ကုမၸဏီ၀န္ထမ္းဘ၀နဲ႕ ကိုယ္ပိုင္လုပ္ငန္း… (ႏိွဳင္းယွဥ္ျပသြားတာ အရမ္းေကာင္းတယ္ေနာ္…)
လူအေတာ္မ်ားမ်ားက ကုမၸဏီ၀န္ထမ္းဘ၀ကို မက္ေမာအထင္ႀကီး ရယူလိုၾကတယ္…။ယူနီေဖာင္းေလးနဲ႔အလုပ္သြား laptopနဲ႔ လုပ္ရတဲ့ အလုပ္ဆိုေတာ့ ေအးေအးေဆးေဆး ေက်ာ့ေမာ့တာေတာ့ အမွန္ပဲေပါ့။
လူျမင္လည္းတင့္တယ္ ပတ္၀န္းက်င္က ဘာအလုပ္ လုပ္လဲေမးရင္… Marketing/ HR/ PR/ Accounting စသျဖင့္ ကိုယ္တာ၀န္ယူရတဲ့ ကုမၸဏီရဲ႕ ဌာနအပိုင္းေတြကို ဘိုလိုေျဖရေတာ့… ပတ္၀န္းက်င္ကလည္း အထင္ႀကီးေတာ့
အဆင္လည္းေျပတာေပါ့…။ ဒါေပမယ့္ အဲ့ ကုမၸဏီ၀န္ထမ္းျဖစ္ဖို႔ဆိုတာလည္း လြယ္တဲ့ ကိစၥေတာ့မဟုတ္ဘူး။ ႏွစ္မ်ားစြာ အခ်ိန္၊ ဉာဏ္၊ ေငြ ရင္းႏွီးထားရတဲ့ ဘြဲ႕တစ္ခုအျပင္ သင္တန္းနဲ႔ အေတြ႕အၾကဳံ မ်ားစြာရွိမွ
လစာ 2သိန္းေလာက္က စရတာမ်ိဳး လစာ 3သိန္း 5သိန္း 10သိန္းေပးရင္ကို ေတာ္ေတာ္မ်ားတဲ့ ပမာဏပဲလို႔ ထင္ေနရၿပီ။ အမွန္ အဲပမာဏက ဘာမွမဟုတ္ဘူး… ေနနိုင္ စားနိုင္႐ုံ အဆင့္ပဲရွိတာ။ ကိုယ္ပိုင္လုပ္ငန္းနဲ႔ ကုမၸဏီ၀န္ထမ္းက
သူ႔ဟာနဲ႔သူ အားသာခ်က္ အားနည္းခ်က္ရွိတယ္။ ကုမၸဏီ၀န္ထမ္းရဲ့အားသာခ်က္က ပုံစံေက်ာ့ေမာ့တယ္ လကုန္တိုင္းလစာပုံမွန္ရတယ္ ဒီအလုပ္ကမထြက္မခ်င္း ဒီအလုပ္မွာ လုပ္ေနသေရြ႕ ပိုက္ဆံ (လစာ) ကေတာ့ လကုန္တိုင္းရေနဖို႔ေသခ်ာတယ္။
အားနည္းခ်က္ကေတာ့… ကိုယ့္ကိုကိုယ္ ပိတ္ရက္ကလြဲရင္ မပိုင္ဘူး။ အခ်ိန္နဲ႔ သြား အခ်ိန္နဲ႔ စားရတယ္… ဖိအားမ်ားတယ္။ ကိုယ္မွန္ေတာင္မွ အထက္လူႀကီးဆို သည္းခံရတယ္။ ၀င္ေငြက ပုံေသကိန္းဂဏန္းမို႔
၀င္ေငြထြက္ေငြေသခ်ာ တြက္ခ်က္ၿပီးသုံးရတယ္ ကိုယ့္လစာ၀င္ေငြထက္ အမ်ားႀကီးပိုသုံးမိရင္ လလယ္ေလာက္ဆိုေငြျပတ္တတ္တယ္ အေႂကြးတင္တတ္တယ္။
ကိုယ္ပိုင္လုပ္ငန္းရဲ့ အားသာခ်က္က… ကိုယ့္လုပ္ငန္းမို႔ ကိုယ့္အလုပ္ လုပ္ခ်င္တဲ့ေန႔ လုပ္လို႔ရတယ္ အလုပ္မလုပ္ခ်င္တဲ့ေန႔ အလုပ္နားၿပီး အိပ္မလား… ေလၽွာက္လည္မလား ေအးေဆးပဲ…။
