဝဖန္ေနကာ ေဖြးေဖြးက “လြန္ခဲ့တဲ့ ၃-၄ ႏွစ္က အရမ္းးးးေပ်ာ္ၿပီး႐ိုက္ထားတဲ့ကား ေလး…ေနာက္ထပ္႐ုံတင္ဖို႔လဲ ႐ိုက္ထားတာ 2020 က ၂ ကားေလာက္ပဲက်န္ေတာ့တယ္။ ေနာက္အသစ္႐ိုက္ထားတာေတာ့
ဒီ ၂ ႏွစ္အတြင္းမရွိေတာ့ဘူး။ ၾကည့္ခ်င္လဲၾကည့္ၾက မၾကည့္ခ်င္လဲမၾကည့္ၾကနဲ႔ (ေလသံေဖ်ာ့ေဖ်ာ့ႏွင့္ဖတ္ရန္)” ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။ေဖြးေဖြးကေတာ့ “ရည္းစားေ႐ြးနည္း” ႐ုပ္ရွင္ဇာတ္ကားနဲ႔ပတ္သက္ၿပီး ေဝဖန္ေနၾကတဲ့ ပရိသတ္ေတြကို အဆိုပါ ဇာတ္ကားက ၿပီးခဲ့တဲ့ (၂၀၁၈) ခုႏွစ္ ႏွစ္ကုန္ပိုင္းကတည္းက ႐ိုက္ကူးထားတာျဖစ္ၿပီး အာဏာသိမ္းၿပီးေနာက္ပိုင္းမွာေတာ့ ဇာတ္ကားသစ္ေတြမ႐ိုက္ကူးျဖစ္ေတာ့ဘူးဆိုတဲ့အေၾကာင္းကိုလည္း ပြင့္လင္းစြာေျပာလာတာပဲျဖစ္ပါတယ္။
crd