ကြော်ငြာပိုစတာကြည့်ပြီး အမိုက်စားဖြစ်နေ၍ စားသောက်ဆိုင်ထဲသို့ ဝင်သွားစားသောအခါ ဂျင်းအကြီးစားဖြစ်နေ၍ ကြေကွဲခဲ့ရ

ကြော်ငြာပိုစတာကြည့်ပြီး အမိုက်စားဖြစ်နေ၍ စားသောက်ဆိုင်ထဲသို့ ဝင်သွားစားသောအခါ ဂျင်းအကြီးစားဖြစ်နေ၍ ကြေကွဲခဲ့ရ

စားသောက်ဆိုင်များသည် ဖောက်သည်များ ဆိုင်တွင်ဝင်ရောက်စားသောက်ပြီး အားပေးမှုရရှိအောင် အမျိုးမျိုးသော ပုံစံများဖြင့် လူတို့၏ အာရုံကို ဖမ်းစားဆွဲဆောင်ခြင်းများ ပြုလုပ်တတ်ကြသည်။

သို့ဖြစ်၍ ထိုင်ဝမ်နိုင်ငံမှ စားသောက်ဆိုင်တစ်ဆိုင်သည် ဝယ်သူများအား စိတ်ဝင်စားမှုရှိအောင် ဆိုင်အပြင်တွင် စားပွဲထိုးဝန်ထမ်းကောင်မလေးချောချောပုံကို ပိုစတာကြီးနှင့် ချိတ်ကာ ကြော်ငြာပြထားသည်။

ဖြတ်သွားဖြတ်လာ ဖောက်သည်များလည်း ပိုစတာအား ကြည့်မိပြီး ဆိုင်ထဲတွင် ကောင်မလေးချောချောနှင့် တွေ့ရမည်အထင်နှင့် စိတ်လှုပ်ရှားဖွယ် ဝင်ရောက်စားသောက်ခဲ့ကြသည်။

သို့သော်လည်း ဆိုင်ထဲသို့ရောက်သောအခါ မျှော်လင့်ထားသည့် ကောင်မလေးချောချော မပြောနှင့် ကောင်လေးဝန်ထမ်းတွေသာ မိန်းကလေးတစ်ယောက်လို ဝတ်စားပြီး စားပွဲထိုးဝန်ထမ်းလုပ်ပေးနေသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ကြုံတွေ့ဖူးသော ဖောက်သည်များမှာ အပြင်ပိုစတာကြီးက ကြော်ငြာတစ်ခုသာဖြစ်နေ၍ ကြေကွဲသွားခဲ့ကြသည်။

credit

Leave a Comment