၀င္ေငြက နည္းတဲ့လ နည္းနိုင္သလို… မ်ားတဲ့လလည္း မ်ားနိုင္တယ္… ပုံေသမရွိဘူး။ ကိုယ္သာပိုင္ရွင္ျဖစ္တဲ့အတြက္ အလုပ္ဖိအားက လြဲၿပီး အထက္ဖိအားဆိုတာ မရွိဘူး။
အားနည္းခ်က္ကေတာ့…
၀င္ေငြမ်ားတဲ့လဆိုတာ ရွိနိုင္သလို ေရာင္းအားက်တဲ့ အခါမ်ိဳးဆို ၀င္ေငြနည္းတဲ့လလည္း ရွိနိုင္သလို အရႈံးေပၚတဲ့လလည္း ရွိနိုင္တယ္…။
Customer is always rightေၾကာင့္ကိုယ့္ကာစတန္မာက မွားေနခဲ့ေတာင္ ကိုယ္ကသည္းခံရတာမ်ိဴးရွိမယ္…၀က္သားတုတ္ထိုး အခ်ဥ္ေပါင္းတို႔ဆို ကိုယ္ပိုင္ လုပ္ငန္းထဲ ပါေပမယ့္… လူအထင္ေသးတာမ်ိဳးရွိတယ္။
က်ေနာ္ကေတာ့ ကုမၸဏီ၀န္ထမ္းအလုပ္ကို ဘယ္တုန္းကမွ သေဘာမက်ခဲ့ဘူး။ အေတြ႕အၾကဳံလိုခ်င္လို႔သာ ၀င္လုပ္ခဲ့တာပဲ ရွိတယ္။ ကိုယ့္ဘ၀ရဲ့အခ်ိန္အေတာ္မ်ားမ်ား ႏွစ္မ်ားစြာကို လစာ ပုံေသကိန္းဂဏန္းတစ္ခုရဲ့ေအာက္မွာ မျမႇုပ္ႏွံခ်င္ဘူး။
ကုမၸဏီ၀န္ထမ္းထက္ ကိုယ္ပိုင္ လုပ္ငန္းေတြကိုပဲ အားေပးတယ္။ ကိုယ္ပိုင္လုပ္ငန္းလို႔ ဆိုရာမွာ OS၊ ၀က္သားတုတ္ထိုး၊ အခ်ဥ္ေပါင္း၊ Delivery ထမင္း/ဟင္း၊ ေဘထုတ္ေရာင္း၊ ဆူရွီ အကုန္ပါ၀င္တယ္။
တခ်ိဳ႕အလုပ္ေတြက နာမည္ၾကားလိုက္ရင္သာ လူေတြကအထင္ေသး တစ္မ်ိဳးျမင္တာ…ဥပမာ ၀က္သားတုတ္ထိုး အခ်ဥ္ေပါင္း မုန႔္ေရာင္း အဲလုပ္ငန္းေတြရဲ့ လည္ပတ္ေငြနဲ႔ ၀င္ေငြက တစ္ရက္ကို2ေသာင္း 3ေသာင္း 5ေသာင္းရွိတယ္။
တစ္လကို 6သိန္း 9သိန္း 15သိန္း ပတ္ခ်ာလည္ေပါ့။ နာမည္ႀကီးရင္ႀကီးသလို ကိုယ့္၀န္ေဆာင္မႈနဲ႔ အရည္အေသြး ေကာင္းရင္ေကာင္းသလို ၀င္ေငြကတက္လာမွာပဲ…။အရင္းအႏွီးမရွိတဲ့လူေတြအဖို႔ေတာ့
ဒီလိုပဲေအာက္ေျခက စရတာပဲ ဘာမွရွက္စရာလည္းမဟုတ္သလို ဂုဏ္ဆာစရာလည္းမရွိပါဘူး…ေငြရဖို႔လုပ္က်တဲ့ သမၼာအာဇီ၀ခ်င္း အတူတူကိုး။ နယ္ကက်ေနာ္သူငယ္ခ်င္းတစ္ေယာက္ ရန္ကုန္တက္လာပီးအေဆာင္မွာေနတယ္ one stop Mart မွာ ၀န္ထမ္းလုပ္တယ္…။
ဘာမွမစုမိတဲ့အျပင္ အေႂကြးတင္လာတာပဲ အဖက္တင္တယ္။ဒါေပမယ့္ Martတစ္ခုရဲ့ ေဈးအေရာင္းအ၀ယ္ အျပင္အဆင္ ကုန္ပစၥည္းအ၀င္အထြက္ အျမတ္အစြန္း ေငြေၾကးဇယားေတြ သူနားလည္အေတြ႕အၾကဳံရသြားတာေတာ့ အျမတ္ေပါ့။
