တက်သစ်စမင်းသမီးဘဝတုန်းက အနှိမ်ခံခဲ့ရတဲ့ သူမရဲ့နာကျင်စရာအဖြစ်ဆိုးတွေကို ဝမ်းနည်းစွာဖြင့် ဖွင့်ဟလာတဲ့ မြတ်သူသူ

မြတ်သူသူဆိုတာနဲ့အမာခံပရိသတ်တွေရှိထားတဲ့မင်းသမီးတစ်ယောက်ပါ။

 

 

ဇာတ်လမ်းတွဲလေးကနေလူသိများလာခဲ့ပေမယ့်ပရိသတ်တွေချစ်ပြီးအားအေးနေကြတာပါ။

 

 

ယခုမှာဆိုရင်တော့အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါပြီ။

 

 

လူမှုကွန်ရက်မှာလည်းသူမဟာလူသိများသူတစ်ယောက်ပါ။

 

လူမှုကွန်ရက်ကနေလည်းပုံတွေစာတွေတင်ပေးလေ့ရှိတာပါ။

 

အခုမှာလည်းမအောင်မြင်ခင်ကနှိမ်ချဆက်ဆံခံရတဲ့အကြောင်းတွေကိုခုလိုပြောပြခဲ့တာပါ။

 

 

ခွဲခြားဆက်ဆံခံရတဲ့သိမ်ငယ်စိတ်ကို ကိုယ်ချင်းစာတယ် မှတ်မိပါသေးတယ်

 

ကိုယ်သရုပ်ဆောင်လောကထဲ ဝင်ကာစ သူငယ်ချင်းအခန်းကနေ ရိုက်ခွင့်ရတော့ ဇာတ်ဝင်ခန်းတခုမှာ ကိုယ်ကအခန်းထဲအဝင် မင်းသမီးက

 

 

ရည်းစားနဲ့ဖုန်းပြောနေရင်း စိတ်ဆိုးပြီး ဘေးက ခြင်းတောင်းကို ကောက်ပေါက်တဲ့အခန်း ရိုက်ရတယ် ဒါရိုက်တာက ထိစေချင်တာ နှဖူးတည့်တည့်ကို

 

 


မင်းသမီးကလည်း ကြိုးစားပြီး ပစ်ပေါက်ရှာပါတယ် တမျက်နာလုံးနေရာစုံတယ် လိုချင်တဲ့နှဖူးနေရာ မထိဘူး ကိုယ့်မှာ မျက်နာကြီးကို ခဏခဏ ခြင်းတောင်းနဲ့ပစ်ပေါက်ခံရလို့ နာနေပြီ ဒါပေမဲ့ နာတယ် မပြောရဲဘူး ကြောက်တာလေ ၆/၇ ခေါက်လောက်ပေါက်ပြီး နှဖူးထိတော့မှပဲ အဲ့ကဒ်ကို နားတော့တယ်

 

မျက်နာကြီး ရဲနေတဲ့ ကိုယ့်ကို အဆင်ပြေရဲ့လား မေးမယ့်သူမရှိပေမယ့် မင်းသမီးက လက်နာသွားလို့ဆိုပြီး လူးဆေးအသဲအသန်ရှာပေးခဲ့ကြရတာ ခဏခဏခြင်းတောင်းကို မြှောက်ပြီး ပေါက်ရလို့လေ အဲ့တုန်းက ငိုချင်တာ အသံမထွက်ရဲဘူး နောက်ခေါ်မရိုက်တော့မှာ စိုးရိမ်ခဲ့တာလေ

 

 

 

အမြဲမှတ်ထားတယ် ဘဝအစတွေကို

သင်ခန်းစာယူပြီး ကိုယ့်အလှည့် စာနာတတ်တဲ့သူဖြစ်အောင်ပဲ အမြဲကြိုးစားခဲ့တယ် ခုထိလည်း ကြိုးစားနေတုန်းပဲ ဆိုပြီးပြောပြခဲ့တာပါ။

 














Leave a Comment