ခ်စ္သူရည္းစားရွိသူတိုင္းဖတ္ရန္

ခ်စ္သူရည္းစားရွိသူတိုင္းဖတ္ရန္
ခုေခတ္မွာ ရည္းစားထားဖို႔က ထမင္းစား ေရေသာက္ သေလာက္ သိပ္လြယ္ကူလြန္းပါတယ္။ ေရရွည္တည္ၿမဲေအာင္ ထိန္းသိမ္းသြား ဖို႔ရယ္ ႏွစ္ဖက္စလုံးက သစၥာေစာင္ ့သိတတ္ဖို ႔ရယ္ကမွ
ခက္တာ။

ထစ္ခနဲရွိ ျပတ္ၿပီ ဆိုတဲ့ စကား မေျပာမိဖို႔ရယ္ စစ္မေရာက္ခင္ ျမႇားကုန္ လမ္းခြဲ မသြားဖို႔ ရယ္ကမွ ခက္တာ။ အတူခ်မွတ္ ထားတဲ့ Plan ေတြ ေမ့မသြားဖို႔ရယ္ ေပးၿပီးသား ကတိ ေဖာက္ဖ်က္ မသြားဖို႔ ရယ္ကမွ ခက္တာ။

အခု Propose လုပ္ အခုခ်က္ခ်င္း ခ်စ္သူ ရည္းစားေတြျဖစ္ တစ္ပတ္ တစ္လမၾကာဘူး ကြဲၾကတဲ့ ေခတ္မွာ ကိုယ့္အတြက္နဲ႔ ႏွစ္ရွည္လမ်ား မ်က္ရည္ က်ေပးတဲ႕ခ်စ္သူ ကို တန္ဖိုးထားပါ။

In a Relationships ေတြခ်ိတ္ ေရစက္ကုန္ျပန္ေတာ့ Single ေျပာင္း အခ်စ္ကို စတုဒီသာလို အလႈလုပ္ သေဘာထားေနၾကတဲ့ ေခတ္မွာ ကိုယ္ကလြဲ အျခားသူဆို

ဖြဲနဲ႔ဆန္ကြဲ ေစ့ေစ့မွ မၾကည့္ သစၥာရွိေပးတတ္ တဲ့ ခ်စ္သူကို အရင္က ထက္ 10.ဆ ပိုခ်စ္ေပး ပါ။

လပိုင္းေလာက္တြဲၿပီး Anni ထလုပ္ မေန႔ တစ္ေန႔ကမွ ရည္းစားေတြျဖစ္ ေယာက္်ား မိန္းမေတြ ေခၚေနက်တဲ့ ေခတ္မွာ အခက္အခဲ ဘယ္ေလာက္ ရွိေန ပါေစ ထြက္မသြားဘဲ အနားမွာ ေပကပ္ေနေပး တတ္တဲ့ ရွာမွရွား ခ်စ္သူမ်ဴ ိးကို ဂုတ္ကေနဆြဲ ဖက္ ထားပါ။

Anni ေတြအထပ္ထပ္ ျဖတ္သန္းေပး ခဲ့တယ္ အခက္အခဲ ဒုကၡေပါင္းစုံ အတူ လက္တြဲ ေပးခဲ့တယ္ မရွိအတူ ရွိအတူ မွ်ေဝခံစားေပးခဲ့တယ္ Family ေတြထက္ ေႏြးေထြးမႈ ေပးခဲ့တယ္ ။ ဒီလို ခ်စ္သူမ်ဴ ိး အဆုံးရႈံးခံေတာ့မလို႔လား?

အေအးတစ္ခြက္ ပိုက္ႏွစ္ ေခ်ာင္းတပ္ ႐ိုခဲ့ဖူးတယ္ ထိုင္ခုံတစ္လုံး ႏွစ္ေယာက္ မရမက ထိုင္ဖူးတယ္ နားၾကပ္တစ္ခု ႏွစ္ေယာက္ မွ်နားေထာင္ဖူးတယ္

တစ္ေထာင္တန္ ဖုန္းကဒ္ကို ႏွစ္ေယာက္ခြဲၿပီး သုံးခဲ့ ဖူးတယ္ ဒီေလာက္ နားလည္မႈရွိတဲ့ ခ်စ္သူမ်ဴ ိးကို လက္တြဲျဖဳတ္ေတာ့ မလို႔လား?