အဲဒါနဲ႔ သူနယ္ျပန္ ရွိသမၽွေရာင္းခ်ေပါင္ႏွံၿပီး သူအေတြ႕အၾကဳံနဲ႔ အင္းေလး(ေညာင္ေရြ)မွာ Mini Martေလး စဖြင့္တယ္…၂ႏွစ္ေလာက္ ရႈံးတဲ့အခါရႈံး အရင္းျပန္ရတဲ့အခါရနဲ႔ ၃ႏွစ္ေလာက္မွာ စေရာင္းရၿပီး စျမတ္လာတယ္….။
အခုဆို အင္းေလးက Mart အျပင္ ေတာင္ႀကီးမွာ ပင္လယ္စာ ထုံခ်ိဳင္းဆိုင္ သူ႔ဇာတိမွ ာတစ္ဆိုင္နဲ႔ေနာင္ခ်ိဳမွာ ပီဇာနဲ႔ဘာဘယ္တီးဆိုင္ေလးပါဖြင့္လာနိုင္ၿပီ။ အမ်ားႀကီးမေအာင္ျမင္ခဲ့ဘူးဆိုေတာင္ အထိုက္အေလ်ာက္ေတာ့ ေအာင္ျမင္ခဲ့ၿပီဆိုရမွာေပါ့….။
ပုံေသကိန္းဂဏန္းနဲ႔ လခစား၀န္ထမ္းဘ၀ကေန အခုကိုယ္ပိုင္လုပ္ငန္းရွင္ဘ၀မွာ တစ္လကို ပုံေသ သိန္း20 30 50ရတဲ့ လူတစ္ေယာက္ျဖစ္လာပါၿပီ…ေရာင္းအားတက္တဲ့လေတြဆို အဲထက္ ပိုရင္လည္းပိုပါလိမ့္မယ္။
သူသာ one stop martမွာအခုထိလုပ္ေနေသးရင္ သူ႔လစာက3သိန္း 5သိန္းေလာက္ထိပဲရေနဦးမွာ…. အခုဆို ဆိုင္ခြဲ4ဆိုင္ ဦးစီးလုပ္ေဆာင္ေနတဲ့ ကိုယ္ပိုင္လုပ္ငန္းရွင္ျဖစ္ေနၿပီ။ အခု စတုတၳဆိုင္ ေအာင္ျမင္လာရင္ ပဥၥမေျမာက္ဆိုင္ သူထပ္ခ်ဲ႕ဦးမွာပဲ…။
သူ႔၀င္ေငြေတြက ထပ္တိုးလာဖို႔ပဲ ရွိတယ္…။ သူ႔ကိုေတာ္ေတာ္အားက်ရတယ္ က်ေနာ္ကိုယ္တိုင္က အရင္းအႏွီးရဖို႔ စုေဆာင္းရတဲ့ ကုမၸဏီ၀န္ထမ္းဘ၀ပဲ ရွိေသးတာကိုး….က်ေနာ္လည္းတစ္ေန႔မွာ သမၼာအာဇီ၀ ကိုယ္ပိုင္လုပ္ငန္းေတြ တည္ေထာင္ဖို႔ ရည္မွန္းခ်က္အိပ္မက္ေတြရွိတယ္။
အဲေတာ့ တစ္လကို ပုံေသကိန္းဂဏန္းနဲ႔ ႏွစ္မ်ားစြာ အခ်ိန္ကုန္ေနရမယ့္ ကုမၸဏီ၀န္ထမ္းဘ၀အစား…ေရတြက္မရတဲ့ ကိန္းဂဏန္းပိုင္ရွင္အျဖစ္ကိုပဲ ရေအာင္ ႀကိဳးစားၿပီး ေျပာင္းလဲၾကေစခ်င္တယ္…။
ဘယ္ကိုယ္ပိုင္လုပ္ငန္းမဆို မရွက္မေၾကာက္ပဲ စတင္လုပ္ေဆာင္ပါ
တစ္လက္စထဲ 3ႏွစ္ေလာက္အထိေတာ့ အရႉံးကိုႀကိဳတြက္ၿပီး ေတာင့္ခံနိုင္ဖို႔လိုတယ္။ (အရန္လုပ္ငန္း အရန္ေငြ စသျဖင့္ Plan B တစ္ခါထဲ စီစဥ္ထားေပါ့)
