Unicode
အများနှင့်မတူဘဲ ခွေးလေး အကောင် ၂၀ ကို မွေးမြူပြီး အိပ်ရာတစ်ခုထဲတွင် အတူတူအိပ်ကာ ညီအကိုတွေလို နေထိုင်ခဲ့သည့် အမျိုးသား
လူသားအချို့သည် တိရိစ္ဆာန်လေးတွေကို အချစ်ပိုရသောကြောင့် နေအိမ်တွင် အိမ်မွေးတိရိစ္ဆာန်မျိုးစုံကို မွေးမြူကြတာ မြင်ဖူးပေလိမ့်မည်။
သို့သော်လည်း တိဏိစ္ဆာန်လေးတွေကို အစာကျွေးချိန်နှင့် ပျင်းနေချိန်များမှလွဲပြီး အတူတူရှိနေကြလိမ့်မည်မဟုတ်ပေ။
ယခုတွင်တော့ Jack Russell ဆိုသည့် အမျိုးသားတစ်ဦး၏ ခွေးကလေးတွေကို မွေးမြူထားပုံတို့ကြောင့် လူအများကပင် မေးခွန်းထုတ်ခဲ့ကြရသည်။
အမျိုးသားဟာ ခွေးကလေးတွေကို အလွန်ပင်ချစ်နေရသည့်အတွက် ခွေးလေး ၂၀ ကောင်တိတိကို နေအိမ်ထဲတွင် မွေးထားတာဖြစ်ပါတယ်။
ခွေးကလေးအားလုံးနှင့်အတူ အမြဲတမ်းတပူးပူးတွဲတွဲရှိနေပြီး ညီအကိုမောင်နှမများလို အိပ်ခန်းထဲတွင်လည်း အတူတူပင် အိပ်စက်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားဟာ ခွေးကလေးတွေကို အစားပုံမှန်ကျွေးမွေးသည့်အပြင် ဘေးနားကနေ မခွဲစေဘဲ အမြဲအတူရှိနေခဲ့ပါတယ်။
Zawgyi
.
.