မ်က္ႏွာမွာ ဝက္ၿခံေတြ႕ရင္ ဆြဲညႇစ္ ေပးခဲ့တယ္ ။ ေျခသည္း လက္သည္း မ႐ြံမရွာ ထိုင္ညႇပ္ေပး ခဲ့တယ္ ဝါးၿပီးသား ပါးစပ္ထဲက မုန့္ကို စားေပး ခဲ့တယ္

မိုး႐ြာထဲ ဖိနပ္ျပတ္ တဲ့ အခါ ခ်ိတ္နဲ႔ ထိုင္ခ်ဳပ္ေပး ခဲ့တယ္ ဒီလိုအႏြံတာခံ ဂ႐ုစိုက္ေပးတတ္ တဲ့ခ်စ္သူ မ်ဴ ိးကို လမ္းခု လတ္မွာ ခ်န္ထားခဲ့ ႏိုင္ရဲ႕လား?

အခက္အခဲ ေတြၾကားက လက္တြဲျဖဳတ္မသြားဘဲ ေဘးမွ ာရွိေနေပးတာမွ အခ်စ္စစ္ ေခၚတယ္။ လဲက်ေနခ်ိန္ ဥေပကၡာျပဳမသြားဘဲ ေဖးမကူေပးတာမွ အခ်စ္စစ္ ေခၚတယ္။

အဆင္မေျပေနခ်ိန္ ပစ္ပယ္မသြားဘဲ အတူ ရင္ဆိုင္ေပး တာမွ အခ်စ္စစ္ ေခၚတယ္။ ရက္ရွည္လမ်ား တည္ေဆာက္ လာခဲ့တဲ့ အခ်စ္ေရး တစ္ခု ဘယ္လို ပေယာဂေၾကာင့္နဲ႔မွ အပ်က္စီး မခံပါနဲ႔ Forward လုပ္ဖို႔ ပဲေတြးပါ။

ေနာက္တစ္ေယာက္ သင့္ကို သဲသဲလႈပ္ ခ်စ္တယ္ ဆိုတာ သင့္ခ်စ္သူ သင့္ကို စိတ္အႀကီး အက်ယ္နာ ေနသေလာက္ ရွိတာပါ။ ခုလက္ရွိ ခ်စ္သူရဲ႕ ေျခဖ်ားေတာင္ မမွီႏိုင္ ပါဘူးေလ။

ခရက္ဒစ္

ယူနီကုတ္

 

ချစ်သူရည်းစားရှိသူတိုင်းဖတ်ရန်
ခုခေတ်မှာ ရည်းစားထားဖို့က ထမင်းစား ရေသောက် သလောက် သိပ်လွယ်ကူလွန်းပါတယ်။ ရေရှည်တည်မြဲအောင် ထိန်းသိမ်းသွား ဖို့ရယ် နှစ်ဖက်စလုံးက သစ္စာစောင့်သိတတ်ဖို့ရယ်ကမှ
ခက်တာ။

ထစ်ခနဲရှိ ပြတ်ပြီ ဆိုတဲ့ စကား မပြောမိဖို့ရယ် စစ်မရောက်ခင် မြှားကုန် လမ်းခွဲ မသွားဖို့ ရယ်ကမှ ခက်တာ။ အတူချမှတ် ထားတဲ့ Plan တွေ မေ့မသွားဖို့ရယ် ပေးပြီးသား ကတိ ဖောက်ဖျက် မသွားဖို့ ရယ်ကမှ ခက်တာ။

အခု Propose လုပ် အခုချက်ချင်း ချစ်သူ ရည်းစားတွေဖြစ် တစ်ပတ် တစ်လမကြာဘူး ကွဲကြတဲ့ ခေတ်မှာ ကိုယ့်အတွက်နဲ့ နှစ်ရှည်လများ မျက်ရည် ကျပေးတဲ့ချစ်သူ ကို တန်ဖိုးထားပါ။

In a Relationships တွေချိတ် ရေစက်ကုန်ပြန်တော့ Single ပြောင်း အချစ်ကို စတုဒီသာလို အလှုလုပ် သဘောထားနေကြတဲ့ ခေတ်မှာ ကိုယ်ကလွဲ အခြားသူဆို

