အိမ်တွေမွေးထားသော ကြက်များအား အစာကျွေးနေသည့်ပုံလေးကြောင့် မထင်မှတ်ပဲ နာမည်ကြီးလာခဲ့သော မိန်းကလေး၏အဖြစ်
ဗီယက်နမ်နိုင်ငံမှ အသက်၂၈နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တောင်တန်းကျေးလက်ဒေသမှ မွေးဖွားလာခဲ့ပြီး ကျောင်းစာကိုကြိုးစားသင်ယူပြီးနောက် ဘွဲ့တစ်ခုရရှိကာ မြို့ထဲရှိကုမ္ပဏီတွင် စာရင်းကိုင်ဝန်ထမ်းမလေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
မိန်းကလေးသည် ယခင်က ဘတ်စကက်ဘောကစားသမားအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး အလုပ်အကိုင်အတည်တကျရှိသောအခါ အဖွဲ့ထဲမှ ထွက်ခဲ့ပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာရင်းနဲ့သာ အချိန်ကုန်စေခဲ့သည်။
ထို့နောက် မိန်းကလေးသည် အလုပ်ပိတ်ရက်လေးတွေမှာ ပင်ပင်ပန်းပန်းလုပ်နေရသေးသည့် မိခင်ဖြစ်သူအား သက်သာစေရန် အိမ်ပြန်လာပြီး မွေးမြူထားသော ကြက်အကောင်ရေပေါင်း၃၀လောက်ကို အစာကျွေးကူခဲ့သည်။
မိန်းကလေးသည် ထိုသို့အစာကျွေးနေသောပုံလေးအား မြို့ပေါ်က သူငယ်ချင်းတွေကိုပြသရန်အတွက် ဓာတ်ပုံမရိုက်တတ် ရိုက်တတ်နဲ့မိခင်ဖြစ်သူအား ရိုက်ခိုင်းခဲ့ပြီး သူမအကောင့်တွင် မျှဝေခဲ့ရာ မည်သည့်အပြင်အဆင်များမှမပါပဲ အရိုးရှင်းဆုံးပုံစံလေးနှင့် ချစ်စရာကောင်းနေတာကြောင့် အများဧ။်အာရုံစိုက်ခြင်းကို ခံခဲ့ရကာ မမျှော်လင့်ပဲ နာမည်ကြီးလာခဲ့သည်။
Zawgyi
အိမ်တွေမွေးထားသော ကြက်များအား အစာကျွေးနေသည့်ပုံလေးကြောင့် မထင်မှတ်ပဲ နာမည်ကြီးလာခဲ့သော မိန်းကလေးဧ။်အဖြစ်
credit