ပိုက်ဆံမရှိသဖြင့် ဇနီးသည်ကထားခဲ့ပြီး နေစရာအိမ်မရှိသည့်နောက်တွင် တွန်းလှည်းလေးပေါ်မှာ သားနှစ်ယောက်ကိုတင်ပြီး မြို့အနှံလျှောက်သွားကာ အမှိုက်ကောက်နေခဲ့သည့် ဖခင်တစ်ဦး

ပိုက်ဆံမရှိသဖြင့် ဇနီးသည်ကထားခဲ့ပြီး နေစရာအိမ်မရှိသည့်နောက်တွင် တွန်းလှည်းလေးပေါ်မှာ သားနှစ်ယောက်ကိုတင်ပြီး မြို့အနှံလျှောက်သွားကာ အမှိုက်ကောက်နေခဲ့သည့် ဖခင်တစ်ဦး

မိဘတို့၏မေတ္တာရိပ်အပြည့်ရှိသူတို့သည် လောက၏မည်မျှပင်ကြမ်းတမ်းလှသော အခက်အခဲများရှိနေပါစေ သားသမီးတို့ကို စွန့်ပစ်ရန်စိတ်ကူးမရှိကြပေ။သားသမီးတို့၏ ဘဝတွက်ကျရောက်မည့်ဒုက္ခတွေကို သိရှိရက်နှင့်စွန့်ပစ်ခဲ့ရသူတို့သည် လူစိတ်မရှိသော မိဘများဟုပင် ဆိုရမှာဖြစ်ပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင်နေထိုင်သော မိခင်တစ်ဦးသည် မိသားစု၏စားဝတ်နေရေးအဆင်မပြေမှုကို ရင်ဆိုင်လိုခြင်းမရှိသဖြင့် တစ်ယောက်တည်းကိုယ်လွတ်ရုန်းကာ ထွက်သွားခဲ့ပါတယ်။

ထို့ကြောင့် ဖခင်ဖြစ်သူဟာ ကျန်ရစ်ခဲ့သော သားနှစ်ယောက်နှင့်အတူ တွန်းလှည်းလေးပေါ်မှာ နေထိုင်ခဲ့ရပါတယ်။စားဝတ်နေရေးအတွက်လည်း သားနှစ်ယောက်ကိုတွန်းလှည်းပေါ်တင်ကာ မြို့အနှံလျှောက်သွားရင်း အမှိုက်ကောက်နေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

 

Zawgyi

 





Shoon (Cele Daily)

credit

Leave a Comment