3ႏွစ္ေလာက္ဆိုရင္ စထူးျခားလာပါလိမ့္မယ္။ ကိုယ္လုပ္မယ့္ လုပ္ငန္း အေၾကာင္းကိုလည္း ေသခ်ာနားလည္ဖို႔ေတာ့လိုမယ္….။ဥပမာ ၀က္သားတုတ္ထိုး ေရာင္းမယ္ဆိုေတာင္ ၀က္သားကို အထူအပါးညီဖို႔ အခ်ဥ္စပ္တတ္ဖို႔ ဟင္းရည္ေကာင္းဖို႔ သန႔္ရွင္းမႈရွိဖို႔ ၀န္ေဆာင္မႈေကာင္းဖို႔ စသျဖင့္ေပါ့….
(တခ်ိဳ႕ကေတာ့ သိန္းရာဂဏန္းထိ ရတဲ့၀န္ထမ္းေတြလည္း ရွိတယ္လို႔လည္းေတြးက်မွာပါ… ရွိပါတယ္…ဒါေပမယ့္ အဲေလာက္ အေနအထားရေနမွေတာ့ အရင္းအႏွီးစုၿပီး ကိုယ္ပိုင္လုပ္ငန္းရွင္ဘ၀
ခံယူလို႔ရေနၿပီပဲ။ ဘာလို႔ သူမ်ား၀န္ထမ္း ဆက္လုပ္ပီး သူမ်ားအက်ိဳးအျမတ္ကို ရွာေပးေနေတာ့မလဲ….သိန္း ရာဂဏန္းမကတဲ့ ကိန္းဂဏန္းေတြ ဆက္ရွာေဖြၿပီး ရလာသမၽွ အက်ိဴးအျမတ္အကုန္ ကိုယ္အိတ္ထဲ ကိုယ္ အကုန္ထည့္လို႔ရေနၿပီပဲေနာ္… )
ခရက္ဒစ္#ဗညာဆာန္မန္#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။
Unicode
ကုမ္ပဏီဝန်ထမ်းဘဝနဲ့ ကိုယ်ပိုင်လုပ်ငန်း… (နှိုင်းယှဉ်ပြသွားတာ အရမ်းကောင်းတယ်နော်…)
လူအတော်များများက ကုမ္ပဏီဝန်ထမ်းဘဝကို မက်မောအထင်ကြီး ရယူလိုကြတယ်…။ယူနီဖောင်းလေးနဲ့အလုပ်သွား laptopနဲ့ လုပ်ရတဲ့ အလုပ်ဆိုတော့ အေးအေးဆေးဆေး ကျော့မော့တာတော့ အမှန်ပဲပေါ့။
လူမြင်လည်းတင့်တယ် ပတ်ဝန်းကျင်က ဘာအလုပ် လုပ်လဲမေးရင်… Marketing/ HR/ PR/ Accounting စသဖြင့် ကိုယ်တာဝန်ယူရတဲ့ ကုမ္ပဏီရဲ့ ဌာနအပိုင်းတွေကို ဘိုလိုဖြေရတော့… ပတ်ဝန်းကျင်ကလည်း အထင်ကြီးတော့
အဆင်လည်းပြေတာပေါ့…။ ဒါပေမယ့် အဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်ဖို့ဆိုတာလည်း လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။ နှစ်များစွာ အချိန်၊ ဉာဏ်၊ ငွေ ရင်းနှီးထားရတဲ့ ဘွဲ့တစ်ခုအပြင် သင်တန်းနဲ့ အတွေ့အကြုံ များစွာရှိမှ
လစာ 2သိန်းလောက်က စရတာမျိုး လစာ 3သိန်း 5သိန်း 10သိန်းပေးရင်ကို တော်တော်များတဲ့ ပမာဏပဲလို့ ထင်နေရပြီ။ အမှန် အဲပမာဏက ဘာမှမဟုတ်ဘူး… နေနိုင် စားနိုင်ရုံ အဆင့်ပဲရှိတာ။ ကိုယ်ပိုင်လုပ်ငန်းနဲ့ ကုမ္ပဏီဝန်ထမ်းက
