အများက ထီလက်မှတ်တွေကို တစ်နေကုန်ပင်ပန်းစွာရောင်းချနေရသော်လည်း ကောင်လေးကတော့ ဝယ်ယူအားပေးသည့် ကောင်မလေးတွေကြောင့် ရောင်းမလောက်အောင် စီးပွားဖြစ်နေခဲ့
ထီလက်မှတ်များကို မနက်မိုးလင်းသည့်အချိန်မှ ညမိုးချုပ်ချိန်ထိ ပင်ပန်းစွာပြီး ရောင်းချပြီး ဘဝစားဝတ်နေရေးများကို ကြိုးစားဖြေရှင်းနေရသူများကို လူတိုင်းတွေ့ဖူးကြပေလိမ့်မည်။သိုသော် ထိုင်းနိုင်ငံမှ လူငယ်လေးတစ်ဦးကတော့ ထီလက်မှတ်တွေကို ရောင်းချရာတွင် ချွေးပင်မထွက်ဘဲ နေ့စဥ်ရောင်းမလောက်နိုင်အောင် အခြေအနေကောင်းလေးခဲ့ပါတယ်။
လူငယ်လေးဟာ ခရီးသွားတွေများပြားတဲ့ Chanthaburiတွင် ရောင်းချနေခဲ့ပြီး ခရီးသွားကောင်မလေးတို့၏ ဝယ်ယူအားပေးမှုကြောင့် အချိန်ခဏတွင်း၌ ရောင်းကုန်နေခဲ့တာဟုသိရပါတယ်။
အများနှင့်မတူဘဲ အောင်မြင်သည့်လုပ်ငန်းတစ်ခုကို ရွေးချယ်နိုင်ခဲ့သော လူငယ်လေး၏ စီးပွားရေးအကွက်မြင်ပုံကို အတော်လေးချီးကျူးစရာကောင်းနေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)