သားလိုချင်ပေမယ့် သမီးမိန်းကလေးမွေးလာတာကြောင့် ခင်ပွန်းဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရသော ရောဂါသည် အမျိုးသမီး
လောကကြီးတွင် အမျိုးသမီးတိုင်းအတွက် ငွေကြေးချမ်းသာသော ယောကျာ်းတွေထက် ကိုယ်ချင်းစာနာစိတ်နဲ့ လူသားဆန်စိတ်ရှိသော ယောကျာ်းသားများနဲ့ အိမ်ထောင်ကျဖို့ကသာ အရေးကြီးပါသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့ရှိ အမျိုးသမီးတစ်ဦးသည် ခြေထောက်နှစ်ဖက်က လမ်းလျှောက်မရပဲ လေဖြတ်နေပေမယ့် သမီးလေးနဲ့အတူ ထီလက်မှတ်ရောင်းချနေရသော ပုံရိပ်လေးသည် လူအများရင်ထဲထိမိစေခဲ့သည်။
အမျိုးသမီးသည် အိမ်ထောင်ကျပြီး သမီးလေးမွေးဖွားချိန် ခင်ပွန်းဖြစ်သူက သမီးလေးကိုတစ်စက်ကလေးမှ သဘောမကျပဲ သားယောကျာ်းလေးမမွေးပေး၍ ပြစ်တင်ပြောဆိုကာ သူမနဲ့သမီးလေးကို ထားပစ်ခဲ့သည်။
ထိုအချိန် အမျိုးသမီးသည် ရရာအလုပ်ဝင်လုပ်ခဲ့ပြီး သမီးလေးနဲ့ပဲ အဖော်ပြုကာနေလာရင်းနဲ့ နေမကောင်းဖြစ်ကာ သူမရဲ့ခြေထောက်နှစ်ဖက်လုံး လှုပ်ရှားမရတော့ပဲ လေဖြတ်သွားခဲ့သည်။
အမျိုးသမီးခမျာ ကံဆိုးမှုတွေပဲ ဆက်တိုက်ကြုံနေရပေမယ့် ဘဝကိုအရှုံးမပေးပဲ နောက်ဆုံးလမ်းမပေါ် တွားသွားပြီး သမီးလေးနဲ့အတူ ထီလက်မှတ်ရောင်းချရင်း ဝင်ငွေရှာခဲ့သည်မှာ လေးစားဖွယ်ရာကောင်းသည်။
Rain (For Ialinks)
Zawgyi
Rain (For Ialinks)
credit