သူ့ဟာနဲ့သူ အားသာချက် အားနည်းချက်ရှိတယ်။ ကုမ္ပဏီဝန်ထမ်းရဲ့အားသာချက်က ပုံစံကျော့မော့တယ် လကုန်တိုင်းလစာပုံမှန်ရတယ် ဒီအလုပ်ကမထွက်မချင်း ဒီအလုပ်မှာ လုပ်နေသရွေ့ ပိုက်ဆံ (လစာ) ကတော့ လကုန်တိုင်းရနေဖို့သေချာတယ်။
အားနည်းချက်ကတော့… ကိုယ့်ကိုကိုယ် ပိတ်ရက်ကလွဲရင် မပိုင်ဘူး။ အချိန်နဲ့ သွား အချိန်နဲ့ စားရတယ်… ဖိအားများတယ်။ ကိုယ်မှန်တောင်မှ အထက်လူကြီးဆို သည်းခံရတယ်။ ဝင်ငွေက ပုံသေကိန်းဂဏန်းမို့
ဝင်ငွေထွက်ငွေသေချာ တွက်ချက်ပြီးသုံးရတယ် ကိုယ့်လစာဝင်ငွေထက် အများကြီးပိုသုံးမိရင် လလယ်လောက်ဆိုငွေပြတ်တတ်တယ် အကြွေးတင်တတ်တယ်။
ကိုယ်ပိုင်လုပ်ငန်းရဲ့ အားသာချက်က… ကိုယ့်လုပ်ငန်းမို့ ကိုယ့်အလုပ် လုပ်ချင်တဲ့နေ့ လုပ်လို့ရတယ် အလုပ်မလုပ်ချင်တဲ့နေ့ အလုပ်နားပြီး အိပ်မလား… လျှောက်လည်မလား အေးဆေးပဲ…။
ဝင်ငွေက နည်းတဲ့လ နည်းနိုင်သလို… များတဲ့လလည်း များနိုင်တယ်… ပုံသေမရှိဘူး။ ကိုယ်သာပိုင်ရှင်ဖြစ်တဲ့အတွက် အလုပ်ဖိအားက လွဲပြီး အထက်ဖိအားဆိုတာ မရှိဘူး။
အားနည်းချက်ကတော့…
ဝင်ငွေများတဲ့လဆိုတာ ရှိနိုင်သလို ရောင်းအားကျတဲ့ အခါမျိုးဆို ဝင်ငွေနည်းတဲ့လလည်း ရှိနိုင်သလို အရှုံးပေါ်တဲ့လလည်း ရှိနိုင်တယ်…။
Customer is always rightကြောင့်ကိုယ့်ကာစတန်မာက မှားနေခဲ့တောင် ကိုယ်ကသည်းခံရတာမျိူးရှိမယ်…ဝက်သားတုတ်ထိုး အချဉ်ပေါင်းတို့ဆို ကိုယ်ပိုင် လုပ်ငန်းထဲ ပါပေမယ့်… လူအထင်သေးတာမျိုးရှိတယ်။
ကျနော်ကတော့ ကုမ္ပဏီဝန်ထမ်းအလုပ်ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ အတွေ့အကြုံလိုချင်လို့သာ ဝင်လုပ်ခဲ့တာပဲ ရှိတယ်။ ကိုယ့်ဘဝရဲ့အချိန်အတော်များများ နှစ်များစွာကို လစာ ပုံသေကိန်းဂဏန်းတစ်ခုရဲ့အောက်မှာ မမြှုပ်နှံချင်ဘူး။
