သတ္တိလည်းမရှိဘဲ ဟန်ပါပါနဲ့ အချင်းချင်းရန်တွေ့ချင်နေကြတဲ့ ခွေးနှစ်ကောင်ရဲ့ ရယ်မောဖွယ်အဖြစ် (ရုပ်သံ)
အခုဖော်ပြပေးမှာက ခွေးနှစ်ကောင်ဟာ ဂိတ်တံခါး ကာထားတဲ့အခါဆို တစ်ကောင်နဲ့တစ်ကောင်ဟောင်နေကြပြီး ဂိတ်တံခါးဖွင့်ပေးလိုက်တော့ ဟောင်သံတွေတိတ်ဆိတ်နေတဲ့ အဖြစ်တွေကို သခင်ဖြစ်သူ Thanyphat Chompoo က ဖမ်းယူခဲ့ပြီး ဆိုရှယ်မီဒီယာပေါ် ဝေမျှခဲ့ရာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီ video လေးဟာ စိတ်ဝင်စားစရာကောင်းသလို ရယ်စရာလည်း ခံစားရပါတယ်။
Video ထဲမှာဆို ၂နှစ်အရွယ် အညှိရောင်Apsinခွေးနှစ်ကောင်ဖြစ်တဲ့ Hemanth နဲ့ Mintraဟာ တကယ့်ကိုလုံးပြီးကိုက်တော့မဲ့ ပုံစံနဲ့ အချင်းချင်းတွေဟောင်နေကြပြီး
ဂိတ်တံခါးဖွင့်ပေးလိုက်တော့ တစ်ကောင်နဲ့တစ်ကောင် မျက်စောင်းထိုးပြီး ကိုက်လည်းမကိုက်ရဲတဲ့ ပုံစံတွေကို မြင်တွေ့နိုင်ပါတယ်။
“Hemanth နဲ့ Mintra တို့က သူတို့ရဲ့ ပါးစပ်ကို ပိတ်မထားတော့ဘဲ တစ်ကောင်နဲ့တစ်ကောင် ကိုက်ဖို့ ပြင်ဆင်နေကြပါတယ်။
ဒါပေမဲ့ တစ်ကောင်နဲ့တစ်ကောင်ကိုက်ဖို့ အခွင့်အရေးပေးလိုက်ရင်လည်း သူတို့တွေမကိုက်ရဲကြပြန်ဘူး။ ဂိတ်တံခါးကာထားတဲ့အခါဆို သူတို့ကသတ္တိကိုယ်စီနဲ့ ဟောင်နေကြတယ်။” ဆိုပြီး Thanyphat က ဝေမျှခဲ့ပါတယ်။
အဲ့ဒီခွေးနှစ်ကောင်ရဲ့ ရသစုံvideoလေးကိုလည်း စာဖတ်ပရိတ်သတ်တွေတွက် ဝေမျှပေးထားပါတယ်။
သတ္တိလည်းမရှိဘဲ ဟန်ပါပါနဲ့ အချင်းချင်းရန်တွေ့ချင်နေကြတဲ့ ခွေးနှစ်ကောင်ရဲ့ ရယ်မောဖွယ်အဖြစ် (ရုပ်သံ)
ရုပ္သံ