တဲစုတ်လေးတွင်နေရင်း ထမင်းဖြူထဲ ရေလောင်းပြီး ဝမ်းစာဖြည့်ခဲ့ရသော မြေးအဖွားနှစ်ယောက်၏အဖြစ်
လောကကြီးတွင် ချစ်ကြိုက်သည်နှင့် တစ်ဘဝစာမတွေးပဲ တစ်ခဏတာတွေး ယူခဲ့ကြပြီး ကွဲကြကွာကြနှင့်
ကလေးတွေဘာတွေရှိခဲ့လည်း ဂရုစိုက်မနေပဲ အချို့မှာ အဖိုးအဖွားဆီ အပ်ပြီး ထားခဲ့ကြသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ မိုင်းမျိုးနွယ်စုဖြစ်သော မြေးအဖွားနှစ်ယောက်သည် ကျေးလက်ဒေသရှိ
တဲစုတ်လေးတွင် နေထိုင်ပြီး အားကိုးစရာမရှိ ခက်ခဲကြမ်းတမ်းသော လမ်းများကို လျှောက်လာခဲ့ရသည်။
မြေးလေးသည် စာသင်ကျောင်းတွင် ၃တန်းတက်နေပြီး နေ့စဥ်နေ့တိုင်း ထမင်းဖြူထဲ ရေလောင်းကာ
စားရပြီး များသောအားဖြင့် ပီလောပီကို နံခေါက်ဆွဲလုပ်ပြီး စားရသည်။
အဖွားဖြစ်သူသည် အသက်ကြီးပြီဖြစ်၍ စားဝတ်နေရေးအတွက် နပ်မှန်အောင် မရှာနိုင်တော့ပဲ တစ်ခါတစ်လေ
စားစရာမရှိသည့်နေ့များ၌ ရေသောက်ပြီး အိပ်ခဲ့ကြရသည်။
ကောင်လေးဧ။် မိဘနှစ်ပါးသည် ၂လသားအရွယ်က ကွာရှင်းခဲ့ကြပြီး မိခင်ဖြစ်သူမှာလည်း တာဝန်မယူနိုင်တော့ပဲ အခြားအရပ်သို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။
ကောင်လေးသည် အတန်းပိုင်ဆရာမဖြစ်သူမှ အိမ်အလည်လာခဲ့၍ အကြောင်းစုံကိုသိရပြီး ကူညီသူများအနေနှင့် သိရှိစေရန် လူမှုကွန်ယက်တွင် ဖော်ပြခွင့်ရခဲ့သည်။
crd