ကုမ္ပဏီဝန်ထမ်းထက် ကိုယ်ပိုင် လုပ်ငန်းတွေကိုပဲ အားပေးတယ်။ ကိုယ်ပိုင်လုပ်ငန်းလို့ ဆိုရာမှာ OS၊ ဝက်သားတုတ်ထိုး၊ အချဉ်ပေါင်း၊ Delivery ထမင်း/ဟင်း၊ ဘေထုတ်ရောင်း၊ ဆူရှီ အကုန်ပါဝင်တယ်။
တချို့အလုပ်တွေက နာမည်ကြားလိုက်ရင်သာ လူတွေကအထင်သေး တစ်မျိုးမြင်တာ…ဥပမာ ဝက်သားတုတ်ထိုး အချဉ်ပေါင်း မုန့်ရောင်း အဲလုပ်ငန်းတွေရဲ့ လည်ပတ်ငွေနဲ့ ဝင်ငွေက တစ်ရက်ကို2သောင်း 3သောင်း 5သောင်းရှိတယ်။
တစ်လကို 6သိန်း 9သိန်း 15သိန်း ပတ်ချာလည်ပေါ့။ နာမည်ကြီးရင်ကြီးသလို ကိုယ့်ဝန်ဆောင်မှုနဲ့ အရည်အသွေး ကောင်းရင်ကောင်းသလို ဝင်ငွေကတက်လာမှာပဲ…။အရင်းအနှီးမရှိတဲ့လူတွေအဖို့တော့
ဒီလိုပဲအောက်ခြေက စရတာပဲ ဘာမှရှက်စရာလည်းမဟုတ်သလို ဂုဏ်ဆာစရာလည်းမရှိပါဘူး…ငွေရဖို့လုပ်ကျတဲ့ သမ္မာအာဇီဝချင်း အတူတူကိုး။ နယ်ကကျနော်သူငယ်ချင်းတစ်ယောက် ရန်ကုန်တက်လာပီးအဆောင်မှာနေတယ် one stop Mart မှာ ဝန်ထမ်းလုပ်တယ်…။
ဘာမှမစုမိတဲ့အပြင် အကြွေးတင်လာတာပဲ အဖက်တင်တယ်။ဒါပေမယ့် Martတစ်ခုရဲ့ ဈေးအရောင်းအဝယ် အပြင်အဆင် ကုန်ပစ္စည်းအဝင်အထွက် အမြတ်အစွန်း ငွေကြေးဇယားတွေ သူနားလည်အတွေ့အကြုံရသွားတာတော့ အမြတ်ပေါ့။
အဲဒါနဲ့ သူနယ်ပြန် ရှိသမျှရောင်းချပေါင်နှံပြီး သူအတွေ့အကြုံနဲ့ အင်းလေး(ညောင်ရွေ)မှာ Mini Martလေး စဖွင့်တယ်…၂နှစ်လောက် ရှုံးတဲ့အခါရှုံး အရင်းပြန်ရတဲ့အခါရနဲ့ ၃နှစ်လောက်မှာ စရောင်းရပြီး စမြတ်လာတယ်….။
အခုဆို အင်းလေးက Mart အပြင် တောင်ကြီးမှာ ပင်လယ်စာ ထုံချိုင်းဆိုင် သူ့ဇာတိမှ ာတစ်ဆိုင်နဲ့နောင်ချိုမှာ ပီဇာနဲ့ဘာဘယ်တီးဆိုင်လေးပါဖွင့်လာနိုင်ပြီ။ အများကြီးမအောင်မြင်ခဲ့ဘူးဆိုတောင် အထိုက်အလျောက်တော့ အောင်မြင်ခဲ့ပြီဆိုရမှာပေါ့….။
ပုံသေကိန်းဂဏန်းနဲ့ လခစားဝန်ထမ်းဘဝကနေ အခုကိုယ်ပိုင်လုပ်ငန်းရှင်ဘဝမှာ တစ်လကို ပုံသေ သိန်း20 30 50ရတဲ့ လူတစ်ယောက်ဖြစ်လာပါပြီ…ရောင်းအားတက်တဲ့လတွေဆို အဲထက် ပိုရင်လည်းပိုပါလိမ့်မယ်။
