ဒါရိုက်တာဉာဏတင်စိုး၏စျာပနအား ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန် မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုဿန်တွင် သဂြိုဟ်ပြီးစီးခဲ့ပြီဖြစ်သည်။
၎င်း၏စျာပနသို့ အနုပညာအသိုင်းအဝိုင်းမှ နာမည်ကြီးသရုပ်ဆောင်အချို့နှင့် လုပ်ဖော်ကိုင်ဖက်များ လိုက် ပါပို့ဆောင်ခဲ့ကြသည်။
ဒါရိုက်တာ ဉာဏတင်စိုးသည် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၅၀) ရှိပြီဖြစ်ကြောင်း သိရသည်။
၎င်းသေဆုံးသည့် နံနက်ပိုင်းက Ayeyarwady lumin ဖေ့စ်ဘွတ်အကောင့်စာမျက်နှာတွင် “ကိုညာရယ် အမေ့ကိုအရိပ်တကြည့်ကြည့်နဲ့ အမေချစ်တဲ့သား၊
မိသားစုထဲမှာအလိမ်မာဆုံး အနေအေးသဘော ကောင်းတဲ့ လူပျိုကြီး၊ ရုတ်တရက်ကြီး မယုံနိုင်ဘူး” ဟုရေးသားဖော်ပြထားသည်၊၊
၎င်းသည် သရုပ်ဆောင်လူမင်း၏ယောက်ဖတော်စပ်သူဖြစ်ကာ၊ သရုပ်ဆောင် သီဟတင်စိုးနှင့် ဝဏ္ဏတင်စိုး တို့၏ ညီ၊ စည်သူတင်စိုးနှင့် ခင်စံပယ်ဦးတို့၏ အစ်ကို ဖြစ်သည်။
ဒါရိုက်တာဉာဏတင်စိုးသည် မသေဆုံးမီအချိန်အထိ ခင်စပယ်ဦးစတူရီယိုတွင် အသံဖမ်းအင်ဂျင်နီယာ တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။
Unicode