ဖွဲနဲ့ဆန်ကွဲ စေ့စေ့မှ မကြည့် သစ္စာရှိပေးတတ် တဲ့ ချစ်သူကို အရင်က ထက် 10.ဆ ပိုချစ်ပေး ပါ။

လပိုင်းလောက်တွဲပြီး Anni ထလုပ် မနေ့ တစ်နေ့ကမှ ရည်းစားတွေဖြစ် ယောက်ျား မိန်းမတွေ ခေါ်နေကျတဲ့ ခေတ်မှာ အခက်အခဲ ဘယ်လောက် ရှိနေ ပါစေ ထွက်မသွားဘဲ အနားမှာ ပေကပ်နေပေး တတ်တဲ့ ရှာမှရှား ချစ်သူမျူ ိးကို ဂုတ်ကနေဆွဲ ဖက် ထားပါ။

Anni တွေအထပ်ထပ် ဖြတ်သန်းပေး ခဲ့တယ် အခက်အခဲ ဒုက္ခပေါင်းစုံ အတူ လက်တွဲ ပေးခဲ့တယ် မရှိအတူ ရှိအတူ မျှဝေခံစားပေးခဲ့တယ် Family တွေထက် နွေးထွေးမှု ပေးခဲ့တယ် ။ ဒီလို ချစ်သူမျူ ိး အဆုံးရှုံးခံတော့မလို့လား?

အအေးတစ်ခွက် ပိုက်နှစ် ချောင်းတပ် ရိုခဲ့ဖူးတယ် ထိုင်ခုံတစ်လုံး နှစ်ယောက် မရမက ထိုင်ဖူးတယ် နားကြပ်တစ်ခု နှစ်ယောက် မျှနားထောင်ဖူးတယ်

တစ်ထောင်တန် ဖုန်းကဒ်ကို နှစ်ယောက်ခွဲပြီး သုံးခဲ့ ဖူးတယ် ဒီလောက် နားလည်မှုရှိတဲ့ ချစ်သူမျူ ိးကို လက်တွဲဖြုတ်တော့ မလို့လား?

မျက်နှာမှာ ဝက်ခြံတွေ့ရင် ဆွဲညှစ် ပေးခဲ့တယ် ။ ခြေသည်း လက်သည်း မရွံမရှာ ထိုင်ညှပ်ပေး ခဲ့တယ် ဝါးပြီးသား ပါးစပ်ထဲက မုန့်ကို စားပေး ခဲ့တယ်

မိုးရွာထဲ ဖိနပ်ပြတ် တဲ့ အခါ ချိတ်နဲ့ ထိုင်ချုပ်ပေး ခဲ့တယ် ဒီလိုအနွံတာခံ ဂရုစိုက်ပေးတတ် တဲ့ချစ်သူ မျူ ိးကို လမ်းခု လတ်မှာ ချန်ထားခဲ့ နိုင်ရဲ့လား?

အခက်အခဲ တွေကြားက လက်တွဲဖြုတ်မသွားဘဲ ဘေးမှ ာရှိနေပေးတာမှ အချစ်စစ် ခေါ်တယ်။ လဲကျနေချိန် ဥပေက္ခာပြုမသွားဘဲ ဖေးမကူပေးတာမှ အချစ်စစ် ခေါ်တယ်။

အဆင်မပြေနေချိန် ပစ်ပယ်မသွားဘဲ အတူ ရင်ဆိုင်ပေး တာမှ အချစ်စစ် ခေါ်တယ်။ ရက်ရှည်လများ တည်ဆောက် လာခဲ့တဲ့ အချစ်ရေး တစ်ခု ဘယ်လို ပယောဂကြောင့်နဲ့မှ အပျက်စီး မခံပါနဲ့ Forward လုပ်ဖို့ ပဲတွေးပါ။

နောက်တစ်ယောက် သင့်ကို သဲသဲလှုပ် ချစ်တယ် ဆိုတာ သင့်ချစ်သူ သင့်ကို စိတ်အကြီး အကျယ်နာ နေသလောက် ရှိတာပါ။ ခုလက်ရှိ ချစ်သူရဲ့ ခြေဖျားတောင် မမှီနိုင် ပါဘူးလေ။

Leave a Comment