သူသာ one stop martမှာအခုထိလုပ်နေသေးရင် သူ့လစာက3သိန်း 5သိန်းလောက်ထိပဲရနေဦးမှာ…. အခုဆို ဆိုင်ခွဲ4ဆိုင် ဦးစီးလုပ်ဆောင်နေတဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်နေပြီ။ အခု စတုတ္ထဆိုင် အောင်မြင်လာရင် ပဉ္စမမြောက်ဆိုင် သူထပ်ချဲ့ဦးမှာပဲ…။
သူ့ဝင်ငွေတွေက ထပ်တိုးလာဖို့ပဲ ရှိတယ်…။ သူ့ကိုတော်တော်အားကျရတယ် ကျနော်ကိုယ်တိုင်က အရင်းအနှီးရဖို့ စုဆောင်းရတဲ့ ကုမ္ပဏီဝန်ထမ်းဘဝပဲ ရှိသေးတာကိုး….ကျနော်လည်းတစ်နေ့မှာ သမ္မာအာဇီ၀ ကိုယ်ပိုင်လုပ်ငန်းတွေ တည်ထောင်ဖို့ ရည်မှန်းချက်အိပ်မက်တွေရှိတယ်။
အဲတော့ တစ်လကို ပုံသေကိန်းဂဏန်းနဲ့ နှစ်များစွာ အချိန်ကုန်နေရမယ့် ကုမ္ပဏီဝန်ထမ်းဘဝအစား…ရေတွက်မရတဲ့ ကိန်းဂဏန်းပိုင်ရှင်အဖြစ်ကိုပဲ ရအောင် ကြိုးစားပြီး ပြောင်းလဲကြစေချင်တယ်…။
ဘယ်ကိုယ်ပိုင်လုပ်ငန်းမဆို မရှက်မကြောက်ပဲ စတင်လုပ်ဆောင်ပါ
တစ်လက်စထဲ 3နှစ်လောက်အထိတော့ အရှူံးကိုကြိုတွက်ပြီး တောင့်ခံနိုင်ဖို့လိုတယ်။ (အရန်လုပ်ငန်း အရန်ငွေ စသဖြင့် Plan B တစ်ခါထဲ စီစဉ်ထားပေါ့)
3နှစ်လောက်ဆိုရင် စထူးခြားလာပါလိမ့်မယ်။ ကိုယ်လုပ်မယ့် လုပ်ငန်း အကြောင်းကိုလည်း သေချာနားလည်ဖို့တော့လိုမယ်….။ဥပမာ ဝက်သားတုတ်ထိုး ရောင်းမယ်ဆိုတောင် ဝက်သားကို အထူအပါးညီဖို့ အချဉ်စပ်တတ်ဖို့ ဟင်းရည်ကောင်းဖို့ သန့်ရှင်းမှုရှိဖို့ ဝန်ဆောင်မှုကောင်းဖို့ စသဖြင့်ပေါ့….
(တချို့ကတော့ သိန်းရာဂဏန်းထိ ရတဲ့ဝန်ထမ်းတွေလည်း ရှိတယ်လို့လည်းတွေးကျမှာပါ… ရှိပါတယ်…ဒါပေမယ့် အဲလောက် အနေအထားရနေမှတော့ အရင်းအနှီးစုပြီး ကိုယ်ပိုင်လုပ်ငန်းရှင်ဘ၀
ခံယူလို့ရနေပြီပဲ။ ဘာလို့ သူများဝန်ထမ်း ဆက်လုပ်ပီး သူများအကျိုးအမြတ်ကို ရှာပေးနေတော့မလဲ….သိန်း ရာဂဏန်းမကတဲ့ ကိန်းဂဏန်းတွေ ဆက်ရှာဖွေပြီး ရလာသမျှ အကျိူးအမြတ်အကုန် ကိုယ်အိတ်ထဲ ကိုယ် အကုန်ထည့်လို့ရနေပြီပဲနော်… )
ခရက်ဒစ်#ဗညာဆာန